ပရိတ်သတ်တွေ စောင့်ရကျိုးနပ်စေရမယ့် solo album ထွက်လာတော့မယ်လို့ Tiffany ပြောကြား

Tiffany smiling and brushing her hair

Girl Generation အဖွဲ့ဝင် Tiffany ရဲ့ solo album “Over My Skin” ကတော့ လာမယ့် (၂၈)ရက်နေ့ဆို ထွက်ရှိတော့မယ်လို့ ပရိတ်သတ်တွေကိုပြောပြခဲ့ပါတယ်။ SM Entertainment မှ ထွက်ပြီးတည်းက သူမရဲ့အမ်ဘယ် ကြေငြာတာ ဒါပထမဆုံးပါပဲ။

Album cover for Over My Skin

အင်စတာဂရမ် story မှာ ပရိတ်သတ်တွေအတွက် ရေးထားတဲ့ စာအရှည်တစ်ခုကိုလည်း တင်ခဲ့ပါတယ်။ အခုလောလောဆယ် သူစိတ်လှုပ်ရှားနေပြီး ပရိတ်သတ်တွေ စိတ်ကျေနပ်စေမယ့် solo album တစ်ခုဖြစ်အောင် အများကြီးလည်း ကြိုးစားထားပါတယ်လို့ ပြောပြထားပါတယ်။

Tiffany in front of a rainy window

ကျရှုံးမှာ ၊ ပစ်ပယ်မှာကို သူမ မကြောက်ပါဘူး။ solo albumက ထင်သလောက်မဖြစ်လာမှာကိုလည်း သူမ သိပ်ပြီးမစိုးရိမ်ပါဘူး။ ပရိတ်သတ်တွေအတွက် သူမသေချာသီဆိုထားတဲ့ သီချင်းလေးတွေ မျှဝေခွင့်ရတာကိုပဲ ကျေနပ်လှပြီ ၊ ပျော်ရပါတယ်တဲ့။

သူမအတွက်က သီချင်းတွေဟာ အရေးကြီးဆုံးပါပဲ။ ရုတ်တရက် သူမအမေ ဆုံးသွားတုန်းကလည်း ဒီသီချင်းတွေနဲ့ပဲ ဖြေသိမ့်ခဲ့ရတာမို့ သံစဉ်တွေဟာ သူမဘဝရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ သူမရဲ့ solo album ကို ရိုးသားစွာနဲ့ပဲ ပရိတ်သတ်တွေကို အသိပေးကြေငြာထားတာဟာ တစ်မျိုးလေး ဆွဲဆောင်မှုရှိနေပြန်တယ်။

Girls' Generation on stage in sparkly silver dresses

Girls’ Generationနဲ့လည်း အဖွဲ့ဝင်ဖြစ်ရတဲ့အတွက် သူမဂုဏ်ယူကြောင်း ၊ အတူတူဖျော်ဖြေခဲ့
တဲ့အချိန်တစ်လျှောက်လုံး သူမရဲ့အရည်ချင်းတွေကို ပြသခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

64 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.