ဒီမနက်ခင်းအလေ့အကျင့်တွေက ၀ိတ်ချနေပေမဲ့ ဝိတ်မကျရတဲ့တရားခံတွေပါတဲ့😮
၎)လေ့ကျင့်ခန်းမလုပ်ခြင်း
Unicode
ဒီမနက်ခင်းအလေ့အကျင့်တွေကြောင့် ၀ိတ်ချနေပေမဲ့ ၀ိတ်မကျတာတဲ့
နေ့တစ်နေ့ရဲ့အစပထမကအရမ်းကိုအရေးကြီးပါတယ်။တစ်နေ့တာလုံးအတွက်ဒီမနက်ခင်းက အားပြည့်လန်းဆန်းဖို့စတင်တဲ့အချိန်ပါပဲ။ဒီလိုပဲ
မနက်ခင်းမှာလုပ်မိတဲ့အလေ့အကျင့်တစ်ချို့ကလည်း ကိုယ်တွေရဲ့ ကိုယ်အလေးချိန်နဲ့သက်ဆိုင်နေပါတယ်တဲ့။အံ့သြစရာကြီးနော်။ဒီအလေ့အကျင့်လေးတွေက
ကိုယ်တွေဝိတ်ကျမကျနဲ့ဘယ်လိုများဆက်စပ်နေပါလိမ့်။သိပ္ပံပညာရှင်တွေရဲ ့လေ့လာချက်တွေအရ ကိုယ်တွေလုပ်နေမိတဲ့ဒီအလေ့အကျင့်တွေကြောင့်
၀ိတ်မကျတာပဲလို့တွေ့ရှိရပါတယ်။
၁)မနက်စာကိုနည်းနည်းပဲစားခြင်း
၀ိတ်ချမယ်လို့တွေးတာနဲ့ အစားလျှော့ရမယ်လို့ တန်းပြီးတွေးမိတတ်တယ်ဟုတ်! အစားလျှော့ရတာတော့မှန်ပါတယ်။ဒါပေမဲ့ အချိန်ကလည်းအရေးပါပါသေးတယ်။
မနက်ခင်းအစမှာတော့ ကိုယ့်အတွက်တစ်နေ့တာအာဟာရပြည့်ဝစေပြီး ကျန်းမာစေတဲ့ အစားအစာတွေစားပေးရမှာပါ။ကော်ဖီတစ်ခွက်၊မုန့်တစ်ချပ်ပဲစားပြီးဝိတ်ချမယ်ဆိုရင်တော့ ၀ိတ်ကျဖို့မမြင်ပါဘူး။အမျှင်ဓာတ်များပြားပြီး အာဟာရပြည့်ဝစေတဲ့အစားအစာတွေကို မနက်ခင်းမှာစားသောက်ပေးဖို့လိုပါတယ်။
၂)နေရောင်ကိုရှောင်ခြင်း
နေရောင်ခြည်က အဆီဓာတ်ကိုသဘာဝအတိုင်းလောင်ကျွမ်းစေပါတယ်။အနည်းဆုံး white fat tissue တွေကို လောင်ကျွမ်းစေပါတယ်။ဒါပေမဲ့နေရောင်ခြည်နဲ့လုံလုံလောက်လောက် မထိတွေ့တာကလည်း ၀ိတ်မကျရတဲ့အကြောင်းပါပဲ။ဆောင်းတွင်းဆို လူတွေက ပိုပြီးဝလာကြ တယ်လို့လည်းတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် ၀ိတ်ကျချင်တယ်ဆိုရင် သင်လုပ်ရမှာက နေရောင်ခြည် နဲ့အနည်းငယ်ထိတွေ့ပေးဖို့ပါပဲ။မနက်ခင်း ရခွဲ၊၈ခွဲလောက်ဆိုနေရောင်ခြည်ခပ်နွေးနွေး လေးကျနေပါပြီ။အဲ့ဒီအချိန်ထီးဆောင်းဖို့မစဉ်းစားပဲ နေရောင်ခြည် အနည်းငယ်ခံယူပေးဖို့ မမေ့ပါနဲ့။
၃)မနက်ခင်းနိုးလာပြီးနောက် ရေသောက်ဖို့မေ့ခြင်း
မနက်စာစားနေတုန်းရေသောက်တာထက် အိပ်ရာကနိုးလာပြီးရေတစ်ခွက်သောက်ပေးတာက ၀ိတ်ချတဲ့နေရာမှာအထောက်အကူပြုပြပါတယ်။ရေဟာအဆိပ်အတောက်တွေဖယ်ရှားပေးသလို အဆီတွေဖြစ်ပွားမှုကိုလည်းလျှော့ချပေးပါတယ်။အရွယ်ရောက်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာရေဓာတ် ၅၅ရာခိုင်နှုန်းကနေ ၆ဝရာခိုင်နှုန်းအထိလိုအပ်ပါတယ်တဲ့။ဒါကြောင့် မနက်နိုးတာနဲ ့ရေတစ်ခွက်သောက်ပေးပါ။အဆီဓာတ်ကို ၁ရရာခိုင်နှုန်းကနေ ၁ဝရာခိုင်နှုန်း
ကျအောင် လျှော့ချပေးနိုင်ပါတယ်။
၄)လေ့ကျင့်ခန်းမလုပ်ခြင်း
မနက်စောစောမှာ လေ့ကျင့်ခန်းလုပ်တာက ကျန်တဲ့အချိန်မှာလုပ်တာထက် ကယ်လိုရီပိုပြီးလျှော့ချ ပေးနိုင်ပါတယ်။ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမဟုတ်တဲ့ပေါ့ပါးသွက်လက်တဲ့လေ့ကျင့်ခန်း မျိုးတွေလုပ်ပေးရုံနဲ့ သင့်ခန္ဓာကိုယ်ထဲမှာအစာအရမ်းစားချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်တဲ့။ လေ့လာသူပညာရှင်တစ်ယောက်ဖြစ်တဲ့ Dr. Emma Stevenson နဲ့ Ph.D ကျောင်းသား Javier Gonzalez တို့ရဲ ့တွေ့ရှိချက်အရ မနက်စာမစားခင်လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူတွေဟာ တစ်နေ့လုံး တစ်ခြားသူတွေထက်အစားနည်းတယ်လို့သိရပါတယ်။
၅)အရသာရှိပြီးကယ်လိုရီများတဲ့အချိုအစားအစာတွေကို နေ့လည်စာ၊ညစာအဖြစ်ချန်ထားခြင်း
တကယ်လို့ ကိတ်မုန့်၊ပေါင်မုန့်စတဲ့အရသာရှိပြီးချိုမြိန်တဲ့အစားအစာတွေကို မလျှော့နိုင်ဘူးဆိုရင် အဲ့ဒါတွေကိုမနက်ခင်းအချိန်မှာစားဖို့အကြံပေးချင်ပါတယ်။နေ့လည်စာ၊ ညစာအဖြစ်ချိန်ထားပြီး စားတာက ပိုပြီးဝစေပါတယ်။မနက်ခင်းမှာစားမှသာ သွားလာလှုပ်ရှားမှုတွေနဲ့အတူ အဆီတွေခြေဖျက်နိုင်မှာဖြစ်ပါတယ်။
၆)မနက်စောစောသတင်းတွေဖတ်ခြင်း
မနက်နိုးတာနဲ့ဖုန်းလေးကောက်ကိုင်၊ဘာသတင်းတွေထူးပြီလဲဆိုတာကြည့်တတ်တဲ့အကျင့်ကို ပြင်စေချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလို ကောင်းတဲ့သတင်းတွေ၊စိတ်မကောင်းစရာသတင်းတွေ ၊ကြောက်လန့်စရာသတင်းတွေဖတ်တာကသင့်ကျန်းမာရေးအတွက်မကောင်းစေပါဘူး။မကောင်းတဲ့သတင်းတွေကြောင့်စိတ်ဖိစီးမှုတွေဖြစ်လာတာကကိုယ်အလေးချိန်မကျစေတဲ့အကြောင်းတစ်ခုလည်းဖြစ်ပါတယ်။စိတ်ဖိစီးမှုက ကိုယ်အလေးချိန်တက်ရခြင်းရဲ ့တရားခံလည်းဖြစ်ပါသေးတယ်။
196 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.