မိုးလေးဖွဲဖွဲမှာ ဖီးလ်ချင်သူတွေ နားထောင်သင့်တဲ့ အဆွေးသီချင်းလေးတွေ

အခုလိုမိုးရာသီဟာဆိုရင်တော့ဖြင့် အ feel တစ်လိုင်းတွေအတွက်အခွင့်ကောင်းလို့ဆိုရမှာပါပဲ။ အသည်းကွဲနေလို့ပဲဖြစ်ဖြစ် ရည်းစားဖြင့်မရှိပဲ သူ့အလိုလိုကိုဖီးလ်ချင်နေတာပဲဖြစ်ဖြစ် ဘာကြောင့်ဖီးလ်ဖီးလ် သီချင်းလေးနဲ့ဖီးလ်ဆိုသလို ခပ်မိုက်မိုက်အဆွေးသီချင်းလေးတွေနားထောင်ပြီးဖီးလ်လို့ရပါတယ်ပေါ့။ မိုးအေးအေးနဲ့ စောင်ခြုံပြီးမရှိတဲ့ချစ်သူကိုရော်ရမ်းမှန်းမျှော်ရင်း ဖီးလ်လို့ရတဲ့ သီချင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

Back to You – Selena Gomez

ဒီသီချင်းကတော့ တော်တော်ခေတ်စားနေတဲ့သီချင်းဖြစ်သလို သီချင်းထဲမှာကိုခံစားချက်တွေပျော်ဝင်နေတဲ့သီချင်းလည်းဖြစ်ပါတယ်။ Selena ရဲ့အချစ်ရေးကလည်းသိတဲ့အတိုင်းပဲ Justin Bieber နဲ့ ပြတ်နေချိန်မှာရေးတဲ့သီချင်းလည်းဖြစ်လေတော့ Justin ကိုရည်ညွှန်းတာလို့ ပြောလို့ရတဲ့သီချင်းပဲဖြစ်ပါတယ်။ သီချင်းက သူအမြဲလိုလိုပြန်ပြေးလေ့ရှိတဲ့ရင်ခွင်တစ်ခုအကြောင်းရေးဖွဲ့ထားတာဖြစ်ပြီိး ကိုယ့်ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် အချိန်တန်ရင်အဲဒီလူရှိရာပြန်သွားဖြစ်ဦးမှာပဲဆိုတာကြိုသိနေတယ်ဆိုတဲ့ ခံစားချက်ကိုရေးဖွဲ့ထားတာာပါ။

 

Back to December- Taylor Swift

Tay Tay ရဲ့ သီိချင်းတွေကတော့ တစ်ပုဒ်မှပစ်စရာမရှိ အကုန်ကောင်းတဲ့သီချင်းတွေပဲဆိုတာ သိကြမှာပါ။ ဒီသီချင်းဟာ 2010 မှာထွက်ရှိခဲ့တဲ့ Tay Tay ရဲ့ Speak Now album ထဲမှာပါဝင်တဲ့ သီိချင်း 14 ပုဒ်အနက်တစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီသီချင်းကို Taylor က သူမရဲ့ Ex Taylor Lautner အတွက်ရေးထားတာဖြစ်ကြောင်း ကောလဟလတွေထွက်ပေါ်လာခဲ့ဖူးပြီး Taylor က အဲဒါကိုတစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိခဲ့ပါဘူး။ သီချင်းရဲ့အဓိပ္ပါယ်က သူမရဲ့အချစ်ဟောင်းကိုဖြစ်နိုင်ရင်ပြန်လာစေချင်တဲ့အကြောင်းနဲ့ မှားခဲ့တာတွေအတွက်တောင်းပန်ချင်ကြောင်းရေးထားတာပဲဖြစ်ပါတယ်။

 

We Don’t Talk Anymore – Charlie Puth,Selena Gomez

ဒီသီချင်းကတော့ “ေ-ာက်စကားမပြောကြတော့ပါ”ဆိုလား မြန်မာလိုတွေတောင်ပြန်လိုက်ကြသေးတဲ့ နာမည်ကြီးသီချင်းလေးတစ်ပုဒ်ပါပဲ။ သီချင်းရဲ့အကြောင်းအရာက ရည်းစားမကျ သူငယ်ချင်းမက potential လေးနဲ့ စကားတွေအများကြီးပြောဖြစ်ကြရင်းနဲ့ ရုတ်တရက်သူရောကိုယ်ပါမခေါ်ဖြစ်ကြတော့ပဲ အနေစိမ်းသွားတဲ့အကြောင်းရေးထားတာပါ။ သိကြတဲ့အတိုင်း Charlie Puth နဲ့ Selena ကလည်း သီချင်းအတူလုပ်ရင်းနဲ့ဇာတ်လမ်းလေးတွေရှိခဲ့ကြပြီး Selena က Justin ဆီပြန်သွားတဲ့အခါ သီိချင်းကပိုပြီိးလေးနက်လာတော့တာပေါ့။

 

လိမ်လိမ်မာမာနေ- ရဲရင့်အောင်

အင်္ဂလိပ်သီချင်းတွေညွှန်းပြီးတော့ မြန်မာသီချင်းလေးတွေလည်းညွှန်းချင်ပါသေးတယ်။ ရဲရင့်အောင်ရဲ့သီချင်းအများစုက အလွမ်းသီချင်း၊အသည်းကွဲသီချင်းတွေဖြစ်နေတာသတိထားမိကြမှာပါ။ ဒီတစ်ပုဒ်ကလည်းပရိသတ်တွေအကြိုက်ပါပဲ။လမ်းခွဲပြီးသွားတဲ့ ချစ်သူကို နောက်တစ်ယောက်ရဲ့အနားမှာ လိမ်လိမ်မာမာနေဖို့အကြောင်း၊ပျော်နေတာပဲမြင်ချင်လို့ခွင့်လွှတ်လိုက်ပေမယ့်လည်း နာကျင်ရတဲ့အကြောင်းရေးသားထားတာပါ။ ရဲရင့်အောင်ရဲ့ဟန်အတိုင်း အသည်းကွဲသီိချင်းတွေတောင်ချစ်ဖို့ကောင်းအောင်ဆိုတတ်သူမို့ ဒီသီချင်းလေးကလည်း ရင်ထဲစွဲမြဲစေမယ့်သီချင်းလေးတစ်ပုဒ်ပါပဲ။

 

Better Than Me- Yair Yint Aung,Thar Thar

ဒီသီချင်းကတော့ ရဲရင့်အောင်ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေ “သဝေထိုးခကွေးယပင့်”မှာပါဝင်တဲ့သီိချင်းကောင်းတွေထဲကတစ်ပုဒ်ပါ။ Featuring အနေနဲ့သားသားကဆိုပေးထားတာဖြစ်ပြီိး MTV ဆိုရင်လည်း studio ထဲမှာ ဆိုနေကြတာကိုရိုက်ကူးထားတာမို့ သဘာဝကျတယ်လို့ခံစားရစေမှာအမှန်ပါပဲ။ သီချင်းကတော့ အသည်းကွဲသီချင်းပါ။ဒါပေမယ့် အရမ်းအေးစက်လွန်းတဲ့သီချင်းမျိုးမဟုတ်ပဲ အသည်းကွဲသီိချင်းကိုမှ ရဲရင့်အောင်ရဲ့စတိုင်အတိုင်း ခပ်မြူးမြူးနဲ့ နာကျင်ရတဲ့ခံစားချက်တွေကိုလည်းပေါ်အောင် သိပ်ပြီးဆိုးဆိုးဝါးဝါးကြီးလည်းမခံစားရအောင်ဖန်တီးထားတဲ့သီချင်းလေးတစ်ပုဒ်ပါ။

 

ဟိုအရင်ကလို – ရဲလေး,နင်ဇီမေ

ရဲလေးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းအကြာက ထုတ်ထားခဲ့တဲ့ တတိယကာရန်က အခုအချိန်အထိလူငယ်တွေရင်ထဲမှာစွဲမြဲနေအောင်၊တတိယကာရန်ကသီချင်းတွေကိုနားထောင်မိရင် ကျောင်းသားဘဝကိုပြန်ရောက်သွားအောင်စွမ်းဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦိးဆိုရင်လည်း မမှားဘူးလို့ဆိုရမှာပါ။ အဲဒီိလိုရဲလေးက ဖန်တီိးထားတဲ့ သီချင်းကို ရဲလေးနဲ့ နင်ဇီမေက အတူတွဲဖက်သီဆိုထားတဲ့ “ဟိုအရင်ကလို”ဆိုတဲ့သီချင်းလေးဟာလည်း လူငယ်ပရိသတ်တွေပါးစပ်ဖျားမှာအချိန်အတော်ကြာတည်ရှိနေသေးတဲ့သီချင်းလေးပါ။

 

အခုဖော်ပြသွားတာလေးတွေကတော့ မိုးအေးအေးမှာ နားထောင်လို့ကောင်းတဲ့အဆွေးသီချင်းလေးတွေပါ။ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေရှိရင်လည်း comment ထဲမှာအပြန်အလှန်ဝေမျှခဲ့စေချင်ပါတယ်။

 

Unicode Format


Back to You – Selena Gomez


Back to December- Taylor Swift


We Don’t Talk Anymore – Charlie Puth,Selena Gomez




Better Than Me- Yair Yint Aung,Thar Thar





10 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.