လမ္းမွာအမွတ္တမဲ႔ေတာင္ မဆံုခ်င္တဲ႔ရည္းစားေဟာင္းနဲ႔ ဆုံမိတဲ႔အခါ ဘယ္လုိေျဖရွင္းၾကမလဲ?

ခ်စ္ရတဲ႔သူနဲ႔လမ္းခြဲျပီးတဲ႔ေနာက္မွာ ဘာအေၾကာင္းေၾကာင့္ရယ္ေတာ့မသိ ရည္းစားေဟာင္း နဲ႔ျပန္ေတြ ႔ရင္ ရွိန္သလိုလုိ၊ရွိဳးတုိးရွန္႔တန္႔ပဲျဖစ္ေနသလုိ ခံစားရပါတယ္။ဘာေျပာလုိ႔ေျပာရ မွန္းလည္းမသိေပါ့။ ကိုယ့္ကုိနာက်င္ေအာင္လုပ္ျပီးထားခဲ႔တဲ႔ရည္းစားေဟာင္းဆုိရင္ ဒီတစ္သက္ျပန္ေတာင္ မေတြ႔ခ်င္ေလာက္ေအာင္၊လမ္းမွာ အမွတ္တမဲ႔ေတာင္ မဆံုခ်င္ေလာက္ေအာင္ ဆုိသလုိပါပဲ။ဒါက မိန္းကေလးေရာ၊ေယာက်္ားေလးေရာ ခံစားရတာခ်င္းတူတူပါပဲတဲ႔။ခ်စ္ေနေသးတာျဖစ္ျဖစ္၊မုန္းေနတာပဲျဖစ္ျဖစ္ ရည္းစားေဟာင္းနဲ႔ဆံုလာတဲ႔အခါ  ဒီလုိခံစားခ်က္မ်ိဳးက ျဖစ္တတ္ပါတယ္။ျပီးေတာ့ အဲ႔ဒီခံစားခ်က္ကလည္း မေကာင္းဘူးဟုတ္! 😞ရည္းစားေဟာင္းဆုိတာ ကုိယ့္ရဲ႔ ဒုိင္ယာရီထဲက စာမ်က္ႏွာတစ္ရြက္လုိပဲ။ျပန္ဖတ္တဲ႔အခါမွာလည္းျပန္ထိရွတာမ်ိဳး! ျဖဲပစ္မလားဆုိေတာ့လည္း စာအုပ္ေလးမလွေတာ့မွာစုိးလုိ႔ မျဖဲပစ္ရက္တဲ႔ခံစားခ်က္မ်ိဳး !

သိထားရမွာကေလာကၾကီးက က်ဥ္းက်ဥ္းေလးပါ။ တစ္ေကြ႔မဟုတ္ တစ္ေကြ႔ေတာ့ျပန္ဆံု
ရတတ္ပါတယ္။တကယ္လု႔ိ သင္ေရာ သင့္ရည္းစားေဟာင္းနဲ႔အမွတ္တမဲ႔ မ်က္ႏွာခ်င္းဆုိင္ လာဆုံျပီဆုိပါေတာ့။ဘာလုပ္ဖုိ႔စဥ္းစားထားလဲ?သူကုိယ့္ကုိမေတြ႔ေသးခင္ ေရွာင္ေနလိုက္မလား။ဒါမွမဟုတ္ခပ္တည္တည္ပဲေနလုိက္မလား။မ်က္နွာခ်င္းဆုိင္ၾကီးဆံုျပီးကာမွျဗဳန္းဆို ထြက္ေျပးပုန္းေနဖို႔ဆုိရင္ေတာ့ဒါက ေကာင္းတဲ႔အၾကံတစ္ခုမဟုတ္ဘူးေနာ္။၂၀၁၀ တုန္းကေလ့လာထားခ်က္အရ သင္ခ်စ္ခဲ႔ဖူးတဲ႔သူ၊သင့္ကုိလမ္းခြဲသြားတဲ႔သူကုိ အမွတ္တမဲ႔ေတြ႔တာျဖစ္ျဖစ္၊တမင္ေတြ႔ဆံုတာပဲျဖစ္ျဖစ္ ျပန္ေတြ႔ရင္ေတာင္ ရင္ထဲမွာ နာက်င္ေနတုန္းပဲလို႔ေတြ႔ရွိရပါတယ္။ဒါေပမဲ႔ ကံေကာင္းစြာနဲ႔ သင့္ရဲ ႔ရည္းစားေဟာင္းနဲ႔
ျပန္ဆံုေတြ႔ရင္ ေအးေအးေဆးေဆးနဲ႔ႏႈတ္ဆက္ႏုိင္ေအာင္၊ရည္းစားေဟာင္းကုိ အလွပဆံုးျပံဳးျပႏႈတ္ဆက္ႏုိင္ေစမယ့္ နည္းလမ္းေလးေတြကုိရွာေတြ႔ထားပါတယ္။
ၾကည့္လိုက္ရေအာင္

၁)ၾကိဳတင္စဥ္းစားထားပါ
လမ္းခြဲျပီးျပီ၊အခ်ိန္ကာလလည္းအေတာ္အတန္ၾကာျပီဆုိရင္ေတာ့ သင့္ရည္းစားေဟာင္းနဲ႔ မ်က္ႏွာခ်င္းဆုိင္ေတြ႔ဖုိ႔အဆင္သင့္ျဖစ္ျပီလားစဥ္းစားပါ။တကယ္လို႔မ်ားလမ္းမွာ မေတာ္တဆဆံုခဲ႔ရင္ ဘာေျပာမလဲ၊သူကေရာ ဘာေျပာမလဲေပါ့။နည္းလမ္းကေတာ့ ရည္းစားေဟာင္းေရွ႔ကေန အယဥ္ေက်းဆံုးေရွာင္ထြက္ႏုိင္ဖုိ႔ ေယဘူယ်တဲ႔ေမးခြန္းေလးတစ္ခ်ိဳ႔ကုိစဥ္းစားထားပါတဲ႔။ ေလ့က်င့္ထားပါ။အေလ့အက်င့္ရွိေတာ့ ရုတ္တရက္ဆံုလာရင္ေတာင္ ေနသားက်ပါလိမ့္မယ္။ဥပမာ ဘာေတြလုပ္ေနလဲ၊အလုပ္လုပ္ရတာအဆင္ေျပလားဆုိတာမ်ိဳးေပါ့။လမ္းခြဲတာနဲ႔ပတ္သက္ျပီး
ဘာမွမဆက္စပ္မိတဲ႔ေမးခြန္းဆုိ ပုိျပီးေကာင္းပါတယ္။

၂)မပုန္းပါနဲ႔။အရင္ဆံုး စႏႈတ္ဆက္ပါ

Say hello first! ရည္းစားေဟာင္းနဲ႔ေတြ႔တဲ႔အခါ သင့္ကုိယ့္သင္မရွိသလုိ ပုန္းေနဖုိ႔မလုိပါဘူး။ အေရးၾကီးတာက စိတ္ကုိ ေသခ်ာျငိမ္ေအာင္ထားဖုိ႔ပါပဲ။ ရည္းစားေဟာင္းနဲ႔ေတြ႔လို႔ စိတ္လႈပ္ရွားျပီးအေယာင္ေယာင္အမွားမွားျဖစ္ေနရင္ သူ႔ဘက္က သင္ကသူ႔အေပၚ ခံစားခ်က္ေတြက်န္ေနေသးမွန္းသိသြားျပီးသင့္ကုိ အားနာသလိုလုပ္ရင္ ဒါကသင့္ကုိပုိျပီး ခံစားရဆုိးေစပါတယ္။

၃)တုိတုိနဲ႔ခ်ိဳသာတဲ႔စကားေျပာပါ
သူနဲ႔ေတြ႔ရင္ဘာေျပာရမလဲ၊ဘာေမးရမလဲ ၾကိဳတင္မစဥ္းစားထားဘူးဆုိရင္ေတာ့ ဒီနည္းလမ္းကုိ သံုးပါ။”ႏႈတ္ဆက္ပါ။ဘာေတြလုပ္ေနလဲ၊ဘာညာစကားစျမည္ေျပာျပီး ေကာင္းမြန္တဲ႔ စကားတစ္ခုခုနဲ႔ နႈတ္ဆက္ျပီးေရွာင္ထြက္ပါ”။ဘယ္သူမွ ရည္းစားေဟာင္း နဲ႔အၾကာၾကီး စကားေျပာရမွာ ႏွစ္သက္မယ္မထင္ပါဘူးေနာ္။

၄)ရည္းစားေဟာင္းနဲ႔ ဘားတုိ႔၊ပါတီတုိ႔မွာေတြ႔လာရင္…
ကဲ ကဲ ရည္းစားေဟာင္းနဲ႔ဘားေတြ၊ပါတီေတြမွာဆံုလာရင္ အရက္ကုိအမုန္းေသာက္မယ္ ၊ကဲမယ္ဆုိတဲ႔စိတ္ကူးကုိဖ်က္လိုက္ပါေတာ့။အရက္က စိတ္ခံစားခ်က္ကုိေထြျပားေစပါ တယ္။ျပီးေတာ့စိတ္ဓာတ္ကုိလည္းေပ်ာ့လာေစပါတယ္။သူက ေသာက္ဖုိ႔အေဖာ္စပ္ရင္ေတာင္ ခ်ိဳခ်ိဳသာသာျငင္းျပီးေရွာင္ပါ။

၅)ေလးစားမႈရွိပါ
တကယ္လို႔မ်ားကုိယ့္ရည္းစားေဟာင္းက တစ္ျခားတစ္ေယာက္နဲ႔ပလူးပလဲေနတာကိုျမင္ခဲ႔ရင္ သ၀န္တုိစိတ္နဲ႔ ဘာမွမတုံ႔ျပန္မိပါေစနဲ႔။ရည္းစားေဟာင္းဆုိတာကုိအမွတ္ရပါ။ ကုိယ့္ကိုထားခဲ႔တဲ႔ရည္းစားေဟာင္းေၾကာင့္ ေဒါသထြက္ေနရင္ ႏွစ္ခါရွံဳးတာပါပဲ။ကိုယ့္ေရွ႔မွာ ဘယ္သူနဲ႔ပဲ Q ေန Q ေန ေလးစားမႈနဲ႔အယဥ္ေက်းဆံုးဆက္ဆံျပဳမူပါ။ဒါက ကိုယ့္ Role ကုိယ္ျမွင့္တဲ႔သေဘာပါပဲ။

၆)ကုိယ့္ကုိယ့္ကုိုယ္ ယံုၾကည္မႈရွိပါ

ရည္းစားေဟာင္းနဲ႔ေတြ႔တဲ႔အခါ ရင္ေတြပရမ္းပတာခုန္ျပီး ေခြ်းစီးလက္စီးေတြထြက္၊ဘာလုပ္ရမွန္း မသိျဖစ္မေနပါနဲ႔။ကုိယ့္ကုိယ့္ကုိယ္ယံုၾကည္မႈရွိပါ။သူထားခဲ႔တာဘာေၾကာင့္ပဲျဖစ္ျဖစ္၊လမ္းခြဲခဲ႔တာဘာေၾကာင့္ပဲျဖစ္ျဖစ္ ကိုယ္က ကိုုယ့္ဘ၀ထဲမွာ ဘုရင္မပါ။ဒါကုိမေမ့ပါနဲ႔။ ယံုၾကည္မႈရွိရွိနဲ႔ေျပာဆုိျပဳမူပါ။

🍀 ရည္းစားေဟာင္းနဲ႔အမွတ္တမဲ႔ဆံုလာခဲ႔ရင္ အလွပဆံုးျပံဳးျပႏႈတ္ဆက္ႏုိင္ၾကပါေစေနာ္ 🍀

Unicode

ချစ်ရတဲ့သူနဲ့လမ်းခွဲပြီးတဲ့နောက်မှာ ဘာအကြောင်းကြောင့်ရယ်တော့မသိ ရည်းစားဟောင်း နဲ့ပြန်တွေ ့ရင် ရှိန်သလိုလို၊ရှိုးတိုးရှန့်တန့်ပဲဖြစ်နေသလို ခံစားရပါတယ်။ဘာပြောလို့ပြောရ မှန်းလည်းမသိပေါ့။ ကိုယ့်ကိုနာကျင်အောင်လုပ်ပြီးထားခဲ့တဲ့ရည်းစားဟောင်းဆိုရင် ဒီတစ်သက်ပြန်တောင် မတွေ့ချင်လောက်အောင်၊လမ်းမှာ အမှတ်တမဲ့တောင် မဆုံချင်လောက်အောင် ဆိုသလိုပါပဲ။ဒါက မိန်းကလေးရော၊ယောကျ်ားလေးရော ခံစားရတာချင်းတူတူပါပဲတဲ့။ချစ်နေသေးတာဖြစ်ဖြစ်၊မုန်းနေတာပဲဖြစ်ဖြစ် ရည်းစားဟောင်းနဲ့ဆုံလာတဲ့အခါ ဒီလိုခံစားချက်မျိုးက ဖြစ်တတ်ပါတယ်။ပြီးတော့ အဲ့ဒီခံစားချက်ကလည်း မကောင်းဘူးဟုတ်! 😞ရည်းစားဟောင်းဆိုတာ ကိုယ့်ရဲ့ ဒိုင်ယာရီထဲက စာမျက်နှာတစ်ရွက်လိုပဲ။ပြန်ဖတ်တဲ့အခါမှာလည်းပြန်ထိရှတာမျိုး! ဖြဲပစ်မလားဆိုတော့လည်း စာအုပ်လေးမလှတော့မှာစိုးလို့ မဖြဲပစ်ရက်တဲ့ခံစားချက်မျိုး !

သိထားရမှာကလောကကြီးက ကျဉ်းကျဉ်းလေးပါ။ တစ်ကွေ့မဟုတ် တစ်ကွေ့တော့ပြန်ဆုံ
ရတတ်ပါတယ်။တကယ်လို့ သင်ရော သင့်ရည်းစားဟောင်းနဲ့အမှတ်တမဲ့ မျက်နှာချင်းဆိုင် လာဆုံပြီဆိုပါတော့။ဘာလုပ်ဖို့စဉ်းစားထားလဲ?သူကိုယ့်ကိုမတွေ့သေးခင် ရှောင်နေလိုက်မလား။ဒါမှမဟုတ်ခပ်တည်တည်ပဲနေလိုက်မလား။မျက်နှာချင်းဆိုင်ကြီးဆုံပြီးကာမှဗြုန်းဆို ထွက်ပြေးပုန်းနေဖို့ဆိုရင်တော့ဒါက ကောင်းတဲ့အကြံတစ်ခုမဟုတ်ဘူးနော်။၂၀၁၀ တုန်းကလေ့လာထားချက်အရ သင်ချစ်ခဲ့ဖူးတဲ့သူ၊သင့်ကိုလမ်းခွဲသွားတဲ့သူကို အမှတ်တမဲ့တွေ့တာဖြစ်ဖြစ်၊တမင်တွေ့ဆုံတာပဲဖြစ်ဖြစ် ပြန်တွေ့ရင်တောင် ရင်ထဲမှာ နာကျင်နေတုန်းပဲလို့တွေ့ရှိရပါတယ်။ဒါပေမဲ့ ကံကောင်းစွာနဲ့ သင့်ရဲ ့ရည်းစားဟောင်းနဲ့
ပြန်ဆုံတွေ့ရင် အေးအေးဆေးဆေးနဲ့နှုတ်ဆက်နိုင်အောင်၊ရည်းစားဟောင်းကို အလှပဆုံးပြုံးပြနှုတ်ဆက်နိုင်စေမယ့် နည်းလမ်းလေးတွေကိုရှာတွေ့ထားပါတယ်။
ကြည့်လိုက်ရအောင်

၁)ကြိုတင်စဉ်းစားထားပါ
လမ်းခွဲပြီးပြီ၊အချိန်ကာလလည်းအတော်အတန်ကြာပြီဆိုရင်တော့ သင့်ရည်းစားဟောင်းနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့အဆင်သင့်ဖြစ်ပြီလားစဉ်းစားပါ။တကယ်လို့များလမ်းမှာ မတော်တဆဆုံခဲ့ရင် ဘာပြောမလဲ၊သူကရော ဘာပြောမလဲပေါ့။နည်းလမ်းကတော့ ရည်းစားဟောင်းရှေ့ကနေ အယဉ်ကျေးဆုံးရှောင်ထွက်နိုင်ဖို့ ယေဘူယျတဲ့မေးခွန်းလေးတစ်ချို့ကိုစဉ်းစားထားပါတဲ့။ လေ့ကျင့်ထားပါ။အလေ့အကျင့်ရှိတော့ ရုတ်တရက်ဆုံလာရင်တောင် နေသားကျပါလိမ့်မယ်။ဥပမာ ဘာတွေလုပ်နေလဲ၊အလုပ်လုပ်ရတာအဆင်ပြေလားဆိုတာမျိုးပေါ့။လမ်းခွဲတာနဲ့ပတ်သက်ပြီး
ဘာမှမဆက်စပ်မိတဲ့မေးခွန်းဆို ပိုပြီးကောင်းပါတယ်။

၂)မပုန်းပါနဲ့။အရင်ဆုံး စနှုတ်ဆက်ပါ

Say hello first! ရည်းစားဟောင်းနဲ့တွေ့တဲ့အခါ သင့်ကိုယ့်သင်မရှိသလို ပုန်းနေဖို့မလိုပါဘူး။ အရေးကြီးတာက စိတ်ကို သေချာငြိမ်အောင်ထားဖို့ပါပဲ။ ရည်းစားဟောင်းနဲ့တွေ့လို့ စိတ်လှုပ်ရှားပြီးအယောင်ယောင်အမှားမှားဖြစ်နေရင် သူ့ဘက်က သင်ကသူ့အပေါ် ခံစားချက်တွေကျန်နေသေးမှန်းသိသွားပြီးသင့်ကို အားနာသလိုလုပ်ရင် ဒါကသင့်ကိုပိုပြီး ခံစားရဆိုးစေပါတယ်။

၃)တိုတိုနဲ့ချိုသာတဲ့စကားပြောပါ
သူနဲ့တွေ့ရင်ဘာပြောရမလဲ၊ဘာမေးရမလဲ ကြိုတင်မစဉ်းစားထားဘူးဆိုရင်တော့ ဒီနည်းလမ်းကို သုံးပါ။”နှုတ်ဆက်ပါ။ဘာတွေလုပ်နေလဲ၊ဘာညာစကားစမြည်ပြောပြီး ကောင်းမွန်တဲ့ စကားတစ်ခုခုနဲ့ နှုတ်ဆက်ပြီးရှောင်ထွက်ပါ”။ဘယ်သူမှ ရည်းစားဟောင်း နဲ့အကြာကြီး စကားပြောရမှာ နှစ်သက်မယ်မထင်ပါဘူးနော်။

၄)ရည်းစားဟောင်းနဲ့ ဘားတို့၊ပါတီတို့မှာတွေ့လာရင်…
ကဲ ကဲ ရည်းစားဟောင်းနဲ့ဘားတွေ၊ပါတီတွေမှာဆုံလာရင် အရက်ကိုအမုန်းသောက်မယ် ၊ကဲမယ်ဆိုတဲ့စိတ်ကူးကိုဖျက်လိုက်ပါတော့။အရက်က စိတ်ခံစားချက်ကိုထွေပြားစေပါ တယ်။ပြီးတော့စိတ်ဓာတ်ကိုလည်းပျော့လာစေပါတယ်။သူက သောက်ဖို့အဖော်စပ်ရင်တောင် ချိုချိုသာသာငြင်းပြီးရှောင်ပါ။

၅)လေးစားမှုရှိပါ
တကယ်လို့များကိုယ့်ရည်းစားဟောင်းက တစ်ခြားတစ်ယောက်နဲ့ပလူးပလဲနေတာကိုမြင်ခဲ့ရင် သဝန်တိုစိတ်နဲ့ ဘာမှမတုံ့ပြန်မိပါစေနဲ့။ရည်းစားဟောင်းဆိုတာကိုအမှတ်ရပါ။ ကိုယ့်ကိုထားခဲ့တဲ့ရည်းစားဟောင်းကြောင့် ဒေါသထွက်နေရင် နှစ်ခါရှုံးတာပါပဲ။ကိုယ့်ရှေ့မှာ ဘယ်သူနဲ့ပဲ Q နေ Q နေ လေးစားမှုနဲ့အယဉ်ကျေးဆုံးဆက်ဆံပြုမူပါ။ဒါက ကိုယ့် Role ကိုယ်မြှင့်တဲ့သဘောပါပဲ။

၆)ကိုယ့်ကိုယ့်ကိုုယ် ယုံကြည်မှုရှိပါ

ရည်းစားဟောင်းနဲ့တွေ့တဲ့အခါ ရင်တွေပရမ်းပတာခုန်ပြီး ချွေးစီးလက်စီးတွေထွက်၊ဘာလုပ်ရမှန်း မသိဖြစ်မနေပါနဲ့။ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုရှိပါ။သူထားခဲ့တာဘာကြောင့်ပဲဖြစ်ဖြစ်၊လမ်းခွဲခဲ့တာဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်က ကိုုယ့်ဘဝထဲမှာ ဘုရင်မပါ။ဒါကိုမမေ့ပါနဲ့။ ယုံကြည်မှုရှိရှိနဲ့ပြောဆိုပြုမူပါ။

🍀 ရည်းစားဟောင်းနဲ့အမှတ်တမဲ့ဆုံလာခဲ့ရင် အလှပဆုံးပြုံးပြနှုတ်ဆက်နိုင်ကြပါစေနော် 🍀

261 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.