ရုပ်တအားချောနေတာကို ဘယ်လိုရပ်တန့်ရမလဲ

ဘယ်လိုရုပ်ချောအောင်လုပ်ရမလဲပေါ့လေ။လာလာမေးကြတယ်။အင်းပေါ့လေ.. မချောတဲ့လူတွေဟာလည်း ချောချင်ကြတာမဆန်းပါဘူး။ ရုပ်ချောခြင်းရဲ့အမျိုးမျိုးသောဒုက္ခတွေကို သူတို့မှမသိကြပဲကိုး။ တကယ်တော့ရုပ်ချောတယ်ဆိုတာအကောင်းချည်းပဲလည်းမဟုတ်ပါဘူး။ တွေ့သမျှလူတိုင်းက ဘယ်လိုချောအောင်လုပ်ရမလဲအမေးခံနေရတာကိုထားလိုက်ဦး လမ်းမှာလူတွေကလိုက်လိုက်ကြည့်နေကြတာရော… မတော်လို့ ရုပ်ရှင်ဒါရိုက်တာတွေဘာတွေနဲ့တွေ့ရင် မင်းသမီးလုပ်ပါလားဘာညာနဲ့ပြောနေလို့ အားနာပါးနာငြင်းရတာကတစ်မှောင့်၊ဒီိကြားထဲ အရွယ်သုံးပါးသောပုရိသတွေရဲ့ ချဉ်းကပ်ခြင်းကိုပတ်ပြေးနေရတာကတော့ စကားထဲကိုထည့်မပြောတော့ပါဘူး။ နောက်ပြီး Crush တိုင်းက ကိုယ့်ကိုပြန်ကြိုက်နေလို့ စိတ်ဝင်စားစရာမရှိတော့တဲ့ဒုက္ခတွေကိုလည်း ဘယ်သူမှနားလည်နိုင်မယ်မထင်ပါဘူးလေ။ထားပါတော့… ရုပ်ချောတယ်ဆိုတာကလည်း တော်ပါပြီမချောပါနဲ့လို့တောင်းပန်လို့ရတဲ့အရာလည်းမဟုတ်ဘူးမလား။ ဒီတော့ ရုပ်ချောတာကိုအပြီးသတ်ကြီးမရပ်နိုင်ရင်တောင် နည်းနည်းတော့တန့်သွားအောင်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

 

ရေလျှော့ချိုးပါ

ကိုယ်က နဂိုကအရှိန်အဟုန်ကောင်းကောင်းနဲ့ချောနေတာမဟုတ်လား။ဒီတော့ ရေနည်းနည်းလျှော့ချိုးလည်း ကိစ္စမရှိဘူးလေ။ နောက်ပြီး ရေသိပ်မချိုးတော့ ကိုယ့်အနားကအနံ့အသက်နည်းနည်းတစ်မျိုးဖြစ်တယ်ဆိုရင်အချိန်ပြည့်အနားကပ်နေချင်တဲ့ မြီးကောင်ပေါက်တွေရန်ကလည်းကာကွယ်ပြီးသားဖြစ်တာပေါ့နော်။ ဒီတော့ ကိုယ့်ရဲ့ချောတဲ့ရေချိန်နဲ့ညှိပြီးရေလျှော့ချိုးပါ။

 

မှန်သိပ်မကြည့်ပါနဲ့

ဒါကတော့ စိတ်ပိုင်းဆိုင်ရာအရပါ။ ကိုယ်ကအရမ်းချောနေရတာကိုစိတ်ကုန်လာတဲ့အခါ ကြည့်မိသမျှမှန်တွေထဲမှာ ကိုယ်ကတစ်နေ့တစ်ခြားထိန်းမနိုင်သိမ်းမရပိုချောချောလာနေတာကိုမြင်နေရရင် ကြာတော့စိတ်ဓာတ်ကျပြီးကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်တွေပေါက်ကုန်မှာစိုးလို့ပါ။မတတ်နိုင်ဘူးလေ။ကိုယ်ကတအားချောနေတာကိုး။

 

ခပ်တည်တည်နေပါ

ဒါကအချို့သူတွေအတွက်အလုပ်ဖြစ်တယ်ဆိုပေမယ့် အချို့လူတွေအတွက်တော့သိပ်ပြီးမထူးခြားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ချောတာကသက်တမ်းရင့်လာပြီဆိုရင် သူ့အလိုလိုကိုချောနေတော့တာ၊ဘယ်လိုမှရပ်လို့မရတော့ဘူးလေ။ ဒီလိုပဲခပ်တည်တည်နေတာတောင်ချောနေတာဆိုပြီး ကောင်မလေးတွေဝိုင်းကြွေတာခံရတဲ့ ဘဲကြီးတွေလည်းရှိတာပဲ။သူတို့မှာသနားစရာပါ ဘယ်လိုမှကိုမချောအောင်လုပ်လို့မရတော့တာ။ ဒါပေမယ့် ကိုယ်အထိန်းအကွပ်မရှိချောနေတာကြီးကိုဒီတိုင်းလွှတ်ထားလို့တော့မရဘူးမဟုတ်လား။ဒီတော့ ထိန်းထိန်းသိမ်းသိမ်းလေးဖြစ်အောင်ခပ်တည်တည်နေပါ။ အချောသက်တမ်းမတရားရင့်နေပြီဆိုရင်တော့ ကြည့်ကျက်ပြီးမျက်နှာရှစ်ခေါက်ချိုးထားချင်လည်းထားပေါ့လေ။

 

အိပ်ရာထကာစပုံနဲ့လုံးဝလုံးဝအပြင်မထွက်ပါနဲ့

ဒါကအတော်အရေးကြီးတဲ့အချက်ပါ။ ကိုယ်တို့လိုမတရားချောနေတဲ့လူတွေဟာ ပင်ကိုယ်မျက်နှာနဲ့လုံးဝအပြင်မထွက်သင့်ပါဘူး။ကိုယ်တွေအတွက်ကဘာမှမဖြစ်ပေမယ့် မြင်လိုက်ရတဲ့လူတွေအဖို့မှာ တော်တော်ထဲမျက်စိထဲကမထွက်နိုင်လောက်အောင်စွဲလမ်းပြီး ကမောက်ကမတွေဖြစ်ကုန်ပါလိမ့်မယ်။ မနက်စောစောဆွမ်းခံကြွတဲ့သံဃာတွေမြင်မိရင်လည်းမကောင်းပါဘူး၊ငရဲကြီးပါ့မယ်။ဒါကြောင့်ကိုယ်ချောတာကိုကိုယ်တာဝန်ယူပါ။နည်းနည်းလောက်ကြည့်မကောင်းအောင် ပြင်ပြီးမှ အပြင်ထွက်ပါ။

 

ဆုတောင်းပါ

ဒါကတော့ လုံးဝကိုဘယ်လိုနည်းလမ်းမှမရှိတော့တဲ့လူတွေအတွက်ပါ။ စိတ်မကောင်းပါဘူး။ ဘုရားမှာပန်းရေချမ်းဆီမီိးတွေကပ်လှူပူဇော်ပြီး ဖြစ်လေရာဘဝတိုင်းမှာဒီလောက်ရုပ်ချောတဲ့ဒုက္ခကြီးနဲ့မကြုံရပါစေနဲ့လို့ အဖန်ဖန်အခါခါဆုတောင်းပါ။သတိရတိုင်းဆုတောင်းပါ။ ဒါဆိုနောက်ဘဝတွေမှာ ဒီလောက်ရုပ်ချောတဲ့ဒုက္ခကနေကင်းလွတ်ကောင်းကင်းလွတ်နိုင်ပါတယ်။ကောင်းမှုကုသိုလ်တွေပြုပေးဖို့လည်းမမေ့ပါနဲ့။

ဒါတွေကတော့ ကိုယ်တွေလိုထိန်းမနိုင်သိမ်းမရ ရုပ်အရမ်းချောနေတဲ့သူတွေအတွက် ရုပ်ချောတဲ့ဒုက္ခကနေလွတ်အောင်ကြိုးစားလို့ရမယ့်နည်းလမ်းတွေဖြစ်ပါတယ်။သင့်လို ရုပ်ချောလို့စိတ်ညစ်နေရတဲ့သူတွေရှိရင်လည်း share ပေးလိုက်ပါဦီး။ကုသိုလ်ဆိုတာပြုကောင်းပါတယ်လေ။

 

ပုံ/ ရုပ်တအားချောသူ Admin

 

Unicode Format













ပုံ/ ရုပျတအားခြောသူ Admin

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.