မိုးရာသီမှာဒီလိုချစ်စရာကောင်းတဲ့ Datingလေးတွေဖန်တီးလိုရတယ်ဆိုတာ ယူတို့သိပါသလား :-P
Unicode
အဲ့လဲ့…RS လေးတွေသိပ်စိတ်ဝင်စားသွားကြမှာကိုယ်သိနေတယ်။ အခုလိုမိုးတွင်းရာသီမှာ ချစ်သူရည်းစားတွေအတွက်Dateစရာနေရာကအင်မတန်ရှားပါးနေမှာအသေချာပါပဲ။ဟိုနေရာသွားလည်း မိုးမိ ဒီနေရာDateလည်းမိုးမိနဲ့ မိုးရှောင်ရတာနဲ့ပဲသတိရစိတ်တွေကိုထိန်းချုပ်ပြီး ရာသီဥတုကောင်းမဲ့ချိန်ကို စောင့်နေကြရတဲ့ တစ်ချို့အတွဲတွေရှိကြမှာပါ။ဆိုတော့ အခုလိုမိုးတွင်း မလို့ မတွေ့ရတာများပြီး ထိုင်လွမ်းနေရမှာကို တွေးပူမနေပဲ မိုးတွင်းမှာလည်းဒီလိုချစ်စရာကောင်းတဲ့ Datingလေးတွေဖန်တီးလို့ရတယ်ဆိုတာသတိရလိုက်ပါ….
ဘယ်လိုDating မျိုးလေးတွေပါလိမ့်???
-ရုပ်ရှင်ရုံမှာစိတ်ဝင်စားစရာကောင်း၊ ကြောက်မက်ဖွယ်ရာကောင်း၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ကားမျိုးကို ရွေးပြီးသွားကြည့်ပါ။ အခုလိုမိုးတွင်းရာသီမှာ ကိုယ့်ချစ်သူနဲ့တူယှဉ်တွဲပြီးရုပ်ရှင်ကြည့်ရတာလည်းFeel တစ်မျိုးပါပဲ။ကြည့်မယ်ဆိုရင်တော့ လွမ်းစရာဆွေးစရာကားတွေထက်စိတ်လှုပ်ရှားရင်ခုန်စရာဇာတ်ကားတွေကို ကြည့်ရင်းပျော်ရွှင်စရာအချိန်လေးတွေကိုဖန်တီးယူပါ။
-မုန့်တူတူလုပ်စားပါ။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် စုပြီး အိမ်တစ်အိမ်မှာ မုန့်တူတူလုပ်စားပါ။ တစ်ယောက်တစ်လှည့်ဝိုင်းလို့ကူပြီး မုန့်လုပ်စားရင် မိုးတွင်းရာသီကို အိမ်ထဲကနေခံစားရတာဟာသိပ်ကောင်းတဲ့ခံစားမှုတစ်ခုဆိုတာယူတို့သိလာပါလိမ့်မယ်။ အထူးသဖြင့်ကိုယ့်ချစ်သူနဲ့ဆိုရင်ပေါ့။
-သီချင်းသွားဆိုပါ။ မိုးတွင်းဆိုတော့မိုးလုံလေလုံနေရာတွေမှာပဲဒိတ်ဖို့ပိုပြီးအဆင်ပြေတာမလို့ မိသားစုKTV လိုနေရာမျိုးမှာ ပျော်ပျော်ရွှင်ရွှင်သီချင်းသွားဆိုရင်း ချစ်စရာကောင်းတဲ့အချိန်လေးတွေကိုဖန်တီးပါ။ မိုးလည်းမဆိုတဲ့အပြင်မိုးလုံလေလုံနဲ့သီချင်းလေးဆိုရင်းအေးဆေးDateလို့ရပါတယ်။
-Hot Potသွားစားပါ။ ဟီးးးးဒါကတော့ကိုယ်အကြိုက်ဆုံးအချက်ပါပဲ။ နွေရာသီလိုပူပူလောလောရာသီမှာလိုချွေးတပြိုက်ပြိုက်နဲ့ စားနေရတာမျိုးမဟုတ်ပဲ အပြင်ကအေးစက်တဲ့ရာသီဥတုလေးကြောင့် အရည်ပူပူလေးကို တစ်ယောက်အတွက်တစ်ယောက်မှုတ်ပေးရင်း Hot Pot လေးစားရင်းနဲ့လည်းမိုးရာသီမှာ Ro စရာအချိ်န်လေးကိုဖန်တီးလို့ရပါတယ်။
ကဲကဲ ပြောနေတာကြာတယ် အပေါ်ကအချက်လေးတွေကို ဖတ်ပြီး မိုးတွင်းမှာချစ်ချစ်တွေနဲ့Dateလုပ်ချင်လာပြီဆိုရင် တော့ ချက်ချင်းသာပြေးDateလိုက်ကြတော့နော်။ ဒါမျိုး Ro စရာအချိန်လေးတွေကမိုးတွေမှာပိုပြီးအဆင်ပြေတာမလို့ မိုးတွင်းလေးမကုန်ခင်မြန်မြန်Roလိုက်ကြပါစို့…
224 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.