ဖုန်မတက်တဲ့ အိမ်ရယ်လို့မရှိဘူးနော်။ တံခါးတွေလုံအောင် ပိတ်၊ အဲကွန်းတွေ ဖွင့်ထားလည်း ဖုန်ကတက်တာပါပဲ။ လုံးဝမတက်အောင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းလေးတွေကို သင့်ကိုလွယ်လွယ်ကူကူနဲ့ ဖုန်တွေရှင်းလို့ရအောင် ကူညီပေးနိုင်မှာပါ။
Baby wipes
ကီးဘုတ်ပေါ်က ဖုန်တွေကိုဖယ်ရှားဖို့အတွက် Baby wipes ပဲလိုပါတယ်။ Baby wipes အရွက်လေးနဲ့ လက်တော့ ကီးဘုတ်တွေကို သေချာပွတ်သုတ်ပေးပါ။ လက်တော့ကို ပိတ်ထားဖို့လိုပါတယ်။
Fabric softener
တီဗီမျက်နှာပြင်၊ လက်တော့နဲ့ အခြားမျက်နှာပြင်တွေက ဖုန်တွေအတွက် စပါယ်ရှယ်ဖြေရှင်းနည်း
ရှိပါတယ်။ အထည်သားကိုရေအနည်းငယ်စွတ်ပြီး သုတ်ပေးပါ။ လုံးဝကို သန့်ရှင်းကြည်လင်သွားပါ
လိမ့်မယ်။
Soft brushes
ဖုန်တိုက်ရခက်တဲ့ နေရာတွေ ၊ ဥပမာ ကီးဘုတ်ကြား ၊ တီဘီ ရီမုတ်ကြားတွေပေါ့။ အဲ့ဒီလိုနေရာ
မျိုးတွေအတွက် ဘရတ်ရှ်က အသုံးဝင်ပါတယ်။ ဖုန်ရှင်းရတာလည်း လွယ်ပါတယ်။
Old socks
မဝတ်တော့တဲ့ ခြေအိတ်ဟောင်းကို လက်မှာစွပ်ပြီး ပြတင်းပေါက်မှန်က ဖုန်တွေကိုသုတ်လို့ရပါ
တယ်။ ကြမ်းတိုက်ရင်လည်း ကြမ်းတိုက်တံမှာ ခြေအိတ်အဟောင်းစွတ်ပြီး တိုက်လို့ရပါတယ်။
ကြမ်းပို ပြောင်တယ်လို့ သိရပါတယ်။
Level of humidity
ဖုန်တွေအရမ်းမတက်အောင် အကောင်းဆုံးထိန်းပေးထားနိုင်တဲ့ ရေနွေးငွေ့စက်ကိုလည်း မေ့လို့
မဖြစ်ပါဘူး။ ရေနွေးငွေ့စက်ဟာ လေထုထဲမှာရှိတဲ့ အညစ်ကြေး၊ ဖုန်မှုန့််တွေကို ၄ဝ – ၅ဝ ရာခိုင်နှုန်း
ထိ သန့်စင်ပေးနိုင်ပါတယ်။ ရေနွေးငွေ့စက်က ဒီမှာလည်း အလွယ်တကူဝယ်လို့ရနေပါပြီ။
Clean plants
အိမ်မှာရှိတဲ့ အပင်တွေဟာ သင့်အိပ်ခန်းအတွက် လေဝင်လေထွက်ကောင်းအောင် ကူညီပေးနိုင်
ပါတယ်။ အပင်တွေကို ပုံမှန်ရေလောင်းပေးမယ်ဆို အိမ်တွင်းမှာရှိတဲ့ လေထုကလည်း ပိုမိုသန့်စင်လာပါလိမ့်မယ်။