မင်္ဂလာဆောင်လိုက်ကြပြီဖြစ်တဲ့ Game of Thrones မင်းသား Kit Harington နဲ့ မင်းသမီး Rose Leslie

Game of Thrones မင်းသား Kit Harington နဲ့ မင်းသမီး Rose Leslie တို့ကတော့ ဗြိတိန်မှာ ပြီးခဲ့တဲ့ (၂၃)ရက်၊ စနေနေ့မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာမောင်နှမတွေဖြစ်တဲ့ နဂါးတို့ရဲ့မိခင် Daenerys Targaryenအဖြစ် Emilia Clarke , Tyrion Lannister (Peter Dinklage) တို့လည်း မင်္ဂလာပွဲသို့တက်ရောက်ခဲ့ကြပါတယ်။

Image may contain: 3 people, people smiling, people standing and wedding

Kit Harington နဲ့ Rose Leslie တို့က ၂ဝ၁၂ခုနှစ်တည်းက တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့ရဲ့စေ့စပ်ပွဲကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့ကြောင်းTimes သတင်းစာမှာဖော်ပြခဲ့ပါတယ်။
သူတို့မင်္ဂလာဆောင်မယ့် သတင်းတွေကတော့ ပြီးခဲ့တဲ့လမှာထွက်ရှိလာခဲ့ပေမယ့် အခုတော့
ရယ်မောပျော်ရွှင်နေတဲ့ သူတို့ရဲ့မင်္ဂလာပွဲပုံရိပ်လေးတွေ တက်လာချိန် ပရိတ်သတ်တွေလည်း
ထပ်တူဝမ်းသာရပါတယ်။

Daily Mail သတင်းအရ Leslie ရဲ့ဆွေစဉ်မျိုးဆက် နှစ်ပေါင်း၉ဝဝကြာ နေထိုင်လာတဲ့ စကော့
တလန်၊Aberdeenက Wardhill ရဲတိုက်မှာ သူတို့ရဲ့မင်္ဂလာပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မင်္ဂလာပွဲက ကြည်နူးစရာပုံရိပ်လေးတွေနဲ့ ပွဲသို့တက်ရောက်လာတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးလိုက်တယ်နော်..

Image may contain: 4 people, people smiling

 

Image may contain: 1 person, smiling, standing, car and outdoor

Emilia Clarke (Daenerys Targaryen)

Image may contain: one or more people, people standing, shoes, suit and outdoor

Peter Dinklage (Tyrion Lannister)

Image may contain: 1 person, standing, shoes and outdoor

Scottish အဝတ်အစားနဲ့ ပွဲတက်ခဲ့တဲ့ Robb Stark ( Richard Madden)

Image may contain: 2 people, people standing, shoes and outdoor

Sophie Turner (Sansa Stark) နဲ့ Maisie Williams (Arya Stark)

Image may contain: 3 people, people standing, suit, wedding and outdoor

John Bradley (Samwell Tarly), Joe Dempsie (Gendry) နဲ့ Conleth Hill (Varys)

Image may contain: 1 person, standing, suit and outdoor

Liam Cunningham (Ser Davos Seaworth)

 

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.