နောက်ဆုံးတော့ စင်ကာပူကိုရောက်ရှိလာတော့မယ့် တောင်ကိုရီးယား မိတ်ကပ် brand ”Pony Effect”

မိတ်ကပ် artist Pony (Park Hye Min) ကတော့ သူမ make up brand ကို အာရှတစ်ခွင်
ထိုးဖောက်ဖို့အတွက် ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်ပါပြီ။

Image result for Pony Effect

အင်စတာဂရမ်မှာ followers ပေါင်း ၅.၂သန်းနဲ့ YouTube channel မှာ ပရိတ်သတ်ပေါင်း ၄သန်းကျော်ကို ပိုင်ဆိုင်ထားတဲ့ မိတ်ကပ် artist တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ CL ရဲ့ ပင်တိုင်မိတ်ကပ် artist လို့လည်းသိရပါတယ်။

Image result for Pony Effect

အသက်(၂၆)နှစ်သာရှိသေးတဲ့ Pony ရဲ့အောင်မြင်ချက်ကတော့ “Pony Effect” ဆိုတာနဲ့
မိန်းကလေးတိုင်း တန်းသိရလောက်အောင်နာမည်ကြီးတာပါ။ အခုဆို ကမ္ဘာလုံးဆိုင်ရာ မိတ်ကပ်
ကုမ္ပဏီဖြစ်တဲ့ ”Memebox” နဲ့ အတူလက်တွဲလုပ်ဆောင်တော့မှာဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာလည်း review အင်အားက တော်တော်ကောင်းတာမို့ သူမရဲ့ပစ္စည်းဆို အားလုံး
က ယုံကြည်စွာနဲ့သုံးစွဲချင်ကြတာဖြစ်ပါတယ်။ ဈေးကတော့ ကိုရီးယားနိုင်ငံက အခြားနာမည်ကြီး
brand တွေနဲ့အတူ အပြိုင်ရှိနေပါတယ်။

Related image

အရင်တုန်းက Pony Effect ဟာ တောင်ကိုရီးယားက ဆိုင်တစ်ချို့ နဲ့ အွန်လိုင်းဆိုက်တွေမှာသာ
မှာယူဝယ်လို့ရပါတယ်။ အခု စင်ကာပူမှာဆို အွန်လိုင်းရှော့တွေဖြစ်တဲ့ Lazada နဲ့ Airfrov တို့မှာ ဝယ်ယူလို့ရနေပါပြီ။ တဖြည်းဖြည်းနဲ့တော့ အာရှဈေးကွက်မှာ Pony Effectကို တိုးချဲ့သွားမယ်လို့ သိရပါတယ်။ အောက်ဖော်ပြပါ ပစ္စည်းတွေတော့ စင်ကာပူမှာ လက်တလောရရှိနေပြီလို့သိရပါတယ်။

Coverstay Cushion Foundation (4 shades, $59.90)

Everlasting Cushion Foundation

Defense Longwear Cushion (4 shades, $65.90)

Conceptual Eyes Quads (4 shades, $49.90)

Enamellic Glossy Lip (8 shades, $31.90)

27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.