John Mayer နဲ့ Katy Perry တို့ဟာ သူတို့နှစ်ဦးအတူသီဆိုထားတဲ့ single သီချင်းသစ်ထဲမှာ “You Love who you love” လို့သီဆိုထားတာဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ‘Who You Love’ သီချင်းရဲ့ ဗီဒီယိုအသစ်ကို ထုတ်ခဲ့ပါတယ်။
အဲဒီ့ ဗီဒီယိုမှာတော့ စုံတွဲတွေဟာ slow motion နဲ့နွားရုပ်ကြီးတွေစီးနေတာဖြစ်ပါတယ်။ Mayer နဲ့ Perry တို့ကတော့ မီးပန်းတွေရှေ့မှာနွားရုပ်ကြီးအတူစီးပြီး တစ်ယောက်ကိုတစ်ယောက်သီချင်းဆိုပြနေကြပါတယ်။
သူတို့နှစ်ဦးလုံးပါဝင်တဲ့ ပထမဆုံးရုပ်သံ အင်တာဗျူးမှာတော့ “ကျွန်တော်တို့ အဲဒီ့အချိန်မှာ ဘယ်လို body language မျိုးနဲ့ လုပ်ပြရမယ်ဆိုတာကို အတိအကျမသိပါဘူး” လို့ John Mayer ကနောက်ပြောင်ပါတယ်။
“တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်နေတဲ့အခါ စိတ်ခံစားချက်တွေ ဖွင့်ဟနိုင်တဲ့အနေအထားမျိုးဖြစ်သွားတယ်။ ပြီးတော့ အဝေးကြီးရောက်သွားတာပဲ။ သူတို့ပြောတာက “စိတ်ချင်းဆက်နွယ်မှုကိုမတွေ့ရဘူး”တဲ့။ သူတို့ဒီဗီဒီယိုထဲမှာတော့ စိတ်ချင်းဆက်နွယ်နေမှုကိုတွေ့ရမှာပါ” လို့ Katy Perry ကပြောပါတယ်။
Ref:billboard