Single Life ကုိစြန္႔ခြာျပီး အခ်စ္ကုိရွာေတာ့မယ္ဆုိရင္ ဒါေလးေတြကသင့္အတြက္အသံုး၀င္မွာပါ 😉

အေၾကာင္းျပခ်က္တစ္ခုခုေၾကာင့္ျဖစ္ေစ၊တစ္ျခားအေၾကာင္းအရာေတြေၾကာင့္ျဖစ္ေစ တစ္ေယာက္တည္းျဖစ္ေနတာအရမ္းၾကာခဲ႔ျပီ။အခ်စ္ကုိလည္းရွာခ်င္ေနျပီဆုိရင္ ဒီနည္းလမ္းေလးေတြကသင့္အတြက္အသံုး၀င္မွာပါ။အခ်စ္ေရးမွာအဆင္မေျပတာေတြမ်ားေနလုိ႔ ေနာက္ထပ္ခ်စ္သူမရွာေတာ့ဘူးလု႔ိေတြးေနမိေပမဲ႔ လူဆုိတာ တစ္ေယာက္တည္း အၾကာၾကီး ေနရင္လည္းအထီးက်န္လာတယ္မဟုတ္လား။ကုိယ့္အနားမွာအျမဲတမ္းရွိေနတဲ႔သူငယ္ခ်င္းေတြကလည္းခ်စ္သူကုိယ္စီ၊ကုိယ့္မိသားစုေတြကလည္းသူတို႔အလုပ္နဲ႔သူတို႔၊ကုိယ္ကလည္း ေန႔တိုင္းအလုပ္နဲ႔အိမ္နဲ႔ဖုန္းနဲ႔။ဒါဆို ဘ၀ၾကီးက နည္းနည္းေတာ့ပ်င္းစရာေကာင္းလာျပီ
ဟုတ္!ေနာက္ထပ္ခ်စ္ရမွာမေၾကာက္ပါနဲ႔။ေပါ့ေပါ့ပါးပါးေလးပဲခ်စ္ၾကည့္ပါလား။တစ္ေယာက္ေယာက္နဲ႔ဒိတ္ၾကည့္တာက သင့္ဘ၀ကုိပုိျပီးစိုျပည္လာေစသလို သူက သင္နဲ႔စိတ္တူကုိယ္တူရွိျပီး နားလည္မႈလည္းရွိတဲ႔အခ်စ္စစ္တစ္ခုလည္းျဖစ္သြားႏုိင္ပါတယ္ေနာ္

ဒါျဖင့္ အခ်စ္ ကုိယ့္ဆီေရာက္လာဖုိ႔ဘာေတြလုပ္ရမလဲ🤔🤔🤔

၁)သင့္ရဲ ႔ပံုစံကုိ ယံုၾကည္မႈအျပည့္ရွိတဲ႔အသြင္ေျပာင္းပါ
ခဏေလးနဲ႔ေတာ့ ဟပ္ခ်ေလာင္းဆုိျပီးအခ်စ္ကေရာက္လာမွာမဟုတ္ပါဘူး။ပထမဆံုး သင့္ကုိယ့္သင္ယံုၾကည္မႈအျပည့္ရိွေနေအာင္ ရုပ္ပုိင္းဆုိင္ရာအေနနဲ႔ဆုိ Gym ေဆာ့တာမ်ိဳး ၊ေရကူးတာမ်ိဳး၊အားကစားလုပ္တာမ်ိဳးလုပ္ၾကည့္ပါ။ဒါေတြကသင့္က်န္းမာေရးကုိေကာင္းမြန္ေစသလို စိတ္ပုိင္းဆုိင္ရာအရလည္း ကိုယ့္ကုိယ့္ကုိယ္ယံုၾကည္စိတ္ခ်မႈအျပည့္ရွိလာေစပါတယ္။ အရင္တုန္းက Rs ေတြကုိၾကည့္လို႔မရခဲ႔ဘူးဆုိရင္ေတာင္ အခုသင့္ရဲ ႔အေတြးကုိ ခဏေလာက္အေကာင္းျမင္ၾကည့္ၾကည့္ပါ။အေကာင္းျမင္စိတ္ေတြျပည့္လာတဲ႔အခါ သင္ကအရင္ကထက္ပုိျပီးၾကည့္ေကာင္းလာပါလိမ့္မယ္။

၂)ခ်စ္သူကဘယ္လိုဘာညာျဖစ္ရမယ္ဆုိျပီးစံႏႈန္းေတြကုိခဏေခါက္လိုက္ပါ
အရင္ကဟာေတြေခါက္ထားျပီး အခုသင္တြဲခ်င္တဲ႔လူမ်ိဳးကဘယ္လိုမ်ိဳးလဲစဥ္းစားၾကည့္ပါ။လံုး၀ Perfect ျဖစ္မယ့္သူကုိလုိခ်င္တယ္ဆုိရင္ေတာ့ သင္ဒီတစ္သက္ရည္းစားရ မွာမဟုတ္ဘူး ဆုိတာေသခ်ာပါတယ္။ဟုိလိုမ်ိဳးမွ၊ဒီလုိမ်ိဳးမွဆုိတာေတြေလ်ွာ့ျပီးကိုယ့္ကုိဘယ္သူက ပုိျပီးနားလည္ ေပးႏုိင္တယ္၊ဂရုစုိက္ေပးႏုိင္တယ္ဆုိတာမ်ိဳးကိုၾကည့္ပါ။နီးရက္နဲ႔ေ၀းေနမွာစုိးလို႔ေသခ်ာၾကည့္ေနာ္

၃)အြန္လိုင္းဒိတ္လုပ္ၾကည့္မလား?
ဒါကေတာ့ သင့္ရဲ ႔သေဘာပါ။အခုေနာက္ပုိင္းမွာ ဒီလုိမ်ိဳး ကုိယ္နဲ႔လိုက္ဖက္ေလာက္မယ့္သူ အခ်င္းခ်င္းခ်ိတ္ဆက္မိတ္ဆက္ေပးတဲ႔ေပ့ခ်္ေတြ၊၀န္ေဆာင္မႈေတြရွိေနပါျပီ။ အဲ႔ဒီမွာ Sign up လုပ္ျပီး Join ခ်င္ Join လုိ႔ရပါတယ္။

၄)သူငယ္ခ်င္းေတြဆီကေန အကူအညီယူပါ
သင့္သူငယ္ခ်င္းေတြကသင္ဘယ္လိုမ်ိဳးကုိသေဘာက်တယ္၊ဘယ္လိုမ်ိဳးကုိသေဘာမက်ဘူးလဲဆုိတာအသိဆံုးပါ။သူတို႔က သင္နဲ႔လိုက္ဖက္သင့္ေတာ္တဲ႔တစ္စံုတစ္ေယာက္ကုိရွာေပးႏိုင္ပါတယ္။

၅)ေရွာ့ပင္းေလးထြက္လိုက္ပါဦး
အခ်စ္ကုိရွာေနျပီဆုိေတာ့ သင့္ရဲ ႔အေပၚယံအသြင္အျပင္ကုိလည္း နည္းနည္းေတာ့ ရြိဳင္းဖို႔လိုပါျပီ။ အက်ီလွလွေလးေတြ၀ယ္ပါ။ဆံပင္ပံုစံလည္းဆႏၵရွိရင္ေျပာင္းၾကည့္ေပါ့။ အဲ႔ဒါမွသင္ရွိေနမွန္း မသိတဲ႔သူေတြလည္းသင့္ကုိသတိထားမိလာပါလိမ့္မယ္။ကုိယ့္ကုိယ့္ကုိယ္လည္းယံုၾကည္မႈအျပည့္ရွိျပီးစတုိင္လ္က်တဲ႔အ၀တ္အစားေလးေတြလည္းေသခ်ာေရြးခ်ယ္တတ္ဖုိ႔လိုတယ္ေနာ္။

၆)လူစိမ္းေတြနဲ႔ထပ္ျပီးခင္မင္ဖုိ႔မေၾကာက္ပါနဲ႔
ကိုယ့္ပတ္၀န္းက်င္၊ကုိယ့္အသုိင္းအ၀ိုင္းကလြဲရင္တစ္ျခားလူေတြနဲ႔စကားေျပာဆုိဆက္ဆံတာနည္းရင္ အေပါင္းအသင္းလည္းနည္းသြားသလုိ ကုိယ္တုိင္ကလည္းမိတ္ေဆြအသစ္ဆုိရင္ မခင္ရဲေတာ့ တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ကမာၻေပၚမွာလူေတြအမ်ားၾကီးပါ။သင့္ရဲ ႔မိတ္ေဆြအေပါင္း အသင္းထဲကမဟုတ္တဲ႔သူေတြကုိ ခင္မင္ဖုိ႔လည္းမေၾကာက္ပါနဲ႔ ၊ေပါင္းသင္းဆက္ဆံ ၾကည့္ပါ။သင့္ရဲ႔ဖူးစာရွင္ကလည္း သင့္ပတ္၀န္းက်င္ အသစ္၊အသိုင္းအ၀ုိင္းသစ္ထဲမွာျဖစ္နုိင္ပါတယ္။

၇)အရမ္းၾကီး စိတ္ဖိအားမမ်ားပါနဲ႔
သင္နဲဲ႔သင့္ေတာ္လိုက္ဖက္တ႔ဲသူကုိမေတြ႔ဘူးဆုိရင္ေတာင္ ဒါက သင့္အတြက္ၾကီးမားတဲ ႔ျပႆနာတစ္ခုမဟုတ္ပါဘူးေနာ္။အရင္ကလည္း Single ျဖစ္ခဲ႔တာပဲမဟုတ္လား။ သင့္အတြက္အခ်စ္စစ္က အခ်ိန္မတန္ေသးလုိ႔ေရာက္မလာတာျဖစ္မွာပါ။အဲ႔ဒါေၾကာင့္ သင့္မွာ ခ်ိဳ႔ယြင္းခ်က္တစ္ခုခုရွိေနလုိ႔တစ္ေယာက္တည္းျဖစ္ေနတာဆုိတဲ႔အေတြးမ်ိဳးကုိမေတြးပါနဲ႔။အေတြးသစ္္၊အျမင္သစ္နဲ႔ေပ်ာ္ရႊင္မႈအသစ္ေတြထပ္ျပီးရွာေဖြလိုက္ပါ။

၈)ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲေနပါ
အခ်စ္ကုိရွာေဖြရတာက စိတ္လႈပ္ရွားစရာေကာင္းပါတယ္။စိတ္ဖိအားမမ်ားပဲ ေအးေအးေဆးေဆးေလးပဲ သင့္ရဲ ႔ပံုစံအသစ္၊အေတြးအသစ္ေတြမွာစီးေမ်ာပါ။
အခ်ိန္ေတြၾကာရင္လည္းၾကာမယ္။ဒါေပမဲ႔ တစ္သက္လံုးေတာ့မၾကာႏုိင္သလို သင္နဲ႔သင့္ေတာ္လိုက္ဖက္တဲ႔သူကိုေတ႔ြဆံုဖုိ႔လည္းမခက္ခဲပါဘူး။

အခု Single ျဖစ္ေနတာက တစ္သက္လံုးတစ္ေယာက္တည္းျဖစ္ေနမယ္ဆုိတဲ ႔အဓိပၸာယ္ မဟုတ္ပါဘူးေနာ္။အဲ႔ဒါေၾကာင့္ ကိုယ့္ကုိယ့္ကုိယ္အားငယ္သိမ္ငယ္မေနပဲ
ကုိယ့္ကုိယ့္ကုိယ္ ယံုၾကည္မႈအျပည့္နဲ႔အခ်စ္စက္၀ုိင္းဂိမ္းထဲျပန္၀င္ၾကည့္လိုက္ရေအာင္။ သင္ထင္ထားသေလာက္ အခ်စ္ဆုိတာက မရႈပ္ေထြးပါဘူး။

Unicode

အကြောင်းပြချက်တစ်ခုခုကြောင့်ဖြစ်စေ၊တစ်ခြားအကြောင်းအရာတွေကြောင့်ဖြစ်စေ တစ်ယောက်တည်းဖြစ်နေတာအရမ်းကြာခဲ့ပြီ။အချစ်ကိုလည်းရှာချင်နေပြီဆိုရင် ဒီနည်းလမ်းလေးတွေကသင့်အတွက်အသုံးဝင်မှာပါ။အချစ်ရေးမှာအဆင်မပြေတာတွေများနေလို့ နောက်ထပ်ချစ်သူမရှာတော့ဘူးလို့တွေးနေမိပေမဲ့ လူဆိုတာ တစ်ယောက်တည်း အကြာကြီး နေရင်လည်းအထီးကျန်လာတယ်မဟုတ်လား။ကိုယ့်အနားမှာအမြဲတမ်းရှိနေတဲ့သူငယ်ချင်းတွေကလည်းချစ်သူကိုယ်စီ၊ကိုယ့်မိသားစုတွေကလည်းသူတို့အလုပ်နဲ့သူတို့၊ကိုယ်ကလည်း နေ့တိုင်းအလုပ်နဲ့အိမ်နဲ့ဖုန်းနဲ့။ဒါဆို ဘဝကြီးက နည်းနည်းတော့ပျင်းစရာကောင်းလာပြီ
ဟုတ်!နောက်ထပ်ချစ်ရမှာမကြောက်ပါနဲ့။ပေါ့ပေါ့ပါးပါးလေးပဲချစ်ကြည့်ပါလား။တစ်ယောက်ယောက်နဲ့ဒိတ်ကြည့်တာက သင့်ဘဝကိုပိုပြီးစိုပြည်လာစေသလို သူက သင်နဲ့စိတ်တူကိုယ်တူရှိပြီး နားလည်မှုလည်းရှိတဲ့အချစ်စစ်တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်နော်

ဒါဖြင့် အချစ် ကိုယ့်ဆီရောက်လာဖို့ဘာတွေလုပ်ရမလဲ🤔🤔🤔

၁)သင့်ရဲ ့ပုံစံကို ယုံကြည်မှုအပြည့်ရှိတဲ့အသွင်ပြောင်းပါ
ခဏလေးနဲ့တော့ ဟပ်ချလောင်းဆိုပြီးအချစ်ကရောက်လာမှာမဟုတ်ပါဘူး။ပထမဆုံး သင့်ကိုယ့်သင်ယုံကြည်မှုအပြည့်ရှိနေအောင် ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆို Gym ဆော့တာမျိုး ၊ရေကူးတာမျိုး၊အားကစားလုပ်တာမျိုးလုပ်ကြည့်ပါ။ဒါတွေကသင့်ကျန်းမာရေးကိုကောင်းမွန်စေသလို စိတ်ပိုင်းဆိုင်ရာအရလည်း ကိုယ့်ကိုယ့်ကိုယ်ယုံကြည်စိတ်ချမှုအပြည့်ရှိလာစေပါတယ်။ အရင်တုန်းက Rs တွေကိုကြည့်လို့မရခဲ့ဘူးဆိုရင်တောင် အခုသင့်ရဲ ့အတွေးကို ခဏလောက်အကောင်းမြင်ကြည့်ကြည့်ပါ။အကောင်းမြင်စိတ်တွေပြည့်လာတဲ့အခါ သင်ကအရင်ကထက်ပိုပြီးကြည့်ကောင်းလာပါလိမ့်မယ်။

၂)ချစ်သူကဘယ်လိုဘာညာဖြစ်ရမယ်ဆိုပြီးစံနှုန်းတွေကိုခဏခေါက်လိုက်ပါ
အရင်ကဟာတွေခေါက်ထားပြီး အခုသင်တွဲချင်တဲ့လူမျိုးကဘယ်လိုမျိုးလဲစဉ်းစားကြည့်ပါ။လုံးဝ Perfect ဖြစ်မယ့်သူကိုလိုချင်တယ်ဆိုရင်တော့ သင်ဒီတစ်သက်ရည်းစားရ မှာမဟုတ်ဘူး ဆိုတာသေချာပါတယ်။ဟိုလိုမျိုးမှ၊ဒီလိုမျိုးမှဆိုတာတွေလျှော့ပြီးကိုယ့်ကိုဘယ်သူက ပိုပြီးနားလည် ပေးနိုင်တယ်၊ဂရုစိုက်ပေးနိုင်တယ်ဆိုတာမျိုးကိုကြည့်ပါ။နီးရက်နဲ့ဝေးနေမှာစိုးလို့သေချာကြည့်နော်

၃)အွန်လိုင်းဒိတ်လုပ်ကြည့်မလား?
ဒါကတော့ သင့်ရဲ ့သဘောပါ။အခုနောက်ပိုင်းမှာ ဒီလိုမျိုး ကိုယ်နဲ့လိုက်ဖက်လောက်မယ့်သူ အချင်းချင်းချိတ်ဆက်မိတ်ဆက်ပေးတဲ့ပေ့ချ်တွေ၊ဝန်ဆောင်မှုတွေရှိနေပါပြီ။ အဲ့ဒီမှာ Sign up လုပ်ပြီး Join ချင် Join လို့ရပါတယ်။

၄)သူငယ်ချင်းတွေဆီကနေ အကူအညီယူပါ
သင့်သူငယ်ချင်းတွေကသင်ဘယ်လိုမျိုးကိုသဘောကျတယ်၊ဘယ်လိုမျိုးကိုသဘောမကျဘူးလဲဆိုတာအသိဆုံးပါ။သူတို့က သင်နဲ့လိုက်ဖက်သင့်တော်တဲ့တစ်စုံတစ်ယောက်ကိုရှာပေးနိုင်ပါတယ်။

၅)ရှော့ပင်းလေးထွက်လိုက်ပါဦး
အချစ်ကိုရှာနေပြီဆိုတော့ သင့်ရဲ ့အပေါ်ယံအသွင်အပြင်ကိုလည်း နည်းနည်းတော့ ရွိုင်းဖို့လိုပါပြီ။ အကျီလှလှလေးတွေဝယ်ပါ။ဆံပင်ပုံစံလည်းဆန္ဒရှိရင်ပြောင်းကြည့်ပေါ့။ အဲ့ဒါမှသင်ရှိနေမှန်း မသိတဲ့သူတွေလည်းသင့်ကိုသတိထားမိလာပါလိမ့်မယ်။ကိုယ့်ကိုယ့်ကိုယ်လည်းယုံကြည်မှုအပြည့်ရှိပြီးစတိုင်လ်ကျတဲ့အဝတ်အစားလေးတွေလည်းသေချာရွေးချယ်တတ်ဖို့လိုတယ်နော်။

၆)လူစိမ်းတွေနဲ့ထပ်ပြီးခင်မင်ဖို့မကြောက်ပါနဲ့
ကိုယ့်ပတ်ဝန်းကျင်၊ကိုယ့်အသိုင်းအဝိုင်းကလွဲရင်တစ်ခြားလူတွေနဲ့စကားပြောဆိုဆက်ဆံတာနည်းရင် အပေါင်းအသင်းလည်းနည်းသွားသလို ကိုယ်တိုင်ကလည်းမိတ်ဆွေအသစ်ဆိုရင် မခင်ရဲတော့ တာမျိုးတွေဖြစ်တတ်ပါတယ်။ကမ္ဘာပေါ်မှာလူတွေအများကြီးပါ။သင့်ရဲ ့မိတ်ဆွေအပေါင်း အသင်းထဲကမဟုတ်တဲ့သူတွေကို ခင်မင်ဖို့လည်းမကြောက်ပါနဲ့ ၊ပေါင်းသင်းဆက်ဆံ ကြည့်ပါ။သင့်ရဲ့ဖူးစာရှင်ကလည်း သင့်ပတ်ဝန်းကျင် အသစ်၊အသိုင်းအဝိုင်းသစ်ထဲမှာဖြစ်နိုင်ပါတယ်။

၇)အရမ်းကြီး စိတ်ဖိအားမများပါနဲ့
သင်နဲဲ့သင့်တော်လိုက်ဖက်တဲ့သူကိုမတွေ့ဘူးဆိုရင်တောင် ဒါက သင့်အတွက်ကြီးမားတဲ ့ပြဿနာတစ်ခုမဟုတ်ပါဘူးနော်။အရင်ကလည်း Single ဖြစ်ခဲ့တာပဲမဟုတ်လား။ သင့်အတွက်အချစ်စစ်က အချိန်မတန်သေးလို့ရောက်မလာတာဖြစ်မှာပါ။အဲ့ဒါကြောင့် သင့်မှာ ချို့ယွင်းချက်တစ်ခုခုရှိနေလို့တစ်ယောက်တည်းဖြစ်နေတာဆိုတဲ့အတွေးမျိုးကိုမတွေးပါနဲ့။အတွေးသစ််၊အမြင်သစ်နဲ့ပျော်ရွှင်မှုအသစ်တွေထပ်ပြီးရှာဖွေလိုက်ပါ။

၈)ပျော်ပျော်ရွှင်ရွှင်ပဲနေပါ
အချစ်ကိုရှာဖွေရတာက စိတ်လှုပ်ရှားစရာကောင်းပါတယ်။စိတ်ဖိအားမများပဲ အေးအေးဆေးဆေးလေးပဲ သင့်ရဲ ့ပုံစံအသစ်၊အတွေးအသစ်တွေမှာစီးမျောပါ။
အချိန်တွေကြာရင်လည်းကြာမယ်။ဒါပေမဲ့ တစ်သက်လုံးတော့မကြာနိုင်သလို သင်နဲ့သင့်တော်လိုက်ဖက်တဲ့သူကိုတွေ့ဆုံဖို့လည်းမခက်ခဲပါဘူး။

အခု Single ဖြစ်နေတာက တစ်သက်လုံးတစ်ယောက်တည်းဖြစ်နေမယ်ဆိုတဲ ့အဓိပ္ပာယ် မဟုတ်ပါဘူးနော်။အဲ့ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ်အားငယ်သိမ်ငယ်မနေပဲ
ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့အချစ်စက်ဝိုင်းဂိမ်းထဲပြန်ဝင်ကြည့်လိုက်ရအောင်။ သင်ထင်ထားသလောက် အချစ်ဆိုတာက မရှုပ်ထွေးပါဘူး။

731 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.