စပိန်လာလီဂါချန်ပီယံအသင်းဘာ စီလိုနာရဲ့ ခံစစ်မှူးဖြစ်သူ ဂျာရတ်ပီကေး က မိမိတို့အသင်းအတွက် ဗဟိုနောက်ခံ လူဝယ်ရတာ အရမ်းကို အခက်အခဲရှိပါ တယ်လို့ ပြောလာခဲ့ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ကစားကွက်အရ နောက်တန်း ကနေစပြီး အပေးအယူလုပ်ကာ တိုက်စစ် ဆင်လေ့ရှိတာကြောင့် ခေါင်းအေးအေးနဲ့ အပေးအယူကစားတတ်ကာ အကွက်မြင် တတ်တဲ့ခံစစ်မှူးဆိုတာလည်း အရှားသား။ “ကျွန်တော်တို့အသင်းရဲ့ ထူးခြားတဲ့ကစား ပုံကြောင့် သင့်တော်မယ့်ခံစစ်မှူးကိုရှာရ တာအရမ်းအခက်အခဲရှိပါတယ်။ ကျွန် တော့်အတွေ့အကြုံတွေအရဆိုရင် ဘာစီ လိုနာအသင်း နောက်တန်းဗဟိုခံစစ်မှူး ၀ယ်တဲ့အခါတိုင်းမှာ ခက်ခဲလေ့ရှိတတ်ပါ တယ်”လို့ ပီကေးကပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လောလော ဆယ်မှာ ပီအက်စ်ဂျီရဲ့ ဘရာဇီးလ်ခံစစ် ကစားသမား သီယာဂိုဆေးလ်ဗားကိုခေါ် ဖို့ပြင်ဆင်နေပြီး ဘရာဇီးလ်သားကလည်း ဘာစီလိုနာဆီကို ပြောင်းချင်ချင်ဖြစ်နေ တာကြောင့် မကြာခင်မှာ အပြောင်းအ ရွှေ့ဖြစ်လာဖွယ်ရှိနေပါပြီ။