သူ သင့်ကိုချစ်စကားမပြောသေးတာ ဒါတွေကြောင့်ပါ

ဟုတ်ပြီ။ ကိုယ်နဲ့နည်းနည်းချိတ်တိတ်တိတ်ဖြစ်နေတဲ့ကောင်လေးတစ်ယောက်ရှိမယ်။ သူကလည်း ကိုယ့်ကို စိတ်ဝင်စားနေပုံပေါ်တယ်။ ကိုယ်ကလည်း သူသာ ဖွင့်ပြောလာမယ်ဆိုရင်…အင်း..။ အပြန်အလှန်လည်းမျက်လုံးချင်းစကားပြောပြီးနေကြပြီ။ ဒါတောင်သူကဖွင့်မပြောသေးဘူးဆိုတော့.. စဉ်းစားရမခက်ပါလား။တကယ်တော့ ကောင်လေးတစ်ယောက်ကကောင်မလေးတစ်ယောက်ကို ချစ်စကားမပြောရသေးတဲ့ဖြစ်နိုင်စရာအကြောင်းအချက်တွေကများစွာရှိပါတယ်။ အဲဒါတွေထဲက အဖြစ်နိုင်ဆုံးသောအကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

သင်ကအရမ်းချောနေလို့

မိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ် အရမ်းချောနေပြီဆိုရင်တော့ ဒီလောက်ချောတာရည်းစားတော့ရှိမှာပဲလို့လူတွေကထင်ပစ်လိုက်ကြပါတယ်။ဒီတော့ သင်က သူ့ကိုစိတ်ဝင်စားတယ်ဆိုရင်သင့်မှာရည်းစားမရှိကြောင်း တစ်ဖက်လှည့်နဲ့အသိပေးရပါမယ်။အခုခေတ်မှာတော့အဲ့လိုလုပ်ဖို့ဆိုတာအတော်လေးလွယ်ကူပါတယ်။ ဘာကြည့်နေတာလဲ.. Facebook မယ် “ရုပ်လေးချောနေလို့ ရည်းစားရှိတယ်များမှတ်နေလား” “single but ready to mingle” “ဘဲရတာနဲ့တစ်လောကလုံးကိုချေပစ်မယ်”တို့ ခပ်တည်တည်နဲ့နောက်သလိုပြောင်သလိုတင်ပစ်လိုက်တော့လေ။

 

သင်က ချေးများလို့

သင့်ကိုချစ်တဲ့သူက သင့်အနီးတစ်ဝိုက်ကနေ မသိမသာစောင့်ကြည့်နေမှာပါ။ ဒီိတော့ သင်က ကန်တင်းတွေဘာတွေမှာထိုင်တာလည်း ဟိုဟာမစားချင်ဒီိဟာမစားချင်နဲ့ချေးများနေမယ်၊ရည်းစားရွေးချယ်ရာမှာလည်း ဟိုလူကဘာဖြစ်သလေး ဒီလူကဘယ်လိုဖြစ်သလေးနဲ့အရိုးများသလေးချေးခါးသလေးလုပ်နေတာကို သူကမြင်သွားမယ်ဆိုရင်တော့ သူ့ကိုလည်းသင်က လက်ခံနို်င်မှာမဟုတ်ပါဘူးလေ..ဆိုပြီး အဝေးကပဲကြည့်နေတော့မယ်လို့ဆုံးဖြတ်လိုက်တာဖြစ်နိုင်ပါတယ်။

 

အခွင့်အရေးမရလို

ဘယ့်နှယ် ရည်းစားစကားလည်းအပြောခံချင်သေး ဘယ်သွားသွားသူငယ်ချင်းအုပ်စုလိုက်ကြီးနဲ့ဟီိးဟီးဟားဟားလည်းလုပ်နေသေးဆိုရင်တော့ ဘယ်တော့မှရည်းစားစကားအပြောခံရမှာမဟုတ်လို့နှမလက်လျှော့နေလေတော့ဘဝရောက်ရပါလိမ့်မယ်။ တစ်ခါတစ်လေကိုယ်တစ်ယောက်တည်းနေတဲ့အချိန်လည်းရှိရမှာပေါ့။အဲဒါမှ သင့်ကိုရည်းစားစကားပြောဖို့ချောင်းနေတဲ့သူတွေကို အခွင့်အရေးပေးသလိုဖြစ်စေမှာပါ။ ဒါပေမယ့် ကိုယ်အပြောခံချင်တဲ့ လူမဟုတ်ပဲအခြားသူတွေလာပြောနေရင်တော့ ကြည့်ကျက်ပြီိးအရှောင်အတိမ်းဂျက်စီိဂျိမ်းလုပ်ရမှာပေါ့နော်။ 😛

 

သင်ကအရမ်းလျို့ဝှက်လို့

လျို့ဝှက်လွန်းတဲ့သူတွေဆိုတာ လောကကြီးမှာတကယ်ရှိတာပါ။သူတို့နဲ့နှစ်တွေအကြာကြီးပေါင်းလာရင်တောင်သူတို့ကဘယ်ကမှန်း နောက်ခံမိသားစုကဘယ်လိုမှန်းဘယ်သူမှတစ်စွန်းတစ်စမသိတာမျိုးပေါ့။ ဒါက introvert နဲ့ကွာခြားပါတယ်။ Introvert တွေက သူတို့ရဲ့အတွင်းစည်းထဲကိုရောက်သွားပြီိဆိုရင်အကုန်မခြွင်းမချန်ပြောပြတာမျိုးလည်းဖြစ်နိုင်ပေမယ့် လျို့ဝှက်တဲ့သူတွေကတော့ သူတို့ရဲ့ဗီဇမှာကိုလျို့ဝှက်တဲ့စိတ်ကပါလာတာမို့ ဘယ်လိုမှတိုးဝင်လို့ရမှာမဟုတ်ပါဘူး။ သင်က သိပ်ပြီိးလျို့ဝှက်လွန်းနေပြီိး သင့်အကြောင်းဘာမှစုံစမ်းလို့မရဘူးဆိုရင် သူကသင့်ကိုချစ်စကားပြောဖို့တွေဝေနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီလိုဆိုပြီိး သင့်အကျင့်ကိုပြောင်းလဲပစ်စရာမလိုပါဘူး။တကယ်ချစ်တဲ့သူက ဘယ်လိုမဆိုဆက်ချစ်နေမှာပါပဲ။

 

သူက သင့်ကိုဆက်လေ့လာချင်သေးလို့

အချို့သူတွေကတော့ ဘာလုပ်လုပ်ဖြည်းဖြည်းဆေးဆေးနဲ့သေသေချာချာလုပ်တတ်တဲ့သူမျိုးတွေပါ။ ဒီတော့ သူတို့ရဲ့စိတ်ထဲမှာ သင့်ကိုစိတ်ဝင်စားနေပေမယ့် သင့်အကြောင်းတွေဆက်ပြီးလေ့လာချင်နေသေးတာကြောင့် အချိန်ဆွဲနေတာလည်းဖြစ်နိုင်ပါတယ်။ဒါကိုသင်ကစိတ်ရှည်ရှည်နဲ့စောင့်နိုင်တယ်ဆိုရင်တော့လည်းတစ်မျိုးပေါ့။မစောင့်နိုင်တော့ဘူးဆိုရင်တော့ သင့်ကိုဖွင့်ပြောလာအောင်ဗျူဟာခင်းရတော့မှာပါ။ဒီလိုဗျူဟာတွေခင်းတယ်ဆိုတာကလည်း မကျွမ်းကျင်ရင် ၊တိုင်ပင်မကိုက်ရင် ကမောက်ကမတွေဖြစ်ပြီိး သင်ချစ်တဲ့သူကသင့်ကိုစိတ်ပျက်ပြီိးထွက်သွားစေမှာမို့ တတ်နိုင်ရင်တော့အချိန်ကိုစောင့်တာအကောင်းဆုံးပါပဲ။လုပ်ယူပြီးမှရတဲ့အရာတွေထက် သူ့အလိုလိုဖြစ်ပေါ်လာတဲ့အရာတွေကပိုပြီးလှပအဖိုးတန်တဲ့အပြင် ပိုလည်းတည်မြဲတတ်တယ်မဟုတ်လားလေ။

 

ဒါတွေကတော့ သင့်ကိုစိတ်ဝင်စားနေသူက ဘာလို့ ဖွင့်မပြောလာသေးတာလဲဆိုတဲ့အကြောင်းရင်းခံလေးတွေပါ။မိန်းကလေးတွေရဲ့ ဆဌမအာရုံက များသောအားဖြင့်မှန်တတ်တယ်ဆိုသော်ငြားလည်းတစ်ခါတစ်လေကိုယ့်ကိုယ်ကိုယ်အထင်ကြီးစိတ်တွေနဲ့ထင်ယောင်မှားမှုတွေရောထွေးနေတတ်တာကြောင့် သူကသင့်ကိုစိတ်ဝင်စားနေတာသေချာရဲ့လားဆိုတာအရင်ဆန်းစစ်သင့်ပါတယ်။

 

Unicode Format













 

909 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.