ဒီ သစ်သီးရောင်စုံခေါင်းလေးတွေပါတဲ့ အရုပ်ကလေးတွေဟာ စတော်ဘယ်ရီပုံ၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ဖရဲသီးပုံ စတဲ့ သစ်သီးပုံစံလေးတွေနဲ့ ဈေးကွက်ကို တဖွဲဖွဲဝင်လာနေပါတယ်။ ဒီအရုပ်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတု ပစ္စည်းတွေပါဝင်နေရုံမက အမျိုးသားတွေ မျိုးမအောင်ခြင်းနဲ့ ၊ မွေးလာမယ့်ကလေး ပုံပန်းပျက်မှု၊ချို့ ယွင်းနိုင်မှု စတဲ့ အန္တရာယ်တွေပါ ရှိနေပါတယ်။ ဒီသစ်သီးပုံခေါင်း တွေနဲ့ အရုပ်လေးတွေမှာ အန္တရာယ်အလွန်ကြီးမားတဲ့ phthalates ပါဝင်မှုကြောင့် အခုအခါ ပြန်လည်သိမ်းဆည်းနေပြီဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ Gillingham မြို့  ဆိုင်တစ်ဆိုင်မှာ မကြာမီက စတင်တွေ့ ရှိခဲ့ရတဲ့ ဒီအရုပ်တွေကို ဥရောပတစ်ခွင် ဖြန့် ချိခွင့်ပိတ်ပင်လိုက်ပါပြီ။ မတ်ဝေးကောင်စီပို့ ကုန်အကဲဖြတ်အဖွဲ့ က အိုင်ယန်ဂေးလ်မိုးလ် က ဒီအရုပ်တွေထဲက လေးရုပ်ကို စစ်ဆေး ကြည့်တဲ့အခါမှာ ဓာတုပစ္စည်းတွေပါဝင်နေတယ်လို့ BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ ဒါဟာ စဉ်ဆက်မပြတ်ဖြစ်နေမယ့် ပြသနာပါပဲ။ အထူးသဖြင့် အခုလို ခရစ်စမတ်အချိန်မှာပေါ့။ ဒီအရုပ်တွေဟာ လက်ဆောင်ပေးချင်စရာအကောင်းဆုံး ပုံစံတွေ ဖြစ်နေတယ်လေ။"
ဒီအရုပ်တွေ လက်ဝယ်ရှိနေတဲ့ ဖြန့် ချိသူတွေကို ချက်ချင်းပြန်လည်အပ်နှံဖို့ တိုက်တွန်းလိုက်ပြီး အချိန်မီပြန်လည်အပ်နှံမှုမရှိရင် ကစားစရာအရုပ်စံချိန်ဥပဒေအရ ထောင်ဒဏ် ခြောက်လနဲ့ ဒဏ်ငွေ ပေါင် ၅၀၀၀ ပေးဆောင်ရမယ်လို့ ကြေငြာလိုက်ပါတယ်။
ဒါကြောင့် ခရစ်စမတ်ကာလမှာ လက်ဆောင်ပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အဆင့်အတန်းမမီ၊ အန္တရာယ် ဖြစ်စေနိုင်မယ့် အရုပ်တွေကို ရှောင်ရှားဖို့ အကြံပေးလိုက်ရပါတယ်။