၁၉၉၆ခုနှစ်ကနေ ၂၀၀၅ခုနှစ်အထိ အာဆင်နယ်မှာ ကစားခဲ့ပြီး ၂၀၀၃-၀၄ ဘောလုံးရာသီအတွင်း ရှုံးပွဲမရှိစံချိန်နဲ့ ပ ရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင် နယ်အသင်းရဲ့ အသင်းခေါင်းဆောင်တစ် ဦးဖြစ်ခဲ့ဖူးသူ ပြင်သစ်လက်ရွေးစင်ပတ် ထရစ်ဗီအဲရာက လက်ရှိအာဆင်နယ်အ သင်းမှာ ခေါင်းဆောင်ကောင်းတစ်ဦးလို အပ်နေတယ်လို့ သုံးသပ်လာခဲ့ပါပြီ။ တိုက် ဆိုင်မှုလို့ပြောရလောက်အောင် ဗီအဲရာ အသင်းကထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာ အာဆင်နယ်ဖလားတစ်လုံးမှ မရခဲ့တာ ယနေ့အချိန်အထိပါပဲ။
“ယနေ့အာဆင်နယ်ကိုကြည့်လိုက်တဲ့ အခါ အရမ်းကိုကောင်းမွန်တဲ့ကစားကွက် တွေဖန်တီးနေကြတာ တွေ့နိုင်ပါတယ်။ဒါ ပေမယ့်လည်း တစ်ခါတရံကျတော့ ခပ် ကြမ်းကြမ်းကစားပြီး အနိုင်ယူရတာမျိုး တွေရှိတတ်တယ်။ ကျွန်တော့အထင်အရ အခုအာဆင်နယ်မှာ ဒီလိုအရည်အသွေး မျိုးမရှိသေးပါဘူး။ ဒါ့အပြင် ခေါင်းဆောင် ပိုင်းလည်း လိုနေတယ်။ တိုနီအဒမ်လို၊ ဆိုးလ်ကမ်းဘဲလ်လို၊ မာတင်ကီအွန်လို တကယ့်ဖိုက်တာတွေမရှိဘူး။ အဲဒီလိုက စားသမားတွေက ကွင်းတွင်ကွင်းပြင်အ ကုန်လုံးဦးဆောင်နိုင်သူတွေပါ”လို့ ဗီအဲ ရာက ပြောသွားခဲ့ပါတယ်။ အာဆင်နယ် ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အ မှတ်ပေးဇယားကို (၁၆)ပွဲကစား(၃၅)မှတ် နဲ့ ဦးဆောင်လျက်ရှိပြီုး လက်ရှိချန်ပီယံမန်ယူကို (၁၀)မှတ်အထိ ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။