သင့္ရဲ ႔လွပတဲ႔မ်က္၀န္းတစ္စံုကုိ ေညာင္းညာကုိက္ခဲမႈေတြကေန ကာကြယ္လိုက္ရေအာင္

ခႏၶာကုိယ္ရဲ ႔အစိတ္အပုိင္းေတြထဲမွာ မ်က္၀န္းကအႏူးည့ံဆံုးနဲ႔အထိခိုက္မခံဆံုး အစိတ္အပုိင္း ပါပဲတဲ႔။ ဒီလုိႏူးည့ံတဲ႔မ်က္လံုးေလးကုိ ကုိယ္ေတြကလည္းေသခ်ာဂရုစုိက္ညွာတာဖုိ႔လိုပါတယ္။ ဒါေပမဲ႔ ဒီေန႔ေခတ္ၾကီးထဲမွာကြန္ပ်ဴတာ၊လက္ပ္ေတာ့ေတြ၊ဖုန္းေတြနဲ႔အလုပ္လုပ္ရတာမ်ားလာေတာ့ ညွာခ်င္ေပမဲ႔လည္းမ်က္လံုးကုိေသခ်ာဂရုမစုိက္ႏုိင္ေတာ့ပါဘူး။ဒီလုိ ဂရုမစုိက္ႏုိင္တဲ႔အတြက ္မ်က္လံုးေျခာက္ေသြ႔တာ၊ယားယံတာ၊ေခါင္းကိုက္တာ၊မ်က္ရုိးကုိက္ခဲေညာင္းညာတာ
ေတြက တစ္ဆက္တည္းပါလာပါေတာ့တယ္။အခန္႔မသင့္ရင္ မ်က္မွန္ေတာင္တပ္ရ တဲ႔အထိျဖစ္သြားႏုိင္ပါတယ္။

ဒီလုိ မ်က္လံုးနဲ႔သက္ဆုိင္တဲ႔ေရာဂါေတြမျဖစ္ဖုိ႔ ရုိးရွင္းျပီး အခ်ိန္သိပ္မေပးရတဲ႔မ်က္လံုးေလ့က်င့္ခန္း ေလးေတြ ကုိ ေတြ႔ရွိထားပါတယ္။ဒီေလ့က်င့္ခန္းေတြကုိ ခဏတျဖဳတ္စီလုပ္ေပးမယ္ဆုိရင္
မ်က္လံုးေညာင္းညာတာ၊ကုိက္ခဲတာေတြမျဖစ္ေတာ့ပါဘူးတဲ႔။ဘယ္လိုေလ့က်င့္ခန္းေလးေတြလဲ ၾကည့္လိုက္ပါဦး

၁)ေလ့က်င့္ခန္း ၁
မ်က္လံုးကုိလက္ဖ၀ါးႏွစ္ဖက္နဲ႔ပိတ္လုိက္ပါ။ျပီးရင္ အေမွာင္ကုိခဏေလာက္စူးစုိက္ၾကည့္ေပးပါ။ ၂မိနစ္ေလာက္ထိ အေမွာင္ထဲမွာၾကည့္ပါ

၂)ေလ့က်င့္ခန္း ၂
လက္ဖ၀ါးႏွစ္ဖက္ကုိခ်လုိက္ျပီး မ်က္လံုးကုိဖြင့္လုိက္ပါ။ျပီးရင္ ဘယ္ဘက္ကုိတစ္လွည့္၊ ညာဘက္ကုိတစ္လွည့္ေထာင့္ကပ္ျပီးၾကည့္ေပးပါ။ဦးေခါင္းကိုေတာ့မေရြ႔ပါနဲ႔။ငါးခါေလာက္ တစ္လွည့္စီၾကည့္ေပးပါ။

၃)ေလ့က်င့္ခန္း ၃
ေဘးဘက္ကုိၾကည့္ျပီးရင္ အေပၚနဲ႔ေအာက္ကုိေျပာင္းၾကည့္ပါ။ဦးေခါင္းကုိ လုိက္ျပီး မေျပာင္းပါန႔ဲ။မ်က္လံုးကုိသာ ေရြ႔လ်ားေပးပါ။အေပၚေအာက္ ငါးခါစီသံုးၾကိမ္ေလာက္လုပ္ေပးပါ။

၄)ေလ့က်င့္ခန္း ၄
ဦးေခါင္းကုိတည့္တည့္ထားပါ။ျပီးရင္ မ်က္လံုးကုိေအာက္စုိက္ၾကည့္ပါ။ဒါေပမဲ႔ တည့္တည့္မဟုတ္ပဲ ေထာင့္ျဖတ္ေနရာကုိၾကည့္ေပးပါ။ျပီးရင္ ဘယ္ဘက္ေထာင့္ျဖတ္ေနရာကိုတစ္လွည့္၊ညာဘက္ ေထာင့္ျဖတ္ေနရာ ကုိတစ္လွည့္ၾကည့္ေပးပါ။ဒါလည္း တစ္ဖက္ကုိ ငါးခါစီ၊သံုးၾကိမ္လုပ္ေပးပါ။

၅)ေလ့က်င့္ခန္း ၅
မ်က္လံုးကုိျဖည္းျဖည္းခ်င္း စက္၀ုိင္းလိုလည္ေပးပါ။နာရီလက္တံလို အေပၚကုိတစ္လွည့္ ၊ေအာက္ကုိတစ္လွည့္ ငါးခါစီ၊သံုးၾကိမ္လုပ္ပါ။

၆)ေလ့က်င့္ခန္း ၆
ခဲတံတစ္ေခ်ာင္းကုိယူလိုက္ပါ။ျပီးရင္၃၀စင္တီမီတာေလာက္အကြာမွာထားျပီးၾကည့္ပါ။ခဲတံကုိၾကည့္လုိက္၊ခဲတံေနရာထက္ေ၀းတဲ႔ေနရာကုိၾကည့္လိုက္လုပ္ေပးပါ။အဲ႔ဒီလုိမ်ိဳး ၁၀ၾကိမ္လုပ္ေပးပါ

၇)ေလ့က်င့္ခန္း ၇
မ်က္လံုးကုိခဏျပန္ပိတ္လိုက္ပါဦးျပီးရင္ သံုးစကၠန္႔ေလာက္ မ်က္လံုးတစ္၀ိုက္ကို ႏွိပ္နယ္ေပးပါ။မ်က္ခြံေတြေပၚ စက္၀ုိင္းပံုစံႏွိပ္နယ္ေပးပါ။အရမ္းၾကီးဖိျပီးလည္းမႏွိပ္ပါနဲ႔ဦး။

ဒီေလ့က်င့္ခန္းေလးေတြကုိ ညဘက္အိမ္ျပန္ေရာက္ရင္ျဖစ္ေစ၊မနက္ႏုိးရင္ျဖစ္ေစ ခဏတာအခ်ိန္ေပးျပီးလုပ္ေပးပါလို႔အၾကံျပဳလုိက္ပါတယ္။

Unicode

ခန္ဓာကိုယ်ရဲ ့အစိတ်အပိုင်းတွေထဲမှာ မျက်ဝန်းကအနူးည့ံဆုံးနဲ့အထိခိုက်မခံဆုံး အစိတ်အပိုင်း ပါပဲတဲ့။ ဒီလိုနူးည့ံတဲ့မျက်လုံးလေးကို ကိုယ်တွေကလည်းသေချာဂရုစိုက်ညှာတာဖို့လိုပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ကြီးထဲမှာကွန်ပျူတာ၊လက်ပ်တော့တွေ၊ဖုန်းတွေနဲ့အလုပ်လုပ်ရတာများလာတော့ ညှာချင်ပေမဲ့လည်းမျက်လုံးကိုသေချာဂရုမစိုက်နိုင်တော့ပါဘူး။ဒီလို ဂရုမစိုက်နိုင်တဲ့အတွက ်မျက်လုံးခြောက်သွေ့တာ၊ယားယံတာ၊ခေါင်းကိုက်တာ၊မျက်ရိုးကိုက်ခဲညောင်းညာတာ
တွေက တစ်ဆက်တည်းပါလာပါတော့တယ်။အခန့်မသင့်ရင် မျက်မှန်တောင်တပ်ရ တဲ့အထိဖြစ်သွားနိုင်ပါတယ်။

ဒီလို မျက်လုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေမဖြစ်ဖို့ ရိုးရှင်းပြီး အချိန်သိပ်မပေးရတဲ့မျက်လုံးလေ့ကျင့်ခန်း လေးတွေ ကို တွေ့ရှိထားပါတယ်။ဒီလေ့ကျင့်ခန်းတွေကို ခဏတဖြုတ်စီလုပ်ပေးမယ်ဆိုရင်
မျက်လုံးညောင်းညာတာ၊ကိုက်ခဲတာတွေမဖြစ်တော့ပါဘူးတဲ့။ဘယ်လိုလေ့ကျင့်ခန်းလေးတွေလဲ ကြည့်လိုက်ပါဦး

၁)လေ့ကျင့်ခန်း ၁
မျက်လုံးကိုလက်ဖဝါးနှစ်ဖက်နဲ့ပိတ်လိုက်ပါ။ပြီးရင် အမှောင်ကိုခဏလောက်စူးစိုက်ကြည့်ပေးပါ။ ၂မိနစ်လောက်ထိ အမှောင်ထဲမှာကြည့်ပါ

၂)လေ့ကျင့်ခန်း ၂
လက်ဖဝါးနှစ်ဖက်ကိုချလိုက်ပြီး မျက်လုံးကိုဖွင့်လိုက်ပါ။ပြီးရင် ဘယ်ဘက်ကိုတစ်လှည့်၊ ညာဘက်ကိုတစ်လှည့်ထောင့်ကပ်ပြီးကြည့်ပေးပါ။ဦးခေါင်းကိုတော့မရွေ့ပါနဲ့။ငါးခါလောက် တစ်လှည့်စီကြည့်ပေးပါ။

၃)လေ့ကျင့်ခန်း ၃
ဘေးဘက်ကိုကြည့်ပြီးရင် အပေါ်နဲ့အောက်ကိုပြောင်းကြည့်ပါ။ဦးခေါင်းကို လိုက်ပြီး မပြောင်းပါနဲ့။မျက်လုံးကိုသာ ရွေ့လျားပေးပါ။အပေါ်အောက် ငါးခါစီသုံးကြိမ်လောက်လုပ်ပေးပါ။

၄)လေ့ကျင့်ခန်း ၄
ဦးခေါင်းကိုတည့်တည့်ထားပါ။ပြီးရင် မျက်လုံးကိုအောက်စိုက်ကြည့်ပါ။ဒါပေမဲ့ တည့်တည့်မဟုတ်ပဲ ထောင့်ဖြတ်နေရာကိုကြည့်ပေးပါ။ပြီးရင် ဘယ်ဘက်ထောင့်ဖြတ်နေရာကိုတစ်လှည့်၊ညာဘက် ထောင့်ဖြတ်နေရာ ကိုတစ်လှည့်ကြည့်ပေးပါ။ဒါလည်း တစ်ဖက်ကို ငါးခါစီ၊သုံးကြိမ်လုပ်ပေးပါ။

၅)လေ့ကျင့်ခန်း ၅
မျက်လုံးကိုဖြည်းဖြည်းချင်း စက်ဝိုင်းလိုလည်ပေးပါ။နာရီလက်တံလို အပေါ်ကိုတစ်လှည့် ၊အောက်ကိုတစ်လှည့် ငါးခါစီ၊သုံးကြိမ်လုပ်ပါ။

၆)လေ့ကျင့်ခန်း ၆
ခဲတံတစ်ချောင်းကိုယူလိုက်ပါ။ပြီးရင်၃ဝစင်တီမီတာလောက်အကွာမှာထားပြီးကြည့်ပါ။ခဲတံကိုကြည့်လိုက်၊ခဲတံနေရာထက်ဝေးတဲ့နေရာကိုကြည့်လိုက်လုပ်ပေးပါ။အဲ့ဒီလိုမျိုး ၁ဝကြိမ်လုပ်ပေးပါ

၇)လေ့ကျင့်ခန်း ၇
မျက်လုံးကိုခဏပြန်ပိတ်လိုက်ပါဦးပြီးရင် သုံးစက္ကန့်လောက် မျက်လုံးတစ်ဝိုက်ကို နှိပ်နယ်ပေးပါ။မျက်ခွံတွေပေါ် စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။အရမ်းကြီးဖိပြီးလည်းမနှိပ်ပါနဲ့ဦး။

ဒီလေ့ကျင့်ခန်းလေးတွေကို ညဘက်အိမ်ပြန်ရောက်ရင်ဖြစ်စေ၊မနက်နိုးရင်ဖြစ်စေ ခဏတာအချိန်ပေးပြီးလုပ်ပေးပါလို့အကြံပြုလိုက်ပါတယ်။

30 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.