ကိုယ့်အဖိုးတန်ရည်းစားလေးကို အထာကျကျကာကွယ်ကြမယ်

Protective နဲ့ Possessive ကွာသလိုပဲ ကာကွယ်တာနဲ့ ချုပ်ကိုင်တာနဲ့ကဖြောင့်ဖြောင့်ကြီိးဆန့်ကျင်နေတယ်လို့ဆိုရမှာပါ။ ကိုယ့်ရည်းစားဖြစ်တဲ့သူကို ဖြစ်ချင်ရာဖြစ် ကျီးထိုးထိုးခွေးစားစားပစ်ထားလို့ကလည်းမဖြစ်သေးဘူးလေနော်။အဲ့လိုဆိုပြီးတရားလွန်ချုပ်ကိုင်တာကျတော့လည်း စိတ်ပိုင်းဆိုင်ရာ Abuse လုပ်တာဖြစ်သွားပြီ။အခန့်မသင့်ရင် ကာကွယ်ရင်းနဲ့ဆုံးရှုံးလိုက်ရတာမျိုးတောင်ဖြစ်နိုင်သေးတယ်။ အဲ့ဒီအခါမှ ချစ်လွန်းလို့ဖြစ်သွားတာပါ..စိတ်ဆိုးပြီးနာကျည်းသွားလား… ဆိုပြီးချစ်ကောင်းနဲ့အပြိုင်ဟဲနေရမယ်။ ဒီတော့ ကိုယ့်ရဲ့အဖိုးတန်ရည်းစားလေးကို အထာကျကျဘယ်လိုကာကွယ်ကြမလဲဆိုတဲ့နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

 

အဓိကက  သူစိတ်ချမ်းသာဖို့ပါ

အချစ်ဆိုတာကိုယ့်ချစ်သူရဲ့စိတ်ချမ်းသာမှုကိုရှေးရှုခြင်းပါပဲတဲ့။ ဒီိတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်နဲ့နေရင်သူစိတ်ချမ်းသာနေရမယ်လို့တွေးထားပါ။အဲဒီအတွေးအတိုင်းပဲပြုမူဆောင်ရွက်ပါ။ သင်ကသူ့ကိုချစ်တယ်ဆိုရင်သူ့ရဲ့စိတ်ချမ်းသာမှုဟာသင့်ရဲ့စိတ်ချမ်းသာမှုဖြစ်မှာအမှန်ပါပဲ။ နောက်တစ်ခုက အခြားသောသူတွေကဘယ်လောက်ပဲ compelling ဖြစ်နေပါစေ ကိုယ့်နားမှာနေရတာအမြဲစိတ်ချမ်းသာတယ်ဆိုရင် သူလည်းကိုယ့်အနားကထွက်သွားဖို့စဉ်းစားမှာမဟုတ်ပါဘူး။ မတော်လို့ဘယ်လိုမှမရပဲ ဟင့်အင်းဟင့်အင်း သွားမှာပဲ..ဆိုပြီး လမ်းခွဲသွားခဲ့ရင်တောင် သင့်ဘက်ကအကောင်းဆုံးနေပေးခဲ့တဲ့အတွက်နောင်တရစရာမရှိပါဘူး။

 

သူ့ဘဝထဲမှာသင့်နေရာက ထည်ထည်ဝါဝါရှိပါစေ

ဒါက ဘာအဓိပ္ပါယ်လဲဆိုတော့အရှင်းဆုံးပြောရရင် သင့်ဆန္ဒမပါပဲ silent မတွဲနဲ့လို့ ဆိုလိုတာပါ။ သင့်ဘက်က အချိန်မကျသေးဘူးလို့ခံစားရလို့ silent တွဲနေတာကကိစ္စမရှိပေမယ့် သူ့ဘက်ကအကြောင်းအမျိုးမျိုးပြပြီး silent တွဲနေခဲ့ရင်တော့  သူကသင့်အတွက်တန်ဖိုးရှိတဲ့ရည်းစားမဟုတ်ပါဘူး။သင့်အချိန်တွေကိုအလဟဿဖြုန်းတီးပစ်မယ့်မကောင်းဆိုးဝါးပါပဲ။ ဒီတော့ သူ့ဘဝထဲမှာ သင်ကသူ့ချစ်သူဆိုတာကို သူ့အသိုင်းအဝိုင်းတစ်ခုလုံးကသိရမှာဖြစ်ပြီိး သူ့အကြောင်းပြောတာနဲ့သင့်ကိုပါတွဲမြင်နေရမှာဖြစ်ပါတယ်။ ဒါပေမယ့် Social Media လိုနေရာမျိုးတွေမှာ သင့်ဘဲမှန်းသိအောင် Post တိုင်းလိုက်ပြီး comment ပေးနေတာမျိုး သူ့ပိုစ့်အောက်က comment တွေတိုင်း action ယူနေတာမျိုး ကတော့ ရုပ်ပေါက်တယ်လို့ပဲဆိုပါရစေ။ နောက်ပြီိး မျက်စိလည်းနောက်ပါတယ်။အဲ..ကိုယ့်ရည်းစား Post ကိုယ် comment ပေးတာဘယ်သူ့ဂရုစိုက်ရမှာတုန်း ဆိုရင်တော့လည်း သဘောရှိကလောဟိပါပဲ။

 

သူ့ကိုဂရုတစိုက်ရှိပါ

အချိန်မပေးနိုင်ရင်ရည်းစားမထားပါနဲ့။အခုတလောမြင်နေရတာတွေက ရည်းစားတော့ထားတယ်၊အချိန်တော့မပေးနိုင်ဘူး၊ဒီတော့ ဟိုက စိတ်လေပြီး စနိုက်ကျော်နောက်ပါသွားရော..အဲဒီိမှာ အစကတည်းကအလုပ်ကများတော့အသည်းကွဲရတာတောင်အေးဆေးကွဲဖို့အချိန်မရ တလွဲတွေဖြစ်၊သူများနောက်ပါသွားမှ အလုပ်ပျက်အကိုင်ပျက်နဲ့ပြန်လိုက်တော့လည်း အလုပ်တွေပဲပျက်သွားတာရှိမယ် ရည်းစားကတော့ ပြန်ပါလာမှာမဟုတ်ဘူး။ ဒီိတော့အချိန်မပေးနိုင်ရင်အစကတည်းကအပိုတွေမလုပ်တာအကောင်းဆုံးပါ။ ကိုယ့်ရည်းစားကိုတစ်နေ့မှာအနည်းဆုံး နာရီဝက်လောက်တော့ ဖုန်းပြောပေးသင့်ပါတယ်။သူ့ဘဝမှာဘာတွေဖြစ်နေလဲ..သူ့ရဲ့တစ်နေ့တာကဘယ်လိုဖြစ်ခဲ့သလဲ သူ့စိတ်ထဲမှာဘာတွေတွေးမိနေလဲ ဆိုတာမျိုးတွေကိုဂရုတစိုက်ရှိပါ။လူဆိုတာက ကိုယ့်စိတ်ထဲမှာဖြစ်နေတာတွေကို Share လို့ရတဲ့သူကိုပိုပြီးခင်တွယ်တတ်တဲ့သဘာဝရှိပါတယ်။

 

သူ့ကိုလုံခြုံအောင်ထားပါ

အဲ့ဒါက အချိန်ပြည့် checking လိုက်နေရမယ်လို့မဆိုလိုပါဘူး။သူ့စိတ်ထဲမှာ ကိုယ်ကတော့ သူ့ရဲ့ Homeပါပဲ၊သူ့အတွက်အကောင်းဆုံးနေရာပါပဲ၊သူ့ကိုနားလည်ပေးနိုင်ဆုံးပါပဲဆိုတာမျိုးခံစားမိနေအောင်ကြိုးစားရမှာပါ။ဒါမျိုးကလုပ်ယူလို့လည်းမရသလို 4 or 5 days project တွေလည်းမဟုတ်ပါဘူး။တစ်သက်လုံးဒီလိုပဲဖြစ်နေပေးရမှာမို့ ကိုယ်ဂရုစိုက်နိုင်တဲ့အတိုင်းအတာလောက်ကို ချိန်ပြီးဂရုစိုက်ပေးပါ။ မဟုတ်ရင် သင့်ဂရုစိုက်မှုတွေလျော့ပါးသွားတဲ့တစ်နေ့ သင်တို့ကြားကအချစ်တွေဟာလည်းနေလာနှင်းပျောက်ဖြစ်သွားနိုင်လို့ပါပဲ။ အဓိကက ကိုယ်နဲ့အတူရှိနေချိန်မှာ သူ့စိတ်ထဲမှာ ကိုယ့်ချစ်ခြင်းမေတ္တာတွေကိုခံစားမိဖို့ပါပဲ။

 

သိပ်ပြီးရုပ်ပေါက်ရာလည်းမကျုကိုယ့်ရည်းစားကလည်းကိုယ့်ကိုပိုချစ်လာအောင်၊စနှိုက်ကြော်တွေလက်တွင်းလည်းမသက်ဆင်းရအောင် ကိုယ့်ရည်းစားလေးကိုအထာကျကျကာကွယ်နိုင်ကြပါစေ။

Unicode Format











413 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.