ပင်လယ်စာအရမ်းကြိုက်တဲ့ စုံတွဲတွေမှာ Sexစိတ်ပြင်းထန်ပြီး ကိုယ်ဝန်ရနိုင်ချေများ

Seafood အရမ်းကြိုက်တဲ့ စုံတွဲတွေမှာ မကြာခဏ sex လုပ်ချင်စိတ်တွေပြင်းထန်လေ့ရှိပြီး အချိန်တိုတွင်း ကိုယ်ဝန်ရနိုင်ချေလည်းရှိတယ်လို့ အမေရိကန် ကျန်းမာရေးပညာရှင်များရဲ့လေ့လာမှုများအရ သိရပါတယ်။

Image result for Seafood

တစ်နှစ်တွင်း မီချီဂန်နဲ့ တက္ကဆက်ပြည်နယ်မှာ စုံတွဲ၅ဝဝကို သူတို့ရဲ့ပင်လယ်စာ စားသောက်နှုန်း
နဲ့ လိင်ဆက်ဆံမှုအကြိမ်ရေကိုမေးကြည့်ပြီး သုတေသနတွေပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ နှစ်ယောက်လုံး ပင်လယ်စာစားထားရင် နေရင်းထိုင်ရင်းနဲ့ လိင်ဆက်ဆံချင်စိတ်က ၃၉ရာခိုင်နှုန်းလောက်မြင့်တက်လာနိုင်ကြောင်း တွေ့ရှိထားပါတယ်။

ဂုံးတို့၊ ပင်လယ်စာတို့ ပုံမှန်စားလေ့ရှိတဲ့သူတွေထက် တစ်ပတ်ကို ၂ကြိမ်ထက်ပိုပြီး ပင်လယ်စာ
စားတဲ့ စုံတွဲမှာ ကိုယ်ဝန်ရနိုင်ချေက ၉၂ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ စုံတွဲတွေရဲ့ လိင်ဆက်
ဆံမှု အကြိမ်ရေပေါ်မူတည်ပြီး ပင်လယ်စာနဲ့ ဖွံဖြိုးမှုနှုန်းကြားက ဆက်နွယ်မှုဟာ ပိုမိုအားကောင်းလာတာဖြစ်ပါတယ်။

Image result for Seafood

ပင်လယ်စာကို အရမ်းကြိုက်လို့ စားချင်တယ်ဆိုရင် ဆရာဝန်တွေ အကြံပြုထားတဲ့ ဆလမွန်ငါး ၊ တူနာနဲ့ မက်ကရယ်ငါးတို့ဟာ omega -3s များစွာပါဝင်တဲ့အတွက် နှလုံးရောဂါနဲ့ သွေးခဲပိတ်ရောဂါမဖြစ်အောင် လျော့ချပေးနိုင်တာကြောင့် ဒါမျိုးလေးတွေ ပိုစားပေးသင့်တယ်လို့ ပြောထားပါတယ်။

ကဲ.. ပင်လယ်စာမှ ပင်လယ်စာကြိုက်တဲ့ စုံတွဲတွေအနေနဲ့အရမ်းမစားကြနဲ့ပေါ့နော်။ single တွေအတွက်တော့ မမုန်းမချင်း စားနိုင်တာပေါ့။ ဒါပေမယ့်လည်း ဘယ်အရာမဆိုအများကြီးစားမိရင် မကောင်းပါဘူး။ တန်ဆေး လွန်ဘေးတဲ့။ သင့်တင့်မျှတအောင်ပဲ စားဖို့လိုတာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.