Foodie လေးတွေ ရှယ်ထားသင့်တဲ့ Crispy Crunchy Fried Shrimp လုပ်နည်း

ဒီတစ်ခါတော့ အားလပ်ရက်ဆိုအပြင်ထွက်မစားချင်ပဲ အိမ်မှာပဲ ကိုယ်တိုင်လုပ်စားချင်တဲ့ Foodie လေးတွေအတွက် Crispy Crunchy Fried Shrimp(မြန်မာလိုဆို ပုစွန်တန်ပူရာကြော်ပေါ့) လုပ်နည်းလေး ပြန်ပြီးမျှဝေပေးမှာဖြစ်ပါတယ်။မိုးတွင်းဖြစ်လို့ ပုစွန်တွေလည်းဈေးသက်သက် သာသာနဲ့များများဝယ်ယူလို့ရပါတယ်။ဆိုင်မှာစားတာထက် အိမ်မှာလုပ်စားတာက ပိုပြီးလည်းတန် တယ်နော့။အိမ်မှာကိုယ်တိုင်လုပ်တာဖြစ်လို့သန့်ရှင်းလတ်ဆတ်ပြီးအရသာလည်းပိုပြီးကောင်းမယ် ဆိုတာ သေချာပါတယ်။သိတဲ့သူတွေလည်းသိကြသလို မသိတဲ့သူတွေလည်း ရှယ်ထားဖို့ မမေ့နဲ့နော်။

Crispy Crunchy Fried Shrimp လုပ်ဖို့ ဘာတွေလိုအပ်လဲဆိုရင်…
၁)ပုစွန်
၂)ဂျုံမှုန့် (အရွယ်တော်ပန်းကန်လုံးတစ်လုံးစာ)
၃)ကြက်ဥ (ပုစွန်အရသာလည်းမပျောက်အောင် အသင့်အတင့်ထည့်ဖို့ မမေ့နဲ့နော်)
၎)ပေါင်မုန့်ကြွပ် (ပန်းကန်လုံးတစ်လုံးစာ)
၅)ဆား အနည်းငယ်
၆)ငရုတ်ကောင်းမှုန့် အနည်းငယ်
၇)ကြက်သွန်ဖြူအမှုန့် အနည်းငယ်
၈)ဟင်းရွက်ဆီ (ပုစွန်အကောင်အရွယ်အစား၊ဆီအိုးထဲထည့်ကြော်မယ့် ပုစွန်အကောင်အရေအတွက်ပေါ်မူတည်ပြီးဆီကိုထည့်ပေါ့)
၉)ဆော့စ်
၁၀)သံပုရာသီးစိတ်(အလှဆင်ဖို့)

ဘယ်လိုလုပ်ရမလဲဆိုရင်..
၁) ပထမဆုံးပုစွန်တွေကို သေချာခေါင်းဖြုတ်သန့်စင်လိုက်ပါ။ပြီးရင် ဆား၊ငရုတ်ကောင်းမှုန့် ၊ကြက်သွန်ဖြူမှုန့်နဲ့ပုစွန်တွေကိုနယ်လိုက်ပါ။
၂)ကြက်ဥတွေကို ခလောက်ပါ။ပြီးရင် ဂျုံမှုန့်၊ပေါင်မုန့်ကြွပ်တွေကို ပန်းကန်တစ်လုံးစီ သပ်သပ်စီခွဲထားပါ။
၃)ခုနကနယ်ထားတဲ့ပုစွန်တွေကို ပထမဆုံးဂျုံမှုန့်ခွက်ထဲထည့်ပြီး ဂျုံတွေကပ်နေအောင် လုပ်ပါ။ပြီးရင် ကြက်ဥခွက်၊ပြီးရင် ပေါင်မုန့်ကြွပ်ထဲကို နှစ်ပြီးဆီပူထဲကိုထည့်ကြော် လိုက်ရုံပါပဲ။ပုစွန်လေးတွေ ရွှေရောင်သန်းလာတဲ့အထိဖြည်းဖြည်းချင်းကြော်လှော်ပေးပါ။

ရွှေရောင်သန်းလာပြီ၊အထဲကအသားလည်းကျက်ပြီဆိုရင်တော့ သင်ထည့်ချင်တဲ့ပန်းကန်လုံးထဲကို ပုစွန်လေးတွေထည့်၊ဘေးနားမှာသံပုရာသီးစိတ်လေးတွေ အလှဆင် ၊ဆော့စ်လေးဘေးနား မှာပုံထား…(ရေးရင်းနဲ့တောင်စားချင်လာမိ)ပုစွန်တန်ပူရာကြော်လေးစားလိုက်၊ ရုပ်ရှင်လေးကြည့်လိုက်၊အအေးလေးသောက်လိုက်နဲ့ သင့်ရဲ့အားလပ်ရက်က So fine ပေါ့ 😋😉

Unicode

23 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.