Girl Fan လေးတွေကို ဒီလိုကြေကွဲအောင်မလုပ်သင့်…
Unicode
မကြာသေးခင်က SHINee အဖွဲ့ဝင် Minho နဲ့ Taemin တို့က Moon Hee Jun’s Music Show အစီအစဉ်မှာပါဝင်ခဲ့ပြီး သူတို့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ပြောဆိုဆွေးနွေးခဲ့ကြပါတယ်တဲ့။ အခုလက်ရှိဆို Choi Min-ho က အသက် ၂၆နှစ်ဖြစ်ပြီး Taemin ကတော့ ၂၄ နှစ်ပါ။ကိုရီးယားလိုဆိုရင်တော့Minho က အသက် ၂၈နှစ်ရှိပါပြီ။
သူတို့အသက် ၃ဝလောက်ရောက်ရင် ဘယ်လိုအစီအစဉ်တွေရှိမလဲမေးတဲ့အခါမှာတော့ Minho က ချက်ချင်းပဲ သူ့အသက် ၃ဝမှာမိသားစုဘဝလေးကို စပြီးတည်ထောင်ချင်တယ်လို့
ပြောခဲ့ပါတယ်။”အသက် ၃ဝရောက်ရင် အခုလိုပဲ အဖွဲ့နဲ့အတူ ပရိုမိုးရှင်းတွေလုပ်မယ်။ သီချင်းတွေဖန်တီးသီဆိုမယ်။ရုပ်ရှင်တွေရိုက်မယ်။ပြီးတော့အသက် ၄ဝမရောက်ခင် မိသားစုဘဝလေးကိုစပြီးတည်ထောင်ချင်တယ်”လို့ပြောခဲ့ပါတယ်။ပျော်ရွှင်တဲ့မိသားစုဘဝလေးဖန်တီးဖို့က သူ့ရဲ့အိပ်မက်ပါ။မြန်မြန်လက်ထပ်ချင်နေပြီလို့လည်းပြောခဲ့့ပါသေးတယ်။
Taemin ကတော့ အသက် ၃ဝရောက်တဲ့အခါသူ့ကိုယ်သူဒီထက်ပိုပြီးပျော်ရွှင်အောင်ထားမယ်။ ပျော်ရွှင်အောင်နေမယ်လို့ဖြေခဲ့ပါတယ်။၁ဝနှစ်နီးပါးလက်တွဲတည်ဆောက်လာခဲ့ကြတဲ့သူတို့ SHINee အဖွဲ့ဟာ အခုလက်ရှိမှာဆိုရင် နိုင်ငံတကာပရိသတ်တွေအားပေးတဲ့ ကေပေါ့ပ်အဖွဲ့ တစ်ခုဖြစ်နေပါပြီ။အောင်မြင်မှုလည်းရနေပြီ။အသက်အရွယ်ကလည်းမငယ်တော့တာကြောင့် လက်ထပ်မယ်ဆို လက်ထပ်သင့်တဲ့အရွယ်ပေါ့။
Minho ကတော့အသက် ၃ဝအရွယ် ရောက်တဲ့အခါ မိသားစုဘဝလေးတည်ဆောက် ချင်တယ်ဆိုတော့သူ့ရဲ ့မင်္ဂလာသတင်းက မကြာခင်ကြားရတော့မလားပဲ။Girl Fan လေးတွေကြေကွဲရတော့မယ်ထင်တယ် 😅
118 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.