ဒီေမးခြန္းေတြေမးေနျပီဆုိ ခရက္ရွ္ေလးက သင့္ကုိျပန္စိတ္၀င္စားေနတာေသခ်ာျပီ

ေလ့လာခ်က္ေတြအရ ေယာက်္ားေလးတစ္ေယာက္ဟာမိန္းကေလးတစ္ေယာက္ကုိစိတ္၀င္ စားေနျပီဆုိရင္၊ အဲ႔ဒီမိန္းကေလးကုိသူတို႔ရဲ႔ခ်စ္သူမိန္းကေလးျဖစ္ေစခ်င္တယ္ဆုိရင္ ဒီလုိေမးခြန္းေလးေတြေမးေလ့ရွိပါတယ္။Intro ၀င္တဲ႔သေဘာေပါ့။သင္ရဲ ႔ခရက္ရွ္ေလးကေရာ သင့္ကုိဒီလုိေမးခြန္းေလးေတြေမးတယ္ဆုိရင္ ဒါက သူလည္းသင့္ကုိစိတ္၀င္စားေနတယ္ ဆုိတာေသခ်ာ သေလာက္ပါပဲ။သူတို႔ဘာေတြေမးတတ္လဲဆုိတာၾကည့္လိုက္ရေအာင္။

၁)အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ပတ္သက္ျပီးေမးမယ္
သင္နဲ႔စကားေျပာေနရင္း အခ်စ္ဆံုးသူငယ္ခ်င္းကဘယ္သူလဲဘာညာေမးမယ္၊ သူငယ္ခ်င္း အေၾကာင္းေတြစပ္စုတတ္ပါတယ္။ဒါက သင့္ရဲ႔အခ်စ္ဆံုးသူငယ္ခ်င္းက
သင့္အေၾကာင္းကုိပုိသိတဲ႔အတြက္ သူမဆီကေနတစ္ဆင့္ သင့္အေၾကာင္းေတြေမးျမန္းဖုိ႔ပါပဲ။

၂)ကေလးဘ၀တုန္းကအေၾကာင္းေလးေတြေမးေလ့ရွိတယ္
သူ႔ကေလးဘ၀တုန္းကရယ္စရာအျဖစ္အပ်က္ေလးက ဘယ္လို၊သင့္မွာေရာရွိလားေပါ့။ဒါကေတာ့ ရွင္းပါတယ္။သူက သင့္အေၾကာင္းကုိ ကေလးဘ၀တည္းကစလို႔သိခ်င္ေနတယ္ဆုိတဲ႔သေဘာပါပဲ။ စိတ္မ၀င္စားပဲနဲ႔ ဘယ္သူကေမးမွာလဲေနာ္

၃)အားလပ္ရက္ဆုိဘာလုပ္တတ္လဲေမးမယ္
သင့္ကုိစိတ္၀င္စားေနတဲ႔သူမို႔လိ႔ု သင့္ရဲ ႔အားလပ္ရက္ေတြကုိဘယ္လိုအခ်ိန္ကုန္ဆံုးမလဲေမ းတာပါ။ေမးျပီး သူလည္းလာ Join ရင္ Join မွာေပါ့။ဥပမာ ဒီတစ္ပတ္ေတာ့ ရုပ္ရွင္သြားၾကည့္မယ္ လို႔ေျပာရင္ သူကသူလည္းအဲ႔ဒီကားၾကည့္ခ်င္တာ၊အတူသြားၾကည့္ခ်င္လား လုိ႔ေမးတာမ်ိဳးေပါ့။

၄)သင္က Foodie ေလးဟုတ္မဟုတ္ ေမးမယ္
ဒီလိုေမးတာက တကယ္လို႔သင္နဲ႔အျပင္မွာေတ႔ြတဲ႔အခါ တုိ႔ကနန္းဆိတ္ကနန္းမွာတာထက္ တစ္ျခားအစားအစာမ်ိဳးကုိ မွာယူရေအာင္လို႔ပါတဲ႔။ျပီးေတာ့ သူလည္း foodie ဆုိရင္ အစားအေသာက္အေၾကာင္းေတြ၊စားေသာက္ဆုိင္အေၾကာင္းေတြေ၀မ်ွရင္း ပုိျပီးရင္းႏွီးရေအာင္လုိ႔ပါ။စားေသာက္ဆုိင္ေကာင္းေကာင္းေတြ႔ရင္ မန္းရွင္းေခၚျပီး အတူတူသြားစားလို႔ရတာေပါ့။

၅)ဘယ္လိုသီခ်င္းမ်ိဳးေတြကုိၾကိဳက္လဲေမးေလ့ရွိတယ္
ဂီတအမ်ိဳးအစားေတြအမ်ားၾကီးရွိတဲ႔အထဲက သင္ဘယ္လုိသီခ်င္္းေတြၾကိဳက္လဲ၊နားေထာင္ တတ္လဲေမးေလ့ရွိပါတယ္။သင္ၾကိဳက္တဲ႔သီခ်င္းနဲ႔သူၾကိဳက္တဲ႔သီခ်င္းတူတယ္ဆုိတာသိရင္ ေပ်ာ္တာေပါ့။ျပီးေတာ့ သီခ်င္းေတြကလူတစ္ေယာက္ရဲ ႔ခံစားခ်က္ကိုအနီးစပ္ဆံုးပံုေဖာ္ေပးႏုိင္ ပါတယ္။ရွိဳးပြဲေတြသြားရတာၾကိဳက္တယ္ဆုိရင္လည္း ဒါက သင္တုိ႔ႏွစ္ေယာက္အတူတူ ရွိႏုိင္တဲ႔အခြင့္အေရးတစ္ခုပါပဲ။

၆)သင့္ရဲ ႔အနာဂတ္အိပ္မက္ကဘာလဲေမးေလ့ရွိတယ္
သူတု႔ိစိတ္၀င္စားတဲ႔သူျဖစ္တဲ႔အတြက္ သင့္ရဲ ႔အနာဂတ္အိပ္မက္ကဘာလဲဆုိတာ သိခ်င္မွာပါပဲ။သင့္အိပ္မက္ကုိသိထားရင္ကုိ သင္နဲ႔အရင္းႏွီးဆံုးလူလိုလို
ခံစားရတာေၾကာင့္ပါတဲ႔။ျပီးေတာ့ သင့္ရဲ ႔အိပ္မက္နဲ႔ပတ္သက္ျပီးေတာ့ အားေပးတာမ်ိဳး၊လမ္းညႊန္ေပးတာမ်ိဳးလည္းလုပ္ေပးေလ့ရွိပါတယ္။ပါရမီျဖည့္ဖက္ေပါ့။
သင့္ ခရက္ရွ္ေလးကေရာ သင့္အတြက္ ဒီလုိမ်ိဳးေတြေျပာေပးရဲ႔လား။

၇)သင့္ဘ၀မွာၾကံဳခဲ႔ဖူးတဲ႔အဆိုးဆံုးေန႔ရက္ေတြအေၾကာင္းေမးေလ့ရွိတယ္
လူတုိင္းမွာအေပ်ာ္ရႊင္ဆံုးေန႔ရယ္လို႔မရွိပါဘူး။စိတ္ညစ္စရာေကာင္းတဲ႔ေန႔ေတြ၊စိတ္ပ်က္ဖုိ႔အေကာင္းဆံုးေန႔ေတြလည္းရွိပါတယ္။ကုိယ္ေတြလည္းလူတစ္ေယာက္ကုိစိတ္၀င္စားျပီဆုိရင္ သူ႔ရဲ ႔ကေလးဘ၀ကအစ အခုလက္ရွိအခ်ိန္ထိဘာေတြျဖစ္ခဲ႔တယ္၊ဘာေတြစိတ္ညစ္စရာ အျဖစ္အပ်က္ေတြ ရွိခဲ႔လဲဆုိတာသိခ်င္ၾကတယ္မဟုတ္လား။သင့္ရဲ ႔ခရက္ရွ္ကလည္း သင့္အေပၚစိတ္၀င္စားေနျပီဆုိရင္ သင္နဲ႔ပတ္သက္ျပီး ေပ်ာ္ရႊင္စရာေကာင္းတဲ႔ေန႔ေတြ
အေၾကာင္းကိုသိခ်င္သလို သင့္ရဲ ႔၀မ္းနည္းစရာအေၾကာင္းေတြကုိလညး္ နားေထာင္ေပးခ်င္ၾကပါတယ္။သူတို႔ကုိရင္ဖြင့္ေျပာျပေစခ်င္တဲ႔သေဘာေပါ့။

၈)အရင္တုန္းက ရည္းစားထားခဲ႔ဖူးလား၊ဘယ္ႏွစ္ေယာက္ရွိခဲ႔လဲ ၊ဘယ္လုိေယာက်္ားေလး မ်ိဳးကုိသေဘာက်လဲေမးေလ့ရွိတယ္
ဒါကေတာ့ သူတို႔သိလည္းသိခ်င္၊မသိလည္းမသိခ်င္တဲ႔အေျဖေပါ့။ဒါေပမဲ႔လည္း သူတို႔က ဒီေမးခြန္းကိုေမးေလ့ရွိၾကပါတယ္။ျပီးေတာ့သူ႔ရဲ႔အခ်စ္ေရးနဲ႔ပတ္သက္ျပီးေတာ့ သင့္ကုိေျပာျပ ပါလိမ့္မယ္။ ဒါက သင့္ကုိမၾကာခင္ခ်စ္ခြင့္ပန္ေတာ့မယ့္အရိပ္အေယာင္ လည္းျဖစ္ပါေသးတယ္။

ဒီအခ်က္ေလးေတြကုိေမးေနျပီဆုိရင္ေတာ့ သူက သင့္ကုိစိတ္၀င္စားေနတယ္ဆုိတာေသခ်ာပါတယ္ 😍

Unicode

လေ့လာချက်တွေအရ ယောကျ်ားလေးတစ်ယောက်ဟာမိန်းကလေးတစ်ယောက်ကိုစိတ်ဝင် စားနေပြီဆိုရင်၊ အဲ့ဒီမိန်းကလေးကိုသူတို့ရဲ့ချစ်သူမိန်းကလေးဖြစ်စေချင်တယ် ဆိုရင် ဒီလိုမေးခွန်းလေးတွေမေးလေ့ရှိပါတယ်။Intro ဝင်တဲ့သဘောပေါ့။သင်ရဲ ့ခရက်ရှ်လေးကရော သင့်ကိုဒီလိုမေးခွန်းလေးတွေမေးတယ်ဆိုရင်တော့ ဒါက သူလည်းသင့်ကိုစိတ်ဝင်စားနေတယ် ဆိုတာသေချာ သလောက်ပါပဲ။သူတို့ဘာတွေမေးတတ်လဲဆိုတာကြည့်လိုက်ရအောင်။

၁)အချစ်ဆုံးသူငယ်ချင်းနဲ့ပတ်သက်ပြီးမေးမယ်
သင်နဲ့စကားပြောနေရင်း အချစ်ဆုံးသူငယ်ချင်းကဘယ်သူလဲဘာညာမေးမယ်၊ သူငယ်ချင်း အကြောင်းတွေစပ်စုတတ်ပါတယ်။ဒါက သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းက
သင့်အကြောင်းကိုပိုသိတဲ့အတွက် သူမဆီကနေတစ်ဆင့် သင့်အကြောင်းတွေမေးမြန်းဖို့ပါပဲ။

၂)ကလေးဘဝတုန်းကအကြောင်းလေးတွေမေးလေ့ရှိတယ်
သူ့ကလေးဘဝတုန်းကရယ်စရာအဖြစ်အပျက်လေးက ဘယ်လို၊သင့်မှာရောရှိလားပေါ့။ဒါကတော့ ရှင်းပါတယ်။သူက သင့်အကြောင်းကို ကလေးဘဝတည်းကစလို့သိချင်နေတယ်ဆိုတဲ့သဘောပါပဲ။ စိတ်မဝင်စားပဲနဲ့ ဘယ်သူကမေးမှာလဲနော်

၃)အားလပ်ရက်ဆိုဘာလုပ်တတ်လဲမေးမယ်
သင့်ကိုစိတ်ဝင်စားနေတဲ့သူမို့လို့ သင့်ရဲ ့အားလပ်ရက်တွေကိုဘယ်လိုအချိန်ကုန်ဆုံးမလဲမေ းတာပါ။မေးပြီး သူလည်းလာ Join ရင် Join မှာပေါ့။ဥပမာ ဒီတစ်ပတ်တော့ ရုပ်ရှင်သွားကြည့်မယ် လို့ပြောရင် သူကသူလည်းအဲ့ဒီကားကြည့်ချင်တာ၊အတူသွားကြည့်ချင်လား လို့မေးတာမျိုးပေါ့။

၄)သင်က Foodie လေးဟုတ်မဟုတ် မေးမယ်
ဒီလိုမေးတာက တကယ်လို့သင်နဲ့အပြင်မှာတွေ့တဲ့အခါ တို့ကနန်းဆိတ်ကနန်းမှာတာထက် တစ်ခြားအစားအစာမျိုးကို မှာယူရအောင်လို့ပါတဲ့။ပြီးတော့ သူလည်း foodie ဆိုရင် အစားအသောက်အကြောင်းတွေ၊စားသောက်ဆိုင်အကြောင်းတွေဝေမျှရင်း ပိုပြီးရင်းနှီးရအောင်လို့ပါ။စားသောက်ဆိုင်ကောင်းကောင်းတွေ့ရင် မန်းရှင်းခေါ်ပြီး အတူတူသွားစားလို့ရတာပေါ့

၅)ဘယ်လိုသီချင်းမျိုးတွေကိုကြိုက်လဲမေးလေ့ရှိတယ်
ဂီတအမျိုးအစားတွေအများကြီးရှိတဲ့အထဲက သင်ဘယ်လိုသီချင််းတွေကြိုက်လဲ၊နားထောင် တတ်လဲမေးလေ့ရှိပါတယ်။သင်ကြိုက်တဲ့သီချင်းနဲ့သူကြိုက်တဲ့သီချင်းတူတယ်ဆိုတာသိရင် ပျော်တာပေါ့။ပြီးတော့ သီချင်းတွေကလူတစ်ယောက်ရဲ ့ခံစားချက်ကိုအနီးစပ်ဆုံးပုံဖော်ပေးနိုင် ပါတယ်။ရှိုးပွဲတွေသွားရတာကြိုက်တယ်ဆိုရင်လည်း ဒါက သင်တို့နှစ်ယောက်အတူတူ ရှိနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။

၆)သင့်ရဲ ့အနာဂတ်အိပ်မက်ကဘာလဲမေးလေ့ရှိတယ်
သူတို့စိတ်ဝင်စားတဲ့သူဖြစ်တဲ့အတွက် သင့်ရဲ ့အနာဂတ်အိပ်မက်ကဘာလဲဆိုတာ သိချင်မှာပါပဲ။သင့်အိပ်မက်ကိုသိထားရင်ကို သင်နဲ့အရင်းနှီးဆုံးလူလိုလို
ခံစားရတာကြောင့်ပါတဲ့။ပြီးတော့ သင့်ရဲ ့အိပ်မက်နဲ့ပတ်သက်ပြီးတော့ အားပေးတာမျိုး၊လမ်းညွှန်ပေးတာမျိုးလည်းလုပ်ပေးလေ့ရှိပါတယ်။ပါရမီဖြည့်ဖက်ပေါ့။
သင့် ခရက်ရှ်လေးကရော သင့်အတွက် ဒီလိုမျိုးတွေပြောပေးရဲ့လား။

၇)သင့်ဘဝမှာကြုံခဲ့ဖူးတဲ့အဆိုးဆုံးနေ့ရက်တွေအကြောင်းမေးလေ့ရှိတယ်
လူတိုင်းမှာအပျော်ရွှင်ဆုံးနေ့ရယ်လို့မရှိပါဘူး။စိတ်ညစ်စရာကောင်းတဲ့နေ့တွေ၊စိတ်ပျက်ဖို့အကောင်းဆုံးနေ့တွေလည်းရှိပါတယ်။ကိုယ်တွေလည်းလူတစ်ယောက်ကိုစိတ်ဝင်စားပြီဆိုရင် သူ့ရဲ ့ကလေးဘဝကအစ အခုလက်ရှိအချိန်ထိဘာတွေဖြစ်ခဲ့တယ်၊ဘာတွေစိတ်ညစ်စရာ အဖြစ်အပျက်တွေရှိခဲ့လဲဆိုတာသိချင်ကြတယ်မဟုတ်လား။သင့်ရဲ ့ခရက်ရှ်ကလည်း သင့်အပေါ်စိတ်ဝင်စားနေပြီဆိုရင် သင်နဲ့ပတ်သက်ပြီး ပျော်ရွှင်စရာကောင်းတဲ့နေ့တွေ
အကြောင်းကိုသိချင်သလို သင့်ရဲ ့ဝမ်းနည်းစရာအကြောင်းတွေကိုလညး် နားထောင်ပေးချင်ကြပါတယ်။သူတို့ကိုရင်ဖွင့်ပြောပြစေချင်တဲ့သဘောပေါ့။

၈)အရင်တုန်းက ရည်းစားထားခဲ့ဖူးလား၊ဘယ်နှစ်ယောက်ရှိခဲ့လဲ ၊ဘယ်လိုယောကျ်ားလေး မျိုးကိုသဘောကျလဲမေးလေ့ရှိတယ်
ဒါကတော့ သူတို့သိလည်းသိချင်၊မသိလည်းမသိချင်တဲ့အဖြေပေါ့။ဒါပေမဲ့လည်း သူတို့က ဒီမေးခွန်းကိုမေးလေ့ရှိကြပါတယ်။ပြီးတော့သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့ သင့်ကိုပြောပြပါလိမ့်မယ်။ ဒါက သင့်ကိုမကြာခင်ချစ်ခွင့်ပန်တော့မယ့်အရိပ်အယောင် လည်းဖြစ်ပါသေးတယ်။

ဒီအချက်လေးတွေကိုမေးနေပြီဆိုရင်တော့သူက သင့်ကိုစိတ်ဝင်စားနေတယ်ဆိုတာသေချာပါတယ် 😍

535 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.