ခဏခဏအိပ်ချင်တဲ့စိတ်ကိုဘယ်လိုရပ်တန့်ရမလဲ
ခဏခဏအိပ်ချင်နေတတ်တဲ့ကိုယ်လိုလူတွေအတွက် ကိုယ်ချင်းစာပြီးရေးတယ်ဆိုလည်း မမှားပါဘူး…အဲ့လဲ့…ဆိုတော့ ကိုယ့်ရဲ့အချိန်တွေတော်တော်များများကို အိပ်ချင်စိတ်တွေကဖုံးလွှမ်းနေပြီဆိုရင်တော့ ဒီအရာလေးတွေလုပ်ကြည့်ပြီး ယူတို့ရဲ့မချိန်ခါမသင့်ဖြစ်ပေါ်လာတဲ့ ခဏခဏ အိပ်ချင်စိတ်တွေကို ရပ်တန့်ပစ်နိုင်ကြရအောင်…
Unicode
ခဏခဏအိပ်ချင်နေတတ်တဲ့ကိုုယ်လိုလူတွေအတွက် ကိုယ်ချင်းစာပြီးရေးတယ်ဆိုလည်း မမှားပါဘူး…အဲ့လဲ့…ဆိုတော့ ကိုယ့်ရဲ့အချိန်တွေတော်တော်များများကို အိပ်ချင်စိတ်တွေကဖုံးလွှမ်းနေပြီဆိုရင်တော့ ဒီအရာလေးတွေလုပ်ကြည့်ပြီး ယူတို့ရဲ့မချိန်ခါမသင့်ဖြစ်ပေါ်လာတဲ့ ခဏခဏ အိပ်ချင်စိတ်တွေကို ရပ်တန့်ပစ်နိုင်ကြရအောင်…
(၁) မနက်ပိုင်းအားကစားတစ်ခုပုံမှန်လုပ်ပါ။ အားကစားတစ်ခုကိုပုံမှန်စွဲလုပ်ခြင်းဟာ တစ်နေ့တာလုံးကို လန်းဆန်းမှုအပြည့်နဲ့ဖြတ်သန်းနိုင်အောင်များစွာကူညီပေးပါတယ်။ဒါကြောင့်မနက်စောစောထရမှာတော့ပျင်းစရာကောင်းပင်မဲ့လည်းကြိုစားထပြီးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့တစ်နေ့တာလုံးအိပ်ချင်စိတ်တွေကင်းဝေးပြီးလန်းဆန်စေမှာပါ။
(၂) တစ်နေ့တာအလုပ်လုပ်ချိန်မှာ စိတ်ခွန်အားတစ်ခုခုဖြစ်စေမဲ့အရာတစ်ခုခုတွဲလုပ်ပါ။ ဥပမာ-သီချင်းလေးနားထောင်ပြီးလုပ်တာမျိုး၊ သီချင်းလေးညီးပြီးလုပ်တာမျိုးပေါ့။ပုံသေကြီးအလုပ်ပဲထိုင်လုပ်နေရင်အိပ်ချင်စိတ်တွေဝင်လာနိုင်တာမလို့ ကိုယ့်စိတ်ကိုခွန်အားဖြစ်စေမဲ့အရာတစ်ခုခုကိုတွဲလုပ်ပြီး အိပ်ချင်စိတ်တွေကိုရပ်တန့်ပါ။
(၃) ရေများများသောက်ပါ။ ခန္ဓာကိုယ်မှာလည်းရေဓာတ်လုံလောက်စွာမရရှိရင် ခဏခဏအိပ်ချင်တတ်တယ်ဆိုတာမယုံမရှိပါနဲ့။
(၄) အစားစားပြီးရေတစ်ဝကြီးသောက်တာမျိုးကို မလုပ်သင့်ပါဘူး။ အထူးသဖြင့်ပြည့်ဝတဲ့နေ့လည်စာကို စားပြီးတဲ့အခါမှာ တော့ရေတစ်ဝကြီးသောက်လိုက်မိရင်ဖြင့်တစ်နေ့လုံးလူကြီးကထိုင်မှိုင်းပြီးအိပ်ချင်နေတော့မှာအသေချာပါပဲ။ ဒါကြောင့်အစားများကြီးစားပြီးချိန်မှာ ရေတဝကြီးသောက်တာမျိုးကိုလျော့ပါ။
(၅) ကိုယ်စိတ်ဝင်စားတဲ့အရာတွေနဲ့အချိန်ကုန်ပါ။ တစ်နေ့တာကိုဖြတ်သန်းတဲ့အခါ လူတစ်ယောက်ဟာ ကိုတကယ်စိတ်ဝင်စားနေတဲ့အရာစိတ်ပါဝင်စားလုပ်နေတဲ့အရာတွေနဲ့ဆို အိပ်ချင်စိတ်ကပျောက်နေတတ်ကြပါတယ်။ ဒါကြောင့်အလုပ်လုပ်တဲ့နေရာမှာ တစ်သတ်မတ်ကြီးမဟုတ်ပဲ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေနဲ့စိတ်အားထက်သန်စွာလုပ်ဆောင်ရင်း
အိပ်ချင်စိတ်တွေကိုရပ်တန့်ပစ်နိုင်ကြပါစေ…
480 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.