ချစ်သူကောင်လေးကိုဘယ်တော့မှ မတောင်းဆိုသင့်တဲ့အရာတွေ

မိန်းကလေးအချင်းချင်းမို့ပြောတယ်မထင်ပါနဲ့။မိန်းကလေးအများစုက ရည်းစားရလိုက်ပြီဆိုတာနဲ့ အရုပ်တစ်ရုပ်ရလိုက်သလို (ယဉ်ကျေးစွာသုံးနှုန်းထားတာပါနော်) ကိုယ်ထားရာနေစေရာသွားဖြစ်ဖို့ ကြိုးစားပမ်းစားကြိုးကိုင်တော့တာပါပဲ။ ဒီတော့ အစပိုင်းမှာသာအဆင်ပြေပေမယ့် နောက်ပိုင်းအချိုးပြောင်းတယ်ဘာညာဖြစ်ကြတော့တာပါပဲ။ ဒါကြောင့်ပျိုမေတို့အချစ်ရေးအဆင်ပြေစေဖို့ ချစ်သူကောင်လေးကိုဘယ်တော့မှမတောင်းဆိုသင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

သူ့ရဲ့ကိုယ်ရေုးကိုယ်တာအချက်အလက်တွေ

ကိုယ်ရေးကိုယ်တာအချက်အလက်တွေဆိုတဲ့နေရာမှာ Social Media Password တွေပါပါဝင်ပါတယ်။နှစ်ယောက်သား လက်ထပ်ပြီးပြီဆိုရင်တောင်မှ ကိုယ်ချစ်တဲ့သူရဲ့အရာအားလုံးကိုသိနေဖို့ လက်ထဲမှာချုပ်ကိုင်ထားဖို့မလိုအပ်ပါဘူး။ပြေးပေါက်မရှိအောင်ချုပ်ကိုင်ထားလို့အနားမှာရှိနေတာထက် သူတကယ်ချစ်လို့အနားမှာရှိနေတာကပိုကောင်းပါတယ်။

 

သူ့မိဘ၊ကိုယ့်မိဘထက်ပိုချစ်ပေးဖို့

အချို့ကရှိပါတယ်။ဖေဖေမေမေထက် ပိုချစ်မှာလား ဘာညာ။ဒါတွေကသီချင်းထဲမှာပဲနားထောင်လို့ကောင်းတဲ့အရာတွေပါ။ မိဘကမိဘ ချစ်သူကချစ်သူပါပဲ။ချစ်သူကိုအစားထိုးလို့ရပေမယ့် မိဘကိုအစားထိုးလို့မရပါဘူး။ဒါကြောင့် သူ့မိဘကသူ့ကိုချစ်တာထက် သူကကိုယ့်ကိုပိုချစ်ပေးဖို့၊ဒါမှမဟုတ်ကိုယ့်မိဘကကိုယ့်ကိုချစ်တာထက် သူကကိုယ့်ကိုပိုချစ်ပေးဖို့လုံးဝမတောင်းဆိုသင့်ပါဘူး။

 

သူ့ရည်းစားဟောင်းနဲ့အမှတ်တရတွေပြောပြဖို့

လူတိုင်းနီိးပါးမှာ အရင်လူတွေဆိုတာကရှိကြတာပါပဲ။ဒီတော့ … ရည်းစားဟောင်းနဲ့ပက်သက်တဲ့အမှတ်တရတွေ၊ဒါမှမဟုတ် ရည်းစားဟောင်းအကြောင်းတွေမေးတာ၊ရစ်တာဟာ အတော်ကိုအသိညဏ်နုံနဲ့တဲ့အပြုအမူတွေဖြစ်သလို လက်ရှိတည်ဆောက်ထားတဲ့အချစ်ရေးကို မယိုင်ယိုင်အောင်တွန်းဖြိုနေတဲ့အပြုအမူတွေဖြစ်ကြောင်း သတိပေးလိုက်ပါရစေ။

 

ပိုက်ဆံ/ဈေးကြီးတဲ့အသုံးအဆောင်တွေ

ဒါကတော့ လူတိုင်းနီးပါးသိကြပါတယ်။အချို့သောမိန်းကလေးတွေက ရည်းစားရလိုက်ပြီိဆိုတာနဲ့ ဘဏ္ဍာရေးမှူးကြီးရလိုက်သလို သုံးမကုန်တဲ့ဘဏ်တိုက်ကြီးရလိုက်သလိုသဘောထားပြီးတွေ့သမျှ online shop တွေအောက်မှာ mention ထိုင်ခေါ်၊ဟိုဟာလိုချင်တယ်ဒီဟာလိုချင်တယ်လုပ်တော့တာပါပဲ။ သင့်အနေနဲ့ သင်လိုချင်တာမဝယ်ပေးလို့သင့်ကောင်လေးကိုစိတ်ကောက်မယ်ဆိုရင် သင်တွဲနေတာ ချစ်သူလား sugar daddy လားပြန်စဉ်းစားပါ။ ဒီိနေရာမှာ Anniversary present အဖြစ် လက်ဆောင်အနည်းအကျဉ်းလက်ခံတာမပါပါဘူး။

 

မတည်နိုင်တဲ့ကတိတွေတောင်းတာ

မတည်နိုင်တဲ့ကတိဆိုတာ တောင်းမိတဲ့သူအရူးပါပဲ။ ကိုယ့်စိတ်နာကျင်မှုကိုကိုယ်အင်တိုက်အားတိုက်ကြိုးစားပမ်းစားတောင်းယူတာလည်းဖြစ်ပါသေးတယ်။ အစကတည်းက ကတိတစ်ခုခုတောင်းတော့မယ်ဆိုရင် သူ့အခြေအနေ အနေအထားနဲ့က တည်နိုင်လားမတည်နိုင်ဘူးလား ကိုယ့်ဘာသာအရင်သုံးသပ်ပါ။ အခြေခံအချက်လေးတွေလောက်ကိုကတိမတည်နိုင်တဲ့ ကိုယ်ကျင့်တရားဆင်းရဲတဲ့လူမျိုးဆိုရင်တော့လည်း ဘာလို့တွဲနေတော့မလဲ။

ဒါတွေကတော့ သင့်ချစ်သူကောင်လေးအပေါ်ဘယ်တော့မှမတောင်းဆိုသင့်တဲ့အရာတွေပါ။ နှစ်ဦးနှစ်ဖက်အပေးအယူမျှပြီး ပျော်ရွှင်အေးချမ်းတဲ့အချစ်ရေးလေးတွေတည်ဆောက်နိုင်ကြပါစေ။

 

Unicode Format













510 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.