Selena Gomez ရဲ့ ချစ်သူဖြစ်ဖို့ သင့်မှာဒီအချက်တွေရှိရမယ်ဆိုပဲ

Selena Gomez ဟာ အချစ်ရေးမှာ သိပ်ကံအကောင်းကြီးတော့မဟုတ်တာ အားလုံးလည်းသိကြမှာပါ။ Justin Bieber နဲ့အချစ်ရေးမှာ ဆယ်စုနှစ်တစ်ခုနီးပါးတွဲရေးခွဲရေးနဲ့ခံစားချက်တွေ abuse လုပ်ခံခဲ့ရတဲ့ Selena ရဲ့ နှလုံးသားကသိပ်ကိုပင်ပန်းနေပါပြီ။ Justin မဟုတ်တဲ့အခြားသူတွေကိုလည်း Selena ကတွဲကြည့်ခဲ့သေးပေမယ့် နောက်ဆုံးတော့ သူမရဲ့နှလုံးသားကို Justin သာ အနိုင်ရရှိသွားတာပါပဲ။ ဒါပေမယ့် Selena ရဲ့အမေဖြစ်သူ Mandy Teefey ကတော့ Justin နဲ့ Selena ကိုဘယ်တုန်းကမှသဘောမတူခဲ့သလို ဘယ်တော့မှလည်းသဘောတူမယ့်ပုံမပေါ်တဲ့ မယိုင်မလဲခိုင်မြဲတဲ့ကျောက်ဆောင်ကြီးလိုသဘောထားနဲ့ အေးစက်တဲ့အမျိုးသမီးပါ။ Selena ဟာလည်း ဘာတွေပဲဖြစ်နေပါစေ၊လောကကြီးမှာဘယ်လိုတွေပဲပြောင်းလဲနေပါစေ သူမအမေရဲ့လက်ကိုတော့ ဘာအကြောင်းနဲ့မှလွှတ်မချပဲမြဲမြဲတွဲထားခဲ့ပါတယ်။ အဲ့ဒီလို Selena Gomez ဆိုတဲ့ ကိုယ်ပိုင်အလင်းနဲ့ကိုယ်ပိုင်အရည်အချင်းနဲ့တောက်ပလက်မြတဲ့ ကြယ်ပွင့်တစ်ပွင့်အပေါ် မေတ္တာတရားနဲ့လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့တဲ့ Mandy Teefey ဟာ People Magazine နဲ့ Interview တစ်ခုမှာ Selena ရဲ့ ချစ်သူဖြစ်လာမယ့်သူမှာ ရှိရမယ့် အရည်အချင်းတွေကိုပြောသွားခဲ့ပါတယ်။ အဲဒါတွေကတော့…

 

ဟာသညဏ်ရှိရမယ်

Selena ရဲ့ အမေက သူ့သမီးရဲ့ချစ်သူဖြစ်လာမယ့် ယောက်ျားလေးမှာ အရေးအကြီးဆုံးရှိရမယ့်အရာကတော့ ဟာသညဏ်ပဲလို့ဆိုပါတယ်။ အဲဒါကလည်း သဘာဝကျပါတယ်။ ဟာသညဏ်ရှိမှသာ သူ့အနားရှိတဲ့သူတွေကိုပျော်အော်ထားနိုင်မှာမဟုတ်လား။ဒါပေမယ့် Justin Bieber ဟာလည်း ဟာသညဏ်ရှိပြီိးပျော်ရွှင်ဖွယ်လူသားတစ်ဦးဖြစ်ခဲ့တာပါပဲ။

 

မိသားစုကိုရှေ့ဆုံးကထားရမယ်

ဒုတိယအချက်အနေနဲ့ကတော့ မိသားစုကိုရှေ့ဆုံးကထားရမယ်လို့ဆိုပါတယ်။ဘာကြီးဖြစ်နေနေ မိသားစုအတွက်ပဲအရင်ဆုံးတွေးပေးမယ့် လူကြီးလူကောင်းဆန်သူမျိုးပေါ့။ Mandy ရဲ့အခုလိုပြောကြားချက်ကြောင့် Mandy ဟာ Selena ကို လက်ထပ်စေချင်နေပြီိလားဆိုတာ ပရိသတ်တွေအတွက်သံသယဖြစ်ဖွယ်ဖြစ်နေခဲ့ပါတယ်။ Selena ဟာ ဒီနှစ်ထဲမှာ အသက် 26 နှစ်ရှိနေပါပြီိ။ဒီိတော့ မိသားစုတစ်ခုစတင်တည်ထောင်ဖို့ သင့်တော်တဲ့အရွယ်ပါပဲ။ ဒါပေမယ့် သတို့သားကဘယ်မှာလဲ။

 

Selena ရဲ့ဘဝနေထိုင်မှုပုံစံကိုနားလည်တဲ့သူဖြစ်ရမယ်

Mandy ဟာ ချစ်ရတဲ့သမီးဖြစ်သူအတွက်အစအဆုံးတွေးပေးတတ်သူပါပဲ။ အနုပညာရှင်တွေက များသောအားဖြင့် အနုပညာရှင်အချင်းချင်းနဲ့ပဲချစ်သူတွေဖြစ်ကြတာဟာ သူတို့အချင်းချင်းမှသာ ဘဝနေထိုင်မှုတွေကိုနားလည်ပေးနိုင်ပြီး ရေရှည်တည်မြဲနိုင်ကြလို့ပါပဲ။ အပြင်လူတွေနဲ့ချစ်သူဖြစ်ရင် ဘဝနေထိုင်မှုခြင်းမတူညီတာကြောင့်အသိုင်းအဝိုင်းတွေကအစ ကွဲပြားပြီး နားလည်မှုလွဲတာတွေကနေ့တိုင်းလိုဖြစ်နေတော့မှာပါ။ ဘယ်သူကရော နေ့တိုင်းရန်ဖြစ်နေရတဲ့အချစ်ရေးကြီးကိုပိုင်ဆိုင်ထားချင်မှာလဲ။ အလုပ်မှာ stress တွေများတဲ့သူဆိုပိုဆိုးပါတယ်။ဒါကြောင့် Selena နဲ့ချစ်သူဖြစ်မယ့်သူဟာ သူမနေထိုင်ရတဲ့ဘဝကိုအပြည့်အဝနားလည်ပေးနိုင်တဲ့သူဖြစ်ဖို့အရေးတကြီးလိုအပ်ပါတယ်။

 

ဒီအချက်သုံးချက်သာသင့်မှာရှိရင်တော့ သင်ဟာ Selena ရဲ့ ချစ်သူဖြစ်ဖို့အရည်အချင်းပြည့်မီတဲ့သူလို့ဆိုနိုင်ပါတယ်။ Selena ရဲ့အမေဟာ သိပ်ပြီးလောဘမကြီးလှပါဘူး။ရင်နှစ်သည်းခြာသမီးရတနာလေးကိုပျော်ရွှင်အေးချမ်းတဲ့ဘဝရစေချင်ရုံပါပဲ။ ဒါပေမယ့်ဒါတွေက သူမအမေရဲ့လိုချင်တဲ့အချက်တွေဖြစ်ပြီး Selena ကိုယ်တိုင်ကတော့ အချစ်မှာသူဘာကိုလိုချင်သလဲဆိုတာ ဖွင့်ဟပြောဆိုခြင်းမပြုပါဘူး။ ဒါ့အပြင် Selena ကလွဲပြီးဘယ်သူ့ကိုမှမချစ်ပါဘူး၊အတည်မတွဲပါဘူးဆိုတဲ့ Justin ကလည်း Selena နဲ့ ဝေးနေစဉ်မှာ Baskin Champion လိုအချောအလှလေးနဲ့သတင်းထွက်လိုက်သေးတဲ့အပြင် အခုဆိုရင် Haily Baldwin နဲ့လည်း NYC ရဲ့နေရာအနှံ့မှာ ကြင်နာနေကြတာမမြင်ချင်အဆုံးတွေ့နေရပြီမို့ Selena အနေနဲ့ သူမဆုံးဖြတ်ထားသလိုပဲအတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး ရှေ့ဆက်လျှောက်တာမှန်ပါလိမ့်မယ်။

 

Unicode Format









4 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.