အေခ်တလုိင္းမင္းသားေခ်ာ Park Seo Joon ရဲ ႔ကုိယ္ေရးကုိုယ္တာအေၾကာင္းအရာတစ္ခ်ိဳ႔ 😍

အခုလတ္တေလာ အြန္လိုင္းမွာေရာ၊အျပင္မွာပါေရပန္းစားေနသူကေတာ့ ကုိရီးယားမင္းသားေခ်ာ Park Seo Joon ပဲျဖစ္ပါတယ္။သူကေတာ့ မိန္းကေလးပရိသတ္ေတြရဲ ႔ပါးစပ္ဖ်ားမွာ ကုိေရႊၾကီးက်ယ္(ဒုဥကၠဌ)အျဖစ္နာမည္ၾကီးေနေလရဲ႔။မင္းသမီးေခ်ာ Park Min-young နဲ႔
what’s wrong with secretary kim ဆုိတဲ႔ဒရာမာဇာတ္လမ္းတြဲထဲက ဘ၀င္ျမင့္ျပီး အရမ္းေခ်တတ္တဲ႔ဒုဥကၠဌအျဖစ္ ပရိသတ္ေတြရဲ ႔အခ်စ္ေတြရထားသူျဖစ္ပါတယ္ (ေခ်လည္း ခ်စ္တယ္)။Fight for my way ဇာတ္ကားထဲမွာလည္းသူ႔ရဲ႔ပံုစံက အရမ္းကုိ Sweet and Charm ျဖစ္တာကုိ ပရိသတ္ေတြသတိထားမိမွာပါ။အခုလည္း အေခ်ဇာတ္ရုပ္နဲ႔အသားက် ေနျပန္ပါျပီ။

အေခ်မင္းသားရဲ ႔ကုိယ္ေရးကုိယ္တာစိတ္၀င္စားစရာ အေၾကာင္းေလးေတြ၊ ရယ္စရာ အေၾကာင္းေလး ေတြကုိပရိသတ္ေတြလည္းသိခ်င္ၾကမယ္ထင္လို႔ ျပန္ျပီးမ်ွေ၀ေပးလုိက္ပါတယ္။

၁)အနုပညာေလာကထဲကုိ၀င္ေရာက္ခဲ႔တဲ႔ပြဲဦးထြက္လႈပ္ရွားမႈက Bang Yong Guk ရဲ ႔2011 solo single “I Remember” ဆိုတဲ႔သီခ်င္းထဲမွာပါ၀င္သရုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္။

၂)ညီအစ္ကုိသံုးေယာက္မွာ အၾကီးဆံုးသားပါတဲ႔ (အၾကီးဆံုးေတြက အေခ်ာဆံုးဆုိတာသိပ္မွန္ 😎) သူ႔ရဲ ႔ညီေလးက လက္ထပ္ျပီးလုိ႔ ၂ႏွစ္အရြယ္သမီးေလးေတာင္ရွိေနပါျပီ။ျပီးေတာ့ Park Seo Joon က ဆုိးလ္မွာတစ္ေယာက္တည္းေနရတာအရမ္းအထီးက်န္သလိုခံစားရပါတယ္တ႔ဲ။မိသားစုနဲ႔
ေပ်ာ္ေပ်ာ္ရႊင္ရႊင္သုိက္သိုက္၀န္း၀န္းေနခ်င္သူလည္းျဖစ္ပါတယ္။သူ႔ရဲ ႔တူမေလးကေတာ့ ဦးေလးကုိတီဗီမွာျမင္ရင္ မွတ္မိေနပါျပီ။

၃)Park Seo Joon က Tommy Hilfiger ရဲ ႔ဖက္ရွင္ရွိဳးကုိ Jessica နဲ႔ အတူသြားၾကည့္ခဲ႔ဖူး ပါတယ္။ဖက္ရွင္ေမာ္ဒယ္လ္တစ္ေယာက္မဟုတ္ပဲနဲ႔ေတာင္ အရပ္ ၆ေပရွည္ျပီး တစ္ျခားသူနဲ႔မတူ ခြဲထြက္ေနတဲ႔ကုိယ္ပိုင္ဟန္ပန္စတုိင္လ္က Tommy Hilfiger မ်က္စိက်စရာျဖစ္ခဲ႔သလားပဲ။
Park Seo Joon ကအာရွေစ်းကြက္ကုိလႊမ္းမုိးကုိင္လႈပ္ႏုိင္စြမ္းရွိျပီးနာမည္ၾကီးလာ မယ့္မင္းသားတစ္လက္ပဲလုိ႔ေျပာခဲ႔ဖူးပါတယ္။

၄)ဘယ္သူနဲ႔မဆုိခ်စ္ခင္ရင္းႏွီးလြယ္တဲ႔ Park Seo Joon က သူ႔ရဲ ႔တြဲဖက္မင္းသားေတြ နဲ႔ဆို ညီအစ္ကုိေတြလိုပါပဲ။“Hwarang” မွာဆုိ Park Hyung Sikနဲ႔ညီအစ္ကုိအရင္းလို ရင္းႏွီးခဲ႔ျပီး “Midnight Runners”မွာအတူသရုပ္ေဆာင္ထားတဲ႔မင္းသားေခ်ာ Kang Ha Neul ၊ ေအဂ်င္စီတစ္ခုတည္းက Lee Hyun Woo သူတို႔နဲ႔ Bromance ပါ။သူအခ်စ္ဆံုးညီအစ္ကုိ ကေတာ့ Choi Siwon ပါတဲ႔။“She Was Pretty” ဇာတ္ကားမွာအတူတူပါ၀င္သရုပ္ေဆာင္ခဲ႔ျပီး
Siwon က Seo Joon ရဲ႔ညီေလးမဂၤလာေဆာင္ကုိလည္းတက္ေရာက္ခဲ႔ပါတယ္။

၅)ရုပ္ရွင္ထဲမွာသာ ရယ္စရာေကာင္းျပီးဟာသဥာဏ္ရႊင္တဲ႔ပံုစံသရုပ္ေဆာင္တာမ်ားေပမဲ႔ တကယ့္အျပင္ေလာကမွာေတာ့သူက ေအးေဆးတိတ္ဆိတ္တဲ႔သူမ်ိဳးပါတဲ႔။ ကင္မရာေရွ႔မွာ ေတာ့သူ႔ရဲ ႔ပံုစံကတစ္မ်ိဳး၊အျပင္မွာေတာ့ စကားနည္းျပီး သူငယ္ခ်င္းေတြနဲ႔ သာသီးသန္႔ေနတတ္ တဲ႔ပံုစံျဖစ္ပါတယ္လုိ႔ေျပာျပခဲ႔ဖူးပါတယ္ (ရုပ္ရွင္ထဲမွာေတာ့ အူေၾကာင္ေၾကာင္နဲ႔ရယ္စရာေတြလုပ္တတ္သူ😅)

၆)သူသေဘာက်တဲ႔မိန္းကေလးပံုစံကေတာ့ လက္ေခ်ာင္းသြယ္သြယ္လွလွေလးေတြနဲ႔ ခ်စ္ဖုိ႔ေကာင္းတဲ႔အျပံဳးေလးပုိင္ဆုိင္ထားတဲ႔မိန္းကေလးမ်ိဳးကုိသေဘာက်ပါတယ္တဲ႔။ ပထမဆံုးစေတြ႔ေတြ႔ခ်င္းအျမင္ပံုစံကုိလည္းအရမ္းဂရုစုိက္တတ္သူျဖစ္သလို စကားေျပာဆုိတဲ႔
ပံုစံကလည္း ႏွစ္ဦးႏွစ္ဖက္အဆင္ေျပရမယ္လုိ႔အင္တာဗ်ဴးတစ္ခုမွာေျပာခဲ႔ဖူးပါတယ္ (အျပင္မွာလည္း အေခ် 😂)

၇)သူ႔ကုိယ္သူလည္း ေခ်ာတယ္လို႔တစ္ခါမွမထင္ခဲ႔ဖူးပါဘူးတဲ႔။ႏုိင္ငံတကာကပရိသတ္ေတြက သူ႔ကုိ ေခ်ာတယ္၊မိုက္တယ္လုိ႔ေျပာၾကပါတယ္။ဒါေပမဲ႔ သူကေတာ့ သူ႔မ်က္ႏွာသူ ေခ်ာတယ္လုိ႔မထင္ဘူး။ မ်က္ႏွာအမူအရာပလိန္းၾကီးျဖစ္ေနတယ္လုိ႔ခံစားရပါတယ္လို႔ေျပာျပခဲ႔ဖူးပါတယ္။

၈)ေက်ာင္းတုန္းကလည္းနာမည္ၾကီးပါတဲ႔။SKinship လည္း ေကာင္းပါတယ္တဲ႔။ေက်ာင္းမွာ မိန္းကေလးေတာ္ေတာ္မ်ားမ်ားနဲ႔ဒိတ္ခဲ႔ဖူးပါတယ္တဲ႔ 🙄

၉)ေငြေၾကးအတြက္ေၾကာင့္ေတာ့ ဘယ္ေတာ့မွအနုပညာအလုပ္ကုိမလုပ္ပါဘူးတဲ႔။ပရိသတ္ေတြကုိ သူ႔ရဲ႔အေကာင္းဆံုးေဖ်ာ္ေျဖမႈ၊အေကာင္းဆုံးသရုပ္ေဆာင္မႈျပသႏုိင္ရင္ ဒါက သူ႔အတြက္ဆုတစ္ခုလိုလံုေလာက္ပါတယ္တဲ႔( ပရိသတ္ေတြကုိ ခ်ဳပ္လိုက္တာ 😍)

Unicode

အခုလတ်တလော အွန်လိုင်းမှာရော၊အပြင်မှာပါရေပန်းစားနေသူကတော့ ကိုရီးယားမင်းသားချော Park Seo Joon ပဲဖြစ်ပါတယ်။သူကတော့ မိန်းကလေးပရိသတ်တွေရဲ ့ပါးစပ်ဖျားမှာ ကိုရွှေကြီးကျယ်(ဒုဥက္ကဌ)အဖြစ်နာမည်ကြီးနေလေရဲ့။မင်းသမီးချော Park Min-young နဲ့
what’s wrong with secretary kim ဆိုတဲ့ဒရာမာဇာတ်လမ်းတွဲထဲက ဘဝင်မြင့်ပြီး အရမ်းချေတတ်တဲ့ဒုဥက္ကဌအဖြစ် ပရိသတ်တွေရဲ ့အချစ်တွေရထားသူဖြစ်ပါတယ် (ချေလည်း ချစ်တယ်)။Fight for my way ဇာတ်ကားထဲမှာလည်းသူ့ရဲ့ပုံစံက အရမ်းကို Sweet and Charm ဖြစ်တာကို ပရိသတ်တွေသတိထားမိမှာပါ။အခုလည်း အချေဇာတ်ရုပ်နဲ့အသားကျ နေပြန်ပါပြီ။

အချေမင်းသားရဲ ့ကိုယ်ရေးကိုယ်တာစိတ်ဝင်စားစရာ အကြောင်းလေးတွေ၊ ရယ်စရာ အကြောင်းလေး တွေကိုပရိသတ်တွေလည်းသိချင်ကြမယ်ထင်လို့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

၁)အနုပညာလောကထဲကိုဝင်ရောက်ခဲ့တဲ့ပွဲဦးထွက်လှုပ်ရှားမှုက Bang Yong Guk ရဲ ့2011 solo single “I Remember” ဆိုတဲ့သီချင်းထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၂)ညီအစ်ကိုသုံးယောက်မှာ အကြီးဆုံးသားပါတဲ့ (အကြီးဆုံးတွေက အချောဆုံးဆိုတာသိပ်မှန် 😎) သူ့ရဲ ့ညီလေးက လက်ထပ်ပြီးလို့ ၂နှစ်အရွယ်သမီးလေးတောင်ရှိနေပါပြီ။ပြီးတော့ Park Seo Joon က ဆိုးလ်မှာတစ်ယောက်တည်းနေရတာအရမ်းအထီးကျန်သလိုခံစားရပါတယ်တဲ့။မိသားစုနဲ့
ပျော်ပျော်ရွှင်ရွှင်သိုက်သိုက်ဝန်းဝန်းနေချင်သူလည်းဖြစ်ပါတယ်။သူ့ရဲ ့တူမလေးကတော့ ဦးလေးကိုတီဗီမှာမြင်ရင် မှတ်မိနေပါပြီ။

၃)Park Seo Joon က Tommy Hilfiger ရဲ ့ဖက်ရှင်ရှိုးကို Jessica နဲ့ အတူသွားကြည့်ခဲ့ဖူး ပါတယ်။ဖက်ရှင်မော်ဒယ်လ်တစ်ယောက်မဟုတ်ပဲနဲ့တောင် အရပ် ၆ပေရှည်ပြီး တစ်ခြားသူနဲ့မတူ ခွဲထွက်နေတဲ့ကိုယ်ပိုင်ဟန်ပန်စတိုင်လ်က Tommy Hilfiger မျက်စိကျစရာဖြစ်ခဲ့သလားပဲ။
Park Seo Joon ကအာရှစျေးကွက်ကိုလွှမ်းမိုးကိုင်လှုပ်နိုင်စွမ်းရှိပြီးနာမည်ကြီးလာ မယ့်မင်းသားတစ်လက်ပဲလို့ပြောခဲ့ဖူးပါတယ်။

၄)ဘယ်သူနဲ့မဆိုချစ်ခင်ရင်းနှီးလွယ်တဲ့ Park Seo Joon က သူ့ရဲ ့တွဲဖက်မင်းသားတွေ နဲ့ဆို ညီအစ်ကိုတွေလိုပါပဲ။“Hwarang” မှာဆို Park Hyung Sikနဲ့ညီအစ်ကိုအရင်းလို ရင်းနှီးခဲ့ပြီး “Midnight Runners”မှာအတူသရုပ်ဆောင်ထားတဲ့မင်းသားချော Kang Ha Neul ၊ အေဂျင်စီတစ်ခုတည်းက Lee Hyun Woo သူတို့နဲ့ Bromance ပါ။သူအချစ်ဆုံးညီအစ်ကို ကတော့ Choi Siwon ပါတဲ့။“She Was Pretty” ဇာတ်ကားမှာအတူတူပါဝင်သရုပ်ဆောင်ခဲ့ပြီး
Siwon က Seo Joon ရဲ့ညီလေးမင်္ဂလာဆောင်ကိုလည်းတက်ရောက်ခဲ့ပါတယ်။

၅)ရုပ်ရှင်ထဲမှာသာ ရယ်စရာကောင်းပြီးဟာသဉာဏ်ရွှင်တဲ့ပုံစံသရုပ်ဆောင်တာများပေမဲ့ တကယ့်အပြင်လောကမှာတော့သူက အေးဆေးတိတ်ဆိတ်တဲ့သူမျိုးပါတဲ့။ ကင်မရာရှေ့မှာ တော့သူ့ရဲ ့ပုံစံကတစ်မျိုး၊အပြင်မှာတော့ စကားနည်းပြီး သူငယ်ချင်းတွေနဲ့ သာသီးသန့်နေတတ် တဲ့ပုံစံဖြစ်ပါတယ်လို့ပြောပြခဲ့ဖူးပါတယ် (ရုပ်ရှင်ထဲမှာတော့ အူကြောင်ကြောင်နဲ့ရယ်စရာတွေလုပ်တတ်သူ😅)

၆)သူသဘောကျတဲ့မိန်းကလေးပုံစံကတော့ လက်ချောင်းသွယ်သွယ်လှလှလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့အပြုံးလေးပိုင်ဆိုင်ထားတဲ့မိန်းကလေးမျိုးကိုသဘောကျပါတယ်တဲ့။ ပထမဆုံးစတွေ့တွေ့ချင်းအမြင်ပုံစံကိုလည်းအရမ်းဂရုစိုက်တတ်သူဖြစ်သလို စကားပြောဆိုတဲ့
ပုံစံကလည်း နှစ်ဦးနှစ်ဖက်အဆင်ပြေရမယ်လို့အင်တာဗျူးတစ်ခုမှာပြောခဲ့ဖူးပါတယ် (အပြင်မှာလည်း အချေ 😂)

၇)သူ့ကိုယ်သူလည်း ချောတယ်လို့တစ်ခါမှမထင်ခဲ့ဖူးပါဘူးတဲ့။နိုင်ငံတကာကပရိသတ်တွေက သူ့ကို ချောတယ်၊မိုက်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ သူကတော့ သူ့မျက်နှာသူ ချောတယ်လို့မထင်ဘူး။ မျက်နှာအမူအရာပလိန်းကြီးဖြစ်နေတယ်လို့ခံစားရပါတယ်လို့ပြောပြခဲ့ဖူးပါတယ်။

၈)ကျောင်းတုန်းကလည်းနာမည်ကြီးပါတဲ့။SKinship လည်း ကောင်းပါတယ်တဲ့။ကျောင်းမှာ မိန်းကလေးတော်တော်များများနဲ့ဒိတ်ခဲ့ဖူးပါတယ်တဲ့ 🙄

၉)ငွေကြေးအတွက်ကြောင့်တော့ ဘယ်တော့မှအနုပညာအလုပ်ကိုမလုပ်ပါဘူးတဲ့။ပရိသတ်တွေကို သူ့ရဲ့အကောင်းဆုံးဖျော်ဖြေမှု၊အကောင်းဆုံးသရုပ်ဆောင်မှုပြသနိုင်ရင် ဒါက သူ့အတွက်ဆုတစ်ခုလိုလုံလောက်ပါတယ်တဲ့( ပရိသတ်တွေကို ချုပ်လိုက်တာ 😍)

 

 

602 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.