ယူတို့ကြွေနေတဲ့ CEO လေး လီယောင်ဂျွန်း ရဲ့ အိပ်မက်မင်းသမီးက ဒီလိုပုံစံပါတဲ့ …

အခုတလော ခေတ်စားနေတဲ့ Korean Drama တွေထဲမှာမှ ထိပ်ဆုံးမှာရပ်တည်နေတာကတော့ “What’s Wrong With Secretary Kim”ဆိုတဲ့ ကားလေးပါပဲ။ ဒီကားလေးရဲ့ အဓိကသရုပ်ဆောင်တွေကတော့ မင်းသား Park Soe Joon နဲ့ မင်းသမီး Park Min Young တို့ပဲဖြစ်ပါတယ်။

Park Soe Joon ဟာဆိုရင် 2012 ခုနှစ်က Dream High 2 ထဲမှာ ပါဝင်သရုပ်ဆောင်ရာကနေစပြီးပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုရရှိထားတာဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ 2017 မှာလည်း Soe Joon ပါဝင်သရုပ်ဆောင်ထားတဲ့ Fight For My Way ဇာတ်ကားလေးဟာလည်း ပရိသတ်တွေကြားမှာရေပန်းစားခဲ့သေးတာပါ။ မင်းသမီး Park Min Young ကတော့ ကိုရီိးယားမှာတင်မက အာရှမှာပါနာမည်ကျော်သွားခဲ့တဲ့ City Hunter ဇာတ်ကားထဲမှာ Lee Min Ho နဲ့တွဲဖက်ပြီးအဓိကမင်းသမီးအဖြစ်သရုပ်ဆောင်ထားခဲ့သူမို့ မင်းသားရောမင်းသမီးပါ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ “What’s Wrong With Secretary Kim”ဇာတ်ကားလေးက ကြည့်လို့ကောင်းမှာအမှန်ပါပဲ။ သူက On-going Series ဖြစ်ပြီး လောလောဆယ် အပိုင်းခြောက်ထိပဲထွက်သေးပေမယ့် ပရိသတ်တွေကတော့ ထွက်သလောက်ကလေးကိုမစို့မပို့ကြည့်ပြီး CEO လေး လီယောင်ဂျွန်းကို အသည်းအသန်ကြွေနေကြပါပြီိ။ဒါကြောင့် CEO လေးရဲ့ပရိသတ်တွေအတွက် Park Seo Joon ရဲ့ အိပ်မက်ထဲက ချစ်သူပုံစံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

သူ့ထက်အသက်ကြီးရမယ်

စိတ်ဆင်းရဲသွားကြပြီလား။မျက်ရည်တွေဘာတွေမဝဲပါနဲ့ဦးလေ။ အသက်ကတော့ optional လို့ Seo Joon က ဆိုပါတယ်။ ဒါပေမယ့် Seo Joon ဖြေခဲ့သမျှအင်တာဗျူးတွေကိုကြည့်ခြင်းအားဖြင့် he has a thing for Noonas ပါ။ သူက မမတွေကိုပိုပြီးကြွေတတ်ကြောင်းသိရပါတယ်။ သူ့ကိုချစ်တာက မမ ဆိုရင် သူကပြန်ချစ်ဖို့အလားအလာအများကြီိးရှိတဲ့သဘောပါ။

 

သွက်လက်တက်ကြွရမယ်

Seo Joon ရဲ့နှလုံးသားကိုဖမ်းဆုပ်နိုင်တဲ့ မိန်းကလေးကတော့ သွက်လက်ဖျတ်လတ်ပြီးအမြဲတမ်းတက်ကြွနေတဲ့မိန်းကလေးမျိုးပါ။ Seo Joon က Interview တစ်ခုမှာ သူ့ရဲ့တွဲဖက်မင်းသမီးဖြစ်ခဲ့ဖူးတဲ့ Kim Hye Jin ရဲ့ အမြဲလိုလိုတက်ကြွနေတတ်တဲ့ ပုံစံလေးကိုသဘောကျကြောင်းထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် လေးလံထိုင်းမှိုင်းမှုတွေကိုစွန့်ပစ်သင့်ပါပြီနော်။ CEO လေးကိုချစ်ရင်ပေါ့။

သူ့ကိုနားလည်မှုပေးနိုင်ရမယ်

Park Seo Joon ဟာ ပျော်ပျော်နေတတ်ပြီး ရယ်ရတဲ့ character တွေကိုသရုပ်ဆောင်တာများပေမယ့်လည်း သူကတကယ်တော့ Introvert တစ်ဦိးဖြစ်တယ်လို့ဆိုပါတယ်။ သူကများသောအားဖြင့် တိတ်ဆိတ်နေတတ်ပြီး လျို့ဝှက်တတ်တဲ့သူမျိုးဖြစ်တာကြောင့် သူ့ရဲ့အဲ့ဒီလိုအကျင့်တွေကိုအပြစ်မမြင်ပဲနားလည်ပေးတတ်တဲ့သူမျိုးဖြစ်ဖို့လိုပါတယ်။ အဲ့ဒါကြောင့်များ သူက မမတွေကိုပိုပြီးစိတ်ယိုင်တတ်တာလားမသိ၊အသက်ကြီိးတော့နားလည်မှုပေးနို်င်တယ်လေ။ မောင်လေးလိုရော ချစ်သူလိုပါစောင့်ရှောက်နိုင်တာပေါ့။

 

လက်ချောင်းလှလှလေးတွေရှိရမယ်

ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်တော့ Seo Joon က လက်ချောင်းလှလှလေးတွေကိုချစ်မြတ်နိုးပါတယ်တဲ့။မိန်းကလေးအများစုမှာ သွယ်လျလှပတဲ့လက်ချောင်းလေးတွေရှိတတ်တာမို့ ဒီအချက်ကတော့ သူ့ရဲ့ချစ်သူရွေးချယ်မှုမှာ ကန့်လန့်ခံနေမှာမဟုတ်ဘူးလို့ပြောလို့ရပါတယ်။ လက်ချောင်းလေးတွေကကြည့်လိုက်တာနဲ့ သွယ်လျနေပြီိး အနုပညာလက်ချောင်းမျိုးဖြစ်နေတာကို CEO လေးက ကြွေပါသတဲ့။

လန်းဆန်းတဲ့အပြုံးပိုင်ရှင်လေးဖြစ်ရမယ်

Seo Joon အနေနဲ့တော့ မိန်းကလေးတစ်ယောက်မှာ အလှပဆုံးအရာဟာ သူမရဲ့အပြုံးတစ်ချက်ပဲဖြစ်ကြောင်း ယုံကြည်ပါတယ်တဲ့။ ဘယ်သူမဆိုပြုံးလိုက်ရင်အနည်းနဲ့အများတော့ပိုချောသွားကြတာပဲဆိုပေမယ့် Seo Joon ကတော့ သူ့ချစ်သူဖြစ်လာမယ့်မိန်းကလေးမှာ အပြုံးချိုချိုလေးလည်းရှိစေချင်တယ်ဆိုပါတယ်။ သူ့ရဲ့မောပန်းတဲ့တစ်နေ့တာကိုဖြတ်သန်းအပြီးမှာ သူမရဲ့အပြုံးတစ်ချက်က ပင်ပန်းနွမ်းနယ်မှုတွေကိုယူပစ်သလိုပျောက်သွားစေမယ့်မိန်းကလေးမျိုးပေါ့။

 

စကားပြောကောင်းရမယ်

Seo Joon က ပင်ကိုယ်အနေအေးပြီးတိတ်ဆိတ်တတ်တဲ့သူမို့ သူ့လိုတိတ်ဆိတ်တဲ့မိန်းကလေးမျိုးနဲ့ဆိုရင်နှစ်ယောက်သားဘာစကားမှမပြောဖြစ်ပဲမျက်နှာသေကြီးတွေနဲ့ပဲထိုင်နေကြမယ့်ပုံရှိလို့ အဆင်မပြေပါဘူးလို့ အင်တာဗျူးတစ်ခုမှာဖြေဖူးပါတယ်။သူ့စိတ်ကူးထဲကမိန်းကလေးပုံစံက သွက်လက်တက်ကြွပြီး သူ့ကိုပါသူမရဲ့သွက်လက်လန်းဆန်းမှုတွေကူးစက်လာစေမယ့် သူမျိုးပါတဲ့။ ဒါကြောင့် သူချစ်မယ့်မိန်းကလေးဟာ စကားပြောကောင်းရပါမယ်။တစ်စုံတစ်ခုကိုစီကာပတ်ကုံးပြောပြနိုင်မယ့်သူမျိုးဖြစ်ပြီး သူ့ရဲ့တိတ်ဆိတ်နေတတ်ခြင်းကိုလည်း နားလည်ပေးပြီး သူ့ကိုတိတ်ဆိတ်နေတဲ့ကမ္ဘာထဲကနေဆွဲထုတ်ပေးနိုင်တဲ့သူမျိုးဖြစ်ရမယ်လို့ဆိုပါတယ်။

 

အပေးအယူမျှရမယ်

လူတစ်ယောက်ကိုချစ်ရတယ်ဆိုတာမလွယ်ပါဘူး။ Park Seo Joon ရဲ့ အဆိုအရတော့ သူ့ချစ်သူဖြစ်လာမယ့်မိန်းကလေးဟာ သူနဲ့ကူးလူးဆက်သွယ်ရာမှာ တစ်ယောက်အကြောင်းတစ်ယောက်နားလည်ပြီး အပေးအယူမျှတဲ့ဆက်ဆံရေးမျိုးရချင်တယ်လို့ဆိုပါတယ်။ အမြဲလိုလိုအထင်လွဲနေမယ်၊ဖြေရှင်းနေရမယ်ဆိုရင်ရေခဲတုံးကြီး Seo Joon နဲ့ဘယ်လိုမှအဆင်ပြေမှာတော့မဟုတ်၊နှစ်ယောက်လုံးစိတ်ညစ်နေရမှာလေ၊ဒါကြောင့် အပေးအယူမျှဖို့ဆိုတာကအဓိကအချက်ပဲပေါ့။

 

အခုဖော်ပြသွားတာတွေကတော့ ယူတို့ကြွေနေကြတဲ့ CEO လေး လီိယောင်ဂျွန်းအဖြစ်သရုပ်ဆောင်တဲ့ Park Seo Joon ရဲ့ စိတ်ကူးအိပ်မက်ထဲကမိန်းကလေးမှာရှိရမယ့်အရည်အချင်းတွေပဲဖြစ်ပါတယ်။ ဘယ်လိုလဲ..ကိုက်ကြရဲ့လား…ဒါတွေနဲ့ကိုက်ညီသူရှိရင်လည်း mention ခေါ်ပြီးပြောပြလိုက်ဦးနော် 😛

 

Unicode Format

 

















616 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.