ဆံပင်အရောင်အလန်းတွေမပြောင်းခင် ဒါလေးတွေတော့သေချာပေါက်သိဖို့လို

ခုခေတ်ကလည်းအရင်ခေတ်လိုမဟုတ်တော့ပါဘူး။အရင်ကဆိုဆံပင်အရောင်ဆိုးမယ်ဟေ့ဆိုရင် ရွှေရောင်ဆိုးမလား၊အနီရောင်ဆိုးမလား၊crazy color တွေပဲသတ္တိရှိရှိဆိုးချလိုက်မလား။ဒါပဲရွေးစရာရှိတာပါ။ခုခေတ်မှာတော့ Pink Ombre တို့ မီးတောက် color တို့ Taylor Swift Blonde တို့ shades တွေကလည်းများပါဘိခြင်း။အရင်ခေတ်ကလိုရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ကလည်းကိုယ်ဖြစ်ချင်တာကိုယ်ပြော၊အလှပြင်ဆိုင်ကလည်း သူထင်တဲ့အရောင်သူဆိုးပေးလိုက်၊ဟော ..အရောင်ကြီးကရင့်သွားပလား.. “ခေါင်းလျှော်လိုက်ရင် အရောင်ကပြေသွားမှာညီမလေးရဲ့ တစ်ပတ်နှစ်ပတ်ပဲသည်းခံနော်”ဆိုပြီး ပိုက်ဆံလေးအေးအေးလူလူယူပစ်လိုက်တာပဲ။ဟုတ်တယ်လေ.. ခေါင်းလျှော်မှတော့ တော်တန်ရုံအရောင်ကမပြေပဲခံနိုင်ရိုးလား။ Taylor Swift အကောက်လေးနဲ့အရောင်လေးလိုချင်လို့သွားပါတယ်၊ အဝါရောင်တောက်တောက်ကြီးဆိုးပေးလိုက်ပြီး (ဆေးကုန်သက်သာအောင်)ခပ်တိုတိုညှပ်ပစ်လိုက်လို့ 50 W အား မီိးလုံးကြီးခေါင်းပေါ်တင်ထားတာနဲ့တူသွားတာလည်းရှိရဲ့..ပြောရင်လည်းရန်ဖြစ်ရမှာမဟုတ်လား ဒီတော့ အသာလေးပါးစပ်ပိတ်ပြန်လာပြီး အိမ်ရောက်မှ ခေါင်းအုံးလေးကိုက်ပြီးငိုရတာလည်းရှိသပေါ့။ ဒါပေမယ့် ခုခေတ်ကတော့ အရာရာပြောင်းလဲသွားပြီဆိုသလို တော်တန်ရုံအလှပြင်ဆိုင်တွေကလည်း ခေတ်မီလာပါပြီ။ ဒီတော့ ဆံပင်အရောင်ခပ်လန်းလန်းတွေအလွယ်တကူပြောင်းချင်သူတွေအတွက်လည်းအင်မတန်မှလွယ်ကူလာပြီိပေါ့။ ဒါပေမယ့် ဆံပင်အရောင်မဆိုးခင် သေချာပေါက်သိထားသင့်တဲ့အချက်တွေကရှိပါသေးတယ်။အဲဒါတွေကတော့….

 

ဆံပင်အရောင်မှန်သမျှကအလွယ်တကူမှိန်ဖျော့သွားနိုင်ပါတယ်

သင်ကဆံပင်အရောင်ပြောင်းလိုက်ပြီး ခေါင်းလျှော်ရည်တို့ ပျော့ဆေးတို့ကိုပုံမှန်သုံးနေကျဟာတွေပဲဆက်သုံးနေမယ်ဆိုရင်သင့်ဆံပင်အရောင်က အလွယ်တကူမှိန်ဖျော့သွားမှာအသေအချာပါပဲ။သင်ဆိုးထားတဲ့အရောင်ကိုအမြဲလိုလိုပံ့ပိုးပေးနေမယ့် Shampoo မျိုးပြောင်းသုံးပေးရမှာပါ။ ပြောချင်တာက ပိုက်ဆံက သင်ထင်ထားတာထက်ပိုကုန်ပါလိမ့်မယ်။

 

အလှပြင်ဆိုင်ကိုချောင်းပေါက်အောင်သွားဖို့အဆင်သင့်ဖြစ်ပြီလား

သင်ဆိုးထားတဲ့အရောင်ပေါ်မူတည်ပြီိး သင့်ဆံပင်ကိုအမြဲတမ်းလှပနေအောင် styling လုပ်ရမှာတွေ၊လိုအပ်ရင် အရောင်ပြန်ချရမှာတွေ ရှုပ်ရှက်ခတ်နေအောင်လုပ်ရပါလိမ့်မယ်။ တကယ်လို့သင့်ဆံပင်က ဘာမှသိပ်ပြီးပြင်ဆင်ဖို့မလိုအပ်ရင်တောင် ပိုက်ဆံလိုချင်တဲ့ အလှပြင်ဆိုင်တွေက ဟိုပြောဒီပြောနဲ့ တစ်ခုခုတော့အမြဲလုပ်ခိုင်းနေမှာပါ။သင်ကအားနာတတ်တယ်ဆိုရင်တော့ပြီးပါလေရော။ပြောချင်တာက အချိန်လည်းပိုကုန်မှာအမှန်ပါပဲ။

 

သင်လိုချင်တဲ့ဆံပင်အရောင်အတိအကျကို ယူသွားပါ

Saloon ကိုသွားရင် သင်လိုချင်တဲ့ဆံပင်အရောင်အတိအကျကို ဓာတ်ပုံပဲဖြစ်ဖြစ်ရှာပြီိးသေချာပေါက်ယူသွားသင့်ပါတယ်။ ဖုန်းထဲကရှာလိုက်လည်းဖြစ်ပါတယ်။ မဟုတ်ရင်တော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း Taylor Swift အရောင်လေးဆိုးပေးပါဆိုရင် မီးလုံးကြီးနဲ့တူအောင်အဝါရောင်တောက်တောက်ကြီးဆိုးချလိုက်တဲ့အဖြစ်မျိုးကြုံရနိုင်ပါတယ်။

 

ဆံပင်ဆိုးတာထက် Highlights ဖောက်တာကပိုကောင်းမွန်တဲ့ရွေးချယ်မှုပါ

ဆံပင်ဆိုးချလိုက်တာထက် Highlights ဖောက်လိုက်တာကပိုကောင်းပါတယ်။သင့်ဆံပင်ကို အရမ်းကြီိးလည်းအရောင်ပြောင်းမသွားစေပဲ ဆံပင်အရင်းတွေရှည်ထွက်လာရင်လည်းရုပ်ပျက်ဆင်းပျက်ကြီးဖြစ်မသွားစေပါဘူး။ ဒါ့အပြင်ဆံပင်ဆိုးထားသလိုလည်း ဆံပင်ကိုအချိန်ပြည့်ဂရုစိုက်နေစရာမလိုတာမို့ အလုပ်များသူတွေအတွက်တော့Highlights ဖောက်တာကသင့်တော်တဲ့ရွေးချယ်မှုပါပဲ။

 

ဆံပင်မဆိုးခင်ခေါင်းလျှော်ပါ

ဆိုးပြီးရင်လည်းလျှော်ရမှာပဲဆိုတာမျိုးမလုပ်ပါနဲ့ ။ဆံပင်ပေါ်မှာကပ်ငြိနေတဲ့ဖုန်တွေအညစ်အကြေးတွေကင်းစင်မှသာ အရောင်ကဆံသားထဲကိုတိုက်ရိုက်ဝင်နိုင်ပြီး အရောင်လည်းစွဲမှာပါ။မဟုတ်ရင် ဖုန်တွေအညစ်အကြေးတွေကတစ်လွှာခံနေတာကြောင့် ဆေးဆိုးပြီး ခေါင်းလျှော်လိုက်ရင်ကိုယ်လိုချင်တဲ့အရောင်နဲ့ကွဲနေတာမျိုးတွေဖြစ်တတ်ပါတယ်။

 

ဆေးမဆိုးခင် အရင် test လုပ်ပါ

ဆေးဆိုးပေးမယ့်သူကမလုပ်ရင်လည်းကိုယ်ကလုပ်ပေးဖို့သတိပေးပါ။ အချို့ဆိုးဆေးတွေက Allergic ဖြစ်စေတာမျိုးတွေရှိပါတယ်။ကိုယ်နဲ့မတည့်ရင် အရေကြည်ဖုတွေထွက်တာလိုမျိုးတွေ ဖြစ်တတ်ပြီးကံဆိုးရင် ဦးနှောက်ကိုပါဒုက္ခပေးနိုင်တာကြောင့် ဆေးမဆိုးခင်ဂုတ်အနောက်ပိုင်းလောက်မှာ ဆေးအနည်းငယ်တင်ပြီး ဆယ်မိနစ်လောက်စောင့်ကာစမ်းကြည့်တာမျိုးလုပ်သင့်ပါတယ်။

 

အနီရောင်မဆိုးခင် နှစ်ခါပြန်စဉ်းစားဖို့လိုပါတယ်

ဆံပင်အနီရောင်ဆိုးချင်သူတွေကအများကြီးမရှိပါဘူး။ဒါပေမယ့် အနီရောင်ဆိုတာက ကိုင်တွယ်ထိန်းချုပ်ဖို့အခက်ခဲဆုံးအရောင်ဖြစ်ပါတယ်။ အနီရောင်ဆိုးမယ်ဆိုရင် ကိုယ်နဲ့ perfect look ရဖို့အခဲယဉ်းဆုံးအရောင်ဖြစ်သလို မလိုချင်တော့ရင်လည်း ချွတ်ဖို့အခက်ခဲဆုံးအရောင်ဖြစ်တဲ့အပြင် အခန့်မသင့်ရင် ဆိုးပြီးသိပ်မကြာခင်အခြားအရောင်ကိုပြောင်းသွားတတ်တာမျိုးတွေ၊မှိန်သွားတတ်တာမျိုးတွေလည်းရှိတာကြောင့် အနီရောင်ကတော့တတ်နိုင်သမျှလက်ရှောင်သင့်တဲ့အရောင်တွေထဲမှာပါဝင်ပါတယ်။

 

ဒါလေးတွေကတော့ ဆံပင်အရောင်ဆိုးဖို့စဉ်းစားနေသူတွေ ခပ်လန်းလန်းအရောင်လေးတွေပြောင်းချင်သူတွေအနေနဲ့ ကိုယ့်အလှအပအတွက်အရေးကြီိးတဲ့ဆုံးဖြတ်ချက်ကိုမချခင်သေချာပေါက်သိသင့်တဲ့အချက်လေးတွေဖြစ်ပါတယ်။ ကိုယ့်လိုပဲဆံပင်ဆိုးဖို့စဉ်းစားနေတဲ့သူငယ်ချင်းတွေရှိရင် Mention ခေါ်ပြီးသတိပေးလိုက်ပါဦး။ အလှအပဆိုတာအတူမျှဝေခံစားရင်ပိုလှပသတဲ့။

 

Unicode Format

 

















 

205 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.