သူစိမ္းဆန္ေနတဲ႔ ခ်စ္သူဘ၀ကိုေႏြးေထြးေပ်ာ္ရႊင္လာေစဖို႕…ဒါမ်ိဳးေလးေတြလုပ္ျကစို႕

တစ္ခ်ိဳ႕ေသာ RS ေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္မခ်စ္ဘူးလားဆိုေတာ႔လည္းမဟုတ္၊ လမ္းခြဲမလားဆုိေတာ႔လည္းမခြဲခ်င္ဒါပင္မဲ႔လည္းတစ္ေယာက္နဲ႕တစ္ေယာက္ေႏြးေထြးျကင္နာမႈမရွိ၊ သမီးရည္းစားအရိပ္ေယာင္မရွိပဲ ေ၀းကြာစိမ္းကားေနတတ္ျကပါတယ္။ ဒါမ်ိဳးဟာ ျကာျကာထားရင္လြယ္လြယ္ျပတ္ေတာက္နုိင္တဲ႔အရာမ်ိဳးျဖစ္သြားတတ္တာမလို႕သူစိမ္းဆန္ျပီးေအးစက္ေနတဲ႔ခ်စ္သူဘ၀ကိုေႏြးေထြးျကင္နာမႈအေငြ႕သက္ေတြသမ္းလာေအာင္ ဒါမ်ိဳးေလးေတြျကိုးစားျကည္႔သင္႔ပါတယ္…
(၁) ေန႕စဥ္လူခ်င္းမေတြ႕ရရင္ေတာင္ခ်ိဳသာတဲ႔စကားလံုးအသံုးနႈန္းေတြနဲ႕အဆက္သြယ္မျပတ္ေနပါ
ေန႕စဥ္လူခ်င္းေတြ႕ဖုိ႕ အဆင္မေျပရင္ေတာင္ မနက္မိုးလင္းတာနဲ႕ခ်စ္စရာစကားလံုးေလးေတြနဲ႕အခ်င္းခ်င္းစာပို႕ျက၊ အသံဖုိုင္ေလးေတြပို႕ျကတာမိ်ဳးလုပ္ေပးပါ။လူခ်င္းေတြ႕မွရယ္ ဂရုစိုက္တာ ျကင္နာတာမ်ိဳးမလုပ္ပဲ လူခ်င္းမေတြ႕ေတာင္သူ႕စိတ္ထဲကိုယ္ရွိေနနိုင္ေအာင္ သူ႕ရဲ႕အနက္ရိႈင္းဆံုးေနရာမွာ ကိုယ္ကိန္းေအာင္ေနေအာင္ေနရာယူထားတတ္ဖို႕လိုပါတယ္။
(၂) ခ်စ္ေျကာင္းျကိုက္ေျကာင္းကိုပါးစပ္နဲ႕ပဲေျပာမေနပဲ လက္ေတြ႕ဆန္ဆန္ေလးေတြျပပါ
ကိုယ္ဘယ္ေလာက္ခ်စ္ပါတယ္ ဆိုတဲ႔အေျကာင္းကို ပါးစပ္ကျကီးေျပာေနရုံနဲ႕တင္ကိုယ္လိုခ်င္တဲ႔ ျကည္နူးစရာအခ်စ္ေရးကိုဖန္တီးနုိင္မွာ မဟုတ္ပါဘူး။ဒါေျကာင္႔ကိုယ္ဘယ္ေလာက္ခ်စ္ေျကာင္းကို လက္ေတြ႕ဆန္ဆန္ေလးေတြလုပ္ျပရင္း သက္ေသျပပါ။ တစ္ျကိမ္တစ္ခါျကည္နူးေအာင္ခ်စ္ျပနုိင္ျခင္းဟာ အျကိမ္ျကိမ္ခ်စ္တယ္ထုိင္ေအာ္ေနတာထက္အကိ်ဳးပိုလုိ႕ရွိပါတယ္။
(၃) တစ္ခါတစ္ရံသူငယ္ခ်င္းအရင္းျကီးေတြလုိေျပာဆိုဆက္ဆံပါ
အျမဲတမ္းခ်စ္သူေတြလိုျကီးေနရတာဟာ တစ္ခါတစ္ရံမွာျငီးေငြ႕စရာေကာင္းပါတယ္။ ဒါေျကာင္႔သူငယ္ခ်င္းအရင္းျကီးေတြလိုစလုိက္ေနာက္လုိက္နဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ရွက္ေနမူေန
စရာလုိတဲ႔ ေပ်ာ္ရႊင္စရာေကာင္းတဲ႔ အေျခေနမ်ိဳးေတြကိုဖန္တီးပါ။
(၄) မတြက္ကပ္ပါနဲ႕
သူေတာင္ျကည္ျကည္ႏူးႏူးစကားေတြစမေျပာတာ ငါကေျပာစရာလား ၊ သူေတာင္ပစ္ထားေသးတာ ငါကလိုက္ေခၚစရာလားဆုိတဲ႔ကေလးဆန္တဲ႔မလုိမာနမ်ိဳးေတြကို တကယ္ခ်စ္ရင္မထားပါနဲ႕။ဒီလုိေအးစက္ေနတဲ႔ RS ျကီးျဖစ္ေနရတာကကိုယ္႔အျပစ္လည္းမကင္းတာမလို႕ ုကိုယ္တုိင္ကေပ်ာ္ရႊင္စရာေကာင္းတဲ႔ RS ကိုလိုခ်င္ရင္ကိုယ္ကိုယ္တုိင္ပါေပ်ာ္ေအာင္ေနျပီးေလ်ာ႔သင္႔တဲ႔ေနရာအေလ်ာ႔ေပးကာ ကိုယ္႔အခ်စ္ေတြကိုထုတ္ျပသင္႔ပါတယ္။သူသာသင္႔အခ်စ္ေတြကို တန္ဖိုးထားတတ္တဲ႔သူဆုိရင္ေတာ႔မျကာခင္သင္လုိခ်င္တဲ႔ RSဘ၀ကိုရလာမွာပါ။
(၅) ပြင္႔ပြင္႔လင္းလင္းေျပာဆုိပါ
တစ္ေယာက္ကိုတစ္ေယာက္ဘာမွဖံုးကြယ္ မထားပဲ တတ္နုိင္သမ်ွပြင္႔ပြင္႔လင္းလင္းေျပာတတ္ပါေစ။ ကိုယ္ခံစားရတဲ႔အတိုင္းကိုယ္႔အျမင္တုိင္း တစ္ေယာက္နဲ႕တစ္ေယာက္ပြင္႔ပြင္႔လင္းလင္းေျပာတတ္မွ
တစ္ေယာက္စိတ္တစ္ေယာက္ပိုသိလာနုိင္မွာျဖစ္ျပီး ေပ်ာ္ရႊင္သာယာတဲ႔ RS တစ္ခုကိုဖန္တီးနုိင္မွာပါ။ ခံစားရတာကိုမေျပာပဲ ထားရင္းထားရင္း တစ္ေယာက္နဲ႕တစ္ေယာက္ျမံဳေနရင္းကေနပိုျပီးစိတ္ေကာလူပါေ၀းကြာသြားတတ္ျကပါတယ္။
သင္ဟာေပ်ာ္ရႊင္စရာေကာင္းတဲ႔ RS Life မ်ိဳးကိုပိုင္ဆုိင္ခ်င္တယ္ဆိုရင္ ၊ ေနာက္ျပီး ဒီလူကလည္းသင္႔ကိုတကယ္ခ်စ္တယ္ဆိုရင္ေတာ႔ ဒီအေပၚကအခ်က္ေလးေတြကိုသင္နည္းနည္းျကိုးစားလုိက္တာနဲ႕သင္တို႕RS ေလးဟာအရင္ကထက္ေပ်ာ္ရႊင္ေႏြးေထြးလာမွာ အမွန္ပါပဲ….

Unicode

တစ်ချို့သော RS တွေဟာ တစ်ယောက်နဲ့တစ်ယောက်မချစ်ဘူးလားဆိုတော့လည်းမဟုတ်၊ လမ်းခွဲမလားဆိုတော့လည်းမခွဲချင်ဒါပင်မဲ့လည်းတစ်ယောက်နဲ့တစ်ယောက်နွေးထွေးကြင်နာမှုမရှိ၊ သမီးရည်းစားအရိပ်ယောင်မရှိပဲ ဝေးကွာစိမ်းကားနေတတ်ကြပါတယ်။ ဒါမျိုးဟာ ကြာကြာထားရင်လွယ်လွယ်ပြတ်တောက်နိုင်တဲ့အရာမျိုးဖြစ်သွားတတ်တာမလို့သူစိမ်းဆန်ပြီးအေးစက်နေတဲ့ချစ်သူဘဝကိုနွေးထွေးကြင်နာမှုအငွေ့သက်တွေသမ်းလာအောင် ဒါမျိုးလေးတွေကြိုးစားကြည့်သင့်ပါတယ်…
(၁) နေ့စဉ်လူချင်းမတွေ့ရရင်တောင်ချိုသာတဲ့စကားလုံးအသုံးနှုန်းတွေနဲ့အဆက်သွယ်မပြတ်နေပါ
နေ့စဉ်လူချင်းတွေ့ဖို့ အဆင်မပြေရင်တောင် မနက်မိုးလင်းတာနဲ့ချစ်စရာစကားလုံးလေးတွေနဲ့အချင်းချင်းစာပို့ကြ၊ အသံဖိုုင်လေးတွေပို့ကြတာမျိုးလုပ်ပေးပါ။လူချင်းတွေ့မှရယ် ဂရုစိုက်တာ ကြင်နာတာမျိုးမလုပ်ပဲ လူချင်းမတွေ့တောင်သူ့စိတ်ထဲကိုယ်ရှိနေနိုင်အောင် သူ့ရဲ့အနက်ရှိုင်းဆုံးနေရာမှာ ကိုယ်ကိန်းအောင်နေအောင်နေရာယူထားတတ်ဖို့လိုပါတယ်။
(၂) ချစ်ကြောင်းကြိုက်ကြောင်းကိုပါးစပ်နဲ့ပဲပြောမနေပဲ လက်တွေ့ဆန်ဆန်လေးတွေပြပါ
ကိုယ်ဘယ်လောက်ချစ်ပါတယ် ဆိုတဲ့အကြောင်းကို ပါးစပ်ကကြီးပြောနေရုံနဲ့တင်ကိုယ်လိုချင်တဲ့ ကြည်နူးစရာအချစ်ရေးကိုဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့်ကိုယ်ဘယ်လောက်ချစ်ကြောင်းကို လက်တွေ့ဆန်ဆန်လေးတွေလုပ်ပြရင်း သက်သေပြပါ။ တစ်ကြိမ်တစ်ခါကြည်နူးအောင်ချစ်ပြနိုင်ခြင်းဟာ အကြိမ်ကြိမ်ချစ်တယ်ထိုင်အော်နေတာထက်အကျိုးပိုလို့ရှိပါတယ်။
(၃) တစ်ခါတစ်ရံသူငယ်ချင်းအရင်းကြီးတွေလိုပြောဆိုဆက်ဆံပါ
အမြဲတမ်းချစ်သူတွေလိုကြီးနေရတာဟာ တစ်ခါတစ်ရံမှာငြီးငွေ့စရာကောင်းပါတယ်။ ဒါကြောင့်သူငယ်ချင်းအရင်းကြီးတွေလိုစလိုက်နောက်လိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက်ရှက်နေမူနေ
စရာလိုတဲ့ ပျော်ရွှင်စရာကောင်းတဲ့ အခြေနေမျိုးတွေကိုဖန်တီးပါ။
(၄) မတွက်ကပ်ပါနဲ့
သူတောင်ကြည်ကြည်နူးနူးစကားတွေစမပြောတာ ငါကပြောစရာလား ၊ သူတောင်ပစ်ထားသေးတာ ငါကလိုက်ခေါ်စရာလားဆိုတဲ့ကလေးဆန်တဲ့မလိုမာနမျိုးတွေကို တကယ်ချစ်ရင်မထားပါနဲ့။ဒီလိုအေးစက်နေတဲ့ RS ကြီးဖြစ်နေရတာကကိုယ့်အပြစ်လည်းမကင်းတာမလို့ ုကိုယ်တိုင်ကပျော်ရွှင်စရာကောင်းတဲ့ RS ကိုလိုချင်ရင်ကိုယ်ကိုယ်တိုင်ပါပျော်အောင်နေပြီးလျော့သင့်တဲ့နေရာအလျော့ပေးကာ ကိုယ့်အချစ်တွေကိုထုတ်ပြသင့်ပါတယ်။သူသာသင့်အချစ်တွေကို တန်ဖိုးထားတတ်တဲ့သူဆိုရင်တော့မကြာခင်သင်လိုချင်တဲ့ RSဘဝကိုရလာမှာပါ။
(၅) ပွင့်ပွင့်လင်းလင်းပြောဆိုပါ
တစ်ယောက်ကိုတစ်ယောက်ဘာမှဖုံးကွယ် မထားပဲ တတ်နိုင်သမျှပွင့်ပွင့်လင်းလင်းပြောတတ်ပါစေ။ ကိုယ်ခံစားရတဲ့အတိုင်းကိုယ့်အမြင်တိုင်း တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်းပြောတတ်မှ
တစ်ယောက်စိတ်တစ်ယောက်ပိုသိလာနိုင်မှာဖြစ်ပြီး ပျော်ရွှင်သာယာတဲ့ RS တစ်ခုကိုဖန်တီးနိုင်မှာပါ။ ခံစားရတာကိုမပြောပဲ ထားရင်းထားရင်း တစ်ယောက်နဲ့တစ်ယောက်မြုံနေရင်းကနေပိုပြီးစိတ်ကောလူပါဝေးကွာသွားတတ်ကြပါတယ်။
သင်ဟာပျော်ရွှင်စရာကောင်းတဲ့ RS Life မျိုးကိုပိုင်ဆိုင်ချင်တယ်ဆိုရင် ၊ နောက်ပြီး ဒီလူကလည်းသင့်ကိုတကယ်ချစ်တယ်ဆိုရင်တော့ ဒီအပေါ်ကအချက်လေးတွေကိုသင်နည်းနည်းကြိုးစားလိုက်တာနဲ့သင်တို့RS လေးဟာအရင်ကထက်ပျော်ရွှင်နွေးထွေးလာမှာ အမှန်ပါပဲ….

 

71 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.