ကိုယ့်ကိုမြင်တာနဲ့ ခေးတွေကြိတ်ကြွေစေမယ့် လျှို့ ဝှက်ချက်က ဘာဖြစ်မလဲ… ?

လျှို့ ဝှက်ချက်ကိုအရင်မဖတ်ခင် ဒါလေးဖြေကြည့်ပါဦး… ယောက်ျားတစ်ယောက်ကို မြင်ရင်
မိန်းကလေးတွေအနေနဲ့ ဘာကိုအရင်ဆုံးကြည့်လဲ .. 😂 သိပံ္ပပညာရှင်တွေ စစ်တမ်းကောက်ကြည့်သလောက်တော့ မိန်းကလေးတွေဟာ ခြေတံရှည်တဲ့ ယောက်ျားလေးကို ပိုကြည့်သတဲ့။

Related image

အွန်လိုင်းစမ်းသပ်ချက်အရ အမေရိကန်အမျိုးသမီး ၈ဝဝကျော်ကို ယောက်ျားလေးတွေနဲ့ပတ်သတ်
ပြီး သူတို့ဘာကိုသဘောကျဆုံးလဲလို့ မေးကြည့်တော့ ခြေတံရှည်တာကိုကြိုက်တယ်လို့ အများဆုံး
ဖြေကြပါတယ်။ ဒါပေမယ့် အရမ်းရှည်တာမျိုးကြီးတော့ မဟုတ်ဘူးပေါ့လို့ ကိန်းဘရစ်ရှ် တက္ကသိုလ်
မှ စာရေးဆရာ Thomas Versluys က ဆိုပါတယ်။

အသက် ၁၉မှ ၇၆နှစ်ထိ အမျိုးသမီးတွေမှာ ယောက်ျားတွေနဲ့ပတ်သတ်ပြီး အမြင်အမျိုးမျိုးတော့
ရှိပေမယ့် ယောက်ျားတစ်ယောက်မှာ ရုပ်ချောတာ၊ မချောတာထက် ခြေတံရှည်တာက ပိုအဓိကကျတယ်လို့ ဆိုကြပါတယ်။ ဆိုလိုတာက ခြေတံရှည်ရင် သူတို့မျက်လုံးထဲ အလိုလိုဆွဲဆောင်မှုရှိပါတယ်။

Image result for man smart leg

ခြေထောက်မရှည်ပဲ လက်တံကြီးရှည်နေရင်လည်း အမျိုးသမီးတွေက သဘောမကျကြပြန်ဘူးတဲ့။
ခြေတံရှည်တာက ပိုကြည့်ကောင်းတယ်ဆိုပဲ။ ယောက်ျားဆိုတဲ့ လက္ခဏာမှာတော့ အရပ်မြင်မြင့်၊ ဘော်ဒီတောင့်တောင့် (ဗလကြီးတွေ ကျစ်ထွက်နေတာမျိုးမဟုတ်) ဒါလေးတွေပြည့်စုံနေရင်တောင် မိန်းကလေးတွေရဲ့ အမြင်မှာ ထင်းခနဲနေပါတယ်။

Related image

ခြေတံရှည်တဲ့ လက္ခဏာဟာ လုံလောက်တဲ့အာဟာရရှိတယ်။ ကျန်းမာရေးကောင်းတယ်လို့ အဓိပ္ပာယ်ရပါတယ်။ တကယ်လို့ သင့်မှာ ခြေတံရှည်ကို မပိုင်ဆိုင်ထားရင်လည်း ရေကူး၊ ဘားခို စတဲ့ အားကစားတွေ လိုက်စားလို့ရပါသေးတယ်။ ဖိုက်တင်းနော် … ဒါကြောင့် သင့်ကိုမြင်မြင်ချင်း မိန်းခေးတွေကြွေစေမယ့် လျှို့ ဝှက်ချက်ကတော့ ခြေတံရှည်ကို ပိုင်ဆိုင်ထားနိုင်ဖို့ပဲလိုပါတယ် … ✌

194 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.