ကိုယ်ကောင်းတိုင်းလောကကြီးမှာအရာရာဟာအသိမှတ်အပြုမခံရဘူးဆိုတာသိတဲ့တစ်နေ့ဒီလိုနေပါ

လိုက်ပါ။

Unicode

လူဆိုးကြီးလုပ်ခိုင်းတယ်ရယ်တော့မထင်စေလို…ဒါပေမဲ့ လောကကြီးမှာနေထိုင်နေသမှကာလပတ်လုံးကိုယ်ကောင်းလို့ အသိမှတ်ပြုခံလိုက်ရတဲ့အရာတွေရှိသလို ကိုယ်ဘယ်လောက်ကောင်းကောင်း မယူတတ်တဲ့သူ နားမလည်တတ်တဲ့သူကလည်း ယူတတ်နားလည်တတ်မှာမဟုတ်ပါဘူး။ နေရာတကာစေတနာထားတိုင်းလည်း အသိမှတ်ပြုတာမဟုတ်သလို နေပစေအုံးတော့ အသိမှတ်မပြုလေလည်းရတယ် ဒါပေမဲ့ စေတနာကိုစော်ကားကြတာတွေတောင်ရှိကြပါသေးတယ်။ ဒီလိုပဲမေတ္တာဆိုလည်း ပေးတိုင်းရောင်ပြန်ဟက်အမြဲယောင်ပြန်ဟက်တတ်တာမျိုးမဟုတ် ယူတတ်တဲ့သူနားလည်တဲ့သူ ရှင်းရှင်းပြောရရင် ကိုယ့်စေတနာကိုယ့်မေတ္တာတွေနဲ့ကိုက်ညီသူတွေထိုက်တန်သူတွေသာသိကြ ရကြလေတာမလား။ ဆိုတော့ လူဆိုးကြီးလုပ်ပြီး လောကကြီးမှာ ရိုင်းဆိုင်းကြမ်းကြုတ်ခိုင်းတာမဟုတ်ပင်မဲ့ ကိုယ်မှမရှောင်မတိမ်းနိုင်ရင် ကျော်သွားမောသွားပြီးအနိုင်ယူဖို့စောင့်နေတဲ့သူတွေများတာမလို့ လောကကြီးမှာနေတတ်တဲ့လူတစ်ယောက်ဖြစ်အောင်ဒီလိုနေပါ။
-ကိုယ့်အပေါ်တကယ်မကောင်းတဲ့သူတွေအပေါ် အချိန်ကုန်ခံပြီးကောင်းလာမလားစောင့်မနေပါနဲ့ ။ မှန်တစ်ချပ်လိုသာဆက်ဆံပါ။
– ကိုယ့်စေတနာနားမလည်တဲ့သူတွေအတွက်ခေါင်းစားမခံပါနဲ့ကိုယ့်တာဝန်ကိုယ်ကျေပြီး ကိုယ့်အလုပ်ကိုသာစေတနာထားလုပ်ပါ။
-ကိုယ့်မေတ္တာကို ဘယ်တော့မှအသိမှတ်မပြုတဲ့လူတွေကို အရှက်ကွဲခံပြီးကိုယ်ဘယ်လောက်မေတ္တာရှိကြောင်းတွေထုတ်ထုတ်မပြပါနဲ့တော့ ရင်ထဲကသာမေတ္တာထား
လိုက်ပါ။
– ကိုယ်ဘယ်လောက်ကောင်းပေးပေး ဂရုစိုက်ပေးပေး လှည့်မကြည့်တတ်တဲ့သူတွေကို လိုက်မကြည့်နေပါနဲ့တော့ ဥပေက္ခာပြုလိုက်ပါ။
ဒီလိုနေလိုက်မှကိုယ့်တန်ဖိုးကိုသိလာတဲ့သူတွေကို အနားကပ်မခံပါနဲ့တော့ ဒီလိုစိတ်မဖြစ်အောင်အစတည်းကကိုယ့်တန်ဖိုးနားလည်ပြီးသားလူတွေနားမှာသာ နေရင်းလောကကြီးကို ပြုံးပြုံးကြီးကြည့်ပြီးအေးချမ်းစွာ အနိုင်ပိုင်းနိုင်ပါစေ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.