ခန္ဓာကိုယ်တွင်း ကျောက်တည်ခြင်းအကြောင်းတစ်စေ့တစ်စောင်း
ဘယ်ကိုလက္ခဏာပြလဲ???
Unicode
ကျောက်တည်တယ်ဆိုတာ သိပ်တော့ အသက်အန္တရာယ်ထိခို်က်တဲ့ ရောဂါမျိုးတော့ မဟုတ်လေပါဘူး။ ဒါပင်မဲ့ ခန္ဓာကိုယ်ထဲမှာကျောက်တွေများလာတဲ့အခါမှာတော့အန္တရာယ်ရှိလာနိုင်တာမလို့ ဘယ်လိုအရာတွေကြောင့်ကျောက်တွေတည်တတ်တယ်။ ကျောက်တည်လာတဲ့အခါ ဘယ်လိုကုသလို့ရတယ်ဆိုတဲ့အချက်လေးတွေကိုအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်…
ဘာတွေကြောင့် ကျောက်တည်တတ်လဲ???
အထူးသဖြင့် ဆေးဝါးသောက်သုံးတာများတဲ့သူတွေမှာ ကျောက်တွေတည်တတ်ပါတယ်။ အင်္ဂလိပ်ဆေးပဲ ဖြစ်ဖြစ် ၊ မြန်မာဆေးပဲဖြစ်ဖြစ် အမြဲစွဲသောက်နေရတဲ့သူတွေဟာ ကျောက်တည်ခြင်းရောဂါကို
ခံစားရတတ်ပါတယ်။ နောက်တစ်ခုက ရေအသောက်နည်းတဲ့သူတွေပါ ရေကိုလိုအပ်တဲ့ပမာဏလောက်မသောက်ပဲရေအသောက်နည်းတဲ့သူတွေအဖြစ်များပါတယ်။ လိုတာထက်ပိုပြီး အချဉ်စားတဲ့
သူတွေလည်း ချဉ်စုတ်နေတဲ့အရာတွေကိုမှစားတတ်ကြတဲ့ သူမျိုးတွေမှာလည်း အစာအိမ်ကျောက်တည်ခြင်း ဦးလမ်းကြောင်းကျောက်တည်ခြင်းတွေအဖြစ်များတတ်တယ်လို့ဆေးပညာရှင်တစ်ချို့ရဲ့ပြောကြားချက်အရသိရှိထားပါတယ်။
ဘယ်လိုချေဖျက်လို့ရလဲ???
ကျောက်ကအရမ်းကြီးနေပြီ ကျောက်တွေကများနေပြီ ဆိုရင်တော့ ခွဲထုတ်ပစ်တာအကောင်းဆုံးနည်းလမ်းပါပဲ။ ကျောက်ကအခုမှအစသေးသေးလေးပဲရှိနေသေးတယ်ဆိုရင်တော့ နောက်တစ်နည်းအနေနဲ့ ရေများများသောက်ပါ၊ ရေများများသောက်တာက ကျောက်တည်ခြင်းကိုချေဖျက်စေနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးကျောက်ကြေဆေးမှီဝဲပါ။ ဒါပင်မဲ့မှီဝဲတဲ့နေရာမှာ ဆရာဝန်သတ်မှတ်ထားတဲ့အချိန်အတိုင်းပဲ သုံးစွဲသင့်ပါတယ်။
ပိုပြီးများများသုံးစွဲမိရင်မလိုအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာစေနိင်တာမလို့ သတိထားပြီးဆရာဝန်နဲ့ညှိနှိုင်းပြီးမှသာသောက်သုံးသင့်ပါတယ်
ဘယ်ကိုလက္ခဏာပြလဲ???
ခါးအောက်ပိုင်းတွေဟာ အကြောင်းမဲ့နာကျင်ကိုက်ခဲလာမယ်၊ ရေခဏခဏဆာလောင်လာမယ်၊ ကိုယ်လက်လှုပ်ရှားမှုနှေးကွေးလာမယ်။ ကျောတွေအောင့်အောင့်လာမယ် ။ ဒါမျိုးဆိုရင်တော့ သင်ရဲ့ခန္ဓာကိုယ်မှာ ကျောက်တည်နေပြီလားဆိုတာစစ်ဆေးသင့့်ပါပြီ။
646 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.