အထာကျကျ crush ထားနည်း

Crush တယ်ဆိုတာ နာမည်သာသိပ်မဆိုးတာ ခံရတာက တကယ်ဆိုးပါတယ်။ တစ်ဖက်သတ်ဆိုတာတစ်ဖက်ကိုသတ်နေပါပဲဆိုသလို crush ရတာကလည်း သူ့ရဲ့အဓိပ္ပါယ်အတိုင်း နှလုံးသားကိုရော ရင်ဘတ်ကြီိးတစ်ခုလုံးကိုပါ ကြိတ်ချေသွားသလိုခံစားရတာအမှန်ပါ။ လွယ်လွယ်ပြောရရင်တော့ Feel ရတယ်ပေါ့။ ကိုယ့်ဘာသာနေတော့အကောင်းသား crush တစ်ယောက်ထားလိုက်မှ ငါးပါးဆယ်ပါးမက သံဃာစင်ပါမှောက်ရောဆိုတဲ့အဖြစ်အပျက်တွေကလည်း ရှိပါသေးတယ်။ အချို့ဆို အပြင်းစား crush တွေဆို crush သာ crush တယ် ဖြစ်နေတာက ရည်းစားနဲ့ကွဲသလို မျက်ရည်နဲ့မျက်ခွက် (တိုက်ဆိုင်မှုရှိရင်သည်းခံပါနော် 😛 ) ဒါပေမယ့် Crush မရှိတဲ့ ဘဝကြီးကလည်း ဆော့စ်မပါတဲ့ ကြက်ကြော်လို၊ မရောနိစ်မပါတဲ့ ဆူရှီလို ပေါ့ရွှတ်ရွှတ်ကြီးမဟုတ်လား။ဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်းမထိခိုက်အောင် ဘဝကြီိးကလည်းပျင်းခြောက်ခြောက်ကြီးမဖြစ်အောင် အထာကျကျ crush ထားနည်းလေးတွေကိုဖောက်သည်ချလိုက်ရပါတယ်နော်။

 

သိုသိုသိပ်သိပ် crush ပါ

ဒီတစ်ယောက်ကတော့ ငါ့ကို crush နေပြီိဆိုတာမျိုး သူ့ကိုပေးမသိပါနဲ့။သူသိသွားရင်တောင် လူသိရှင်ကြားတွေမဖြစ်ပါစေနဲ့။Facebook မှာ comment တွေတအားသိသိသာသာကြီးပေးနေတာမျိုးတွေ၊လူရှေ့သူရှေ့မရှောင် မတရားကြွေပြနေတာမျိုးတွေမလုပ်ပါနဲ့။ ကိုယ့်ရဲ့ inner circle က လူတွေက ကိုယ်သူ့ကို crush နေတယ်ဆိုတာကို သိထားလို့ရပါတယ် (အဲ့ဒါမှလည်း မလိုလားအပ်တဲ့တိုက်ဆိုင်မှုတွေမဖြစ်မှာမဟုတ်လား)။ ဒါပေမယ့် လူသိရှင်ကြား ပေါ်တင်ကြီးတွေ crush လို့ ဟိုက ပြန်ကြိုက်ရင်တော်ပါရဲ့၊ရိုမန်းတစ်အချစ်ဇာတ်လမ်းလေးဖြစ်နိုင်ချေရှိသေးတယ်။ဟိုက မတော်တဆများ ကောက်ခါငင်ခါ RS တက်ချိတ်လိုက်လို့ကတော့ သေပြီဆရာ၊လူတွေရဲ့ သနားစဖွယ်အကြည့်တွေကြားမှာ ကိုယ်ကအရှင်လတ်လတ်မီးမြှိုက်ပြီးသားဖြစ်နေတော့မှာ။ အိုကေနော်… သိုသိုသိပ်သိပ် crush ပါ။

 

သူ့ဘက်မှာလည်း တွေဝေတဲ့အချိန်တွေရှိပါစေ

အရာရာတိုင်းက သေချာနေတာသိပ်မကောင်းပါဘူး။ ကိုယ်ကသူ့ကိုအမြဲချစ်နေမယ်ဆိုတာသေချာတယ်လို့သူ့ကိုပေးသိတာ ရင်ခုန်စရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လူပဲ..သူသင့်ကိုစိတ်ဝင်စားမှုရှိတယ်ဆိုရင်တောင်မှ ကိုယ့်ခြံထဲကကြက်ပဲ၊နောက်ဆုံးမှ ရိုက်သတ်စားမှာပေါ့။ ဟုတ်တယ်မလား။ ဒီတော့ သင့်ဘက်ကသူ့ကိုကြွေနေတယ်ဆိုတာသူသေချာသိလေလေ သင်က သူ့အတွက်စိတ်ဝင်စားဖို့မကောင်းတော့လေလေပါပဲ။ရှာဖွေတွေ့ရှိပြီးသား သုတေသနတွေပြုပြီးသားနေရာတစ်ခုကို ဘယ်သူကအပင်ပန်းခံပြီး ထပ်မံသုတေသနလုပ်နေတော့လို့လဲ… အခြား လျို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ hidden cities တွေဆီပဲ ခြေဦးလှည့်တော့မှာပေါ့။ ဒါကြောင့် သိပ်ပြီး မြင်သာအောင်မနေပါနဲ့။ ဒီတစ်ယောက်ငါ့ကိုကြွေနေတာဟုတ်မှဟုတ်ရဲ့လား..စိတ်များပြောင်းသွားပြီလားဆိုတာမျိုး သူ့ဘက်မှာလည်းတွေဝေတဲ့အချိန်တွေရှိပါစေ။ အဲဒါမှလည်းသင်နဲ့ပက်သက်တဲ့သူ့ခံစားချက်ကိုသူ့ဘာသာဆန်းစစ်ချိန်ရမှာပါ။

 

သူ့စိတ်ကိုဒီလိုလေ့လာလို့ရတယ်

သူကရော သင့်ကိုစိတ်ဝင်စားနေလား မဝင်စားဘူးလားဆိုတာသိချင်တယ်ဟုတ်။ ဒီလိုနည်းနဲ့ စမ်းသပ်လို့ရပါတယ်။အဲဒါကတော့ သူက social media တွေမှာ ကောင်မလေးတွေနဲ့အဖွဲ့ကျနေတာကိုသင်မြင်လိုက်ရတယ်ဆိုပါစို့။ အဲဒီမှာသူပြောတဲ့စကားတစ်ခွန်းကိုသင်မှတ်ထားလိုက်ပါ။ နောက်တစ်ခါ သူနဲ့စကားပြောဖြစ်တဲ့အခါ အဲဒီစကားကို ထည့်ပြောလိုက်ခြင်းဖြင့် သင်သူ့စိတ်ကိုစမ်းသပ်နိုင်ပါတယ်။ ဥပမာ… သက်မွန်ဆိုတဲ့ကောင်မလေးနဲ့စကားပြောနေတာသင်မြင်လိုက်ရတယ်ဆိုရင် သူကသင့်ကိုတစ်စုံတစ်ခုမေးလာတဲ့အခါ…သက်မွန်ကိုသွားမေးလို့ပြောလိုက်ခြင်းဖြင့် သင့်အနေနဲ့ သူ့ကိုဂရုတစိုက်ရှိတယ်ဆိုတာကိုမသိမသာပြသလိုက်ခြင်းဖြစ်တဲ့အပြင် သူက ပျာပျာသလဲတုံ့ပြန်လာတယ်ဆိုရင် သူကသင့်ကိုစိတ်ဝင်စားမှုရှိနေတာပဲဖြစ်ပြီး ရယ်ရယ်မောမောပဲရှိနေမယ်ဆိုရင်တော့ ဒီဖြစ်ရပ်က သင့်စိတ်ကိုလှစ်ပြလိုက်ခြင်းအဖြစ် သူ့ကို advantage ပေးလိုက်သလိုပဲဖြစ်သွားမှာပါ။ဒါပေမယ့် ဂရုစိုက်စရာမလိုပါဘူး။ သင့်ကိုစိတ်မဝင်စားတဲ့သူကို ဆက်ပြီး ပက်သက်ဆက်ဆံစရာမှမရှိတော့တာ။

 

သိပ်မခံစားပါနဲ့

Crush တစ်ယောက်ရှိပြီဆိုတာနဲ့ အဲဒီ crush ကိုပေါ်မှာပဲဘဝကြီးပုံပြီး တစ်ချိန်လုံး သူ့အပြုအမူတွေပေါ်မှာပဲကိုယ့်ပျော်ရွှင်မှုနဲ့စိတ်အခြေအနေကမူတည်နေတာမျိုးမဖြစ်ပါစေနဲ့။ သူ့ကိုလည်း crush တယ်၊ရရင်ယူမှာ၊ဒါပေမယ့် မရရင်လည်းအေးဆေးပဲ သာသာယာယာပဲဆိုတာမျိုးဖြစ်ပါစေ။ ကိုယ်က စိတ်ထဲနှစ်ပြီိးတစ်ယောက်ဆိုတစ်ယောက် crush တတ်တဲ့လူဆိုရင်တော့ ဒီလိုစိတ်မျိုးထားဖို့က နည်းနည်းခဲယဉ်းပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သိပ်အများကြီိးမခံစားမိအောင် ကိုယ့်စိတ်ကိုယ်လေ့ကျင့်ထားပါ။ Crush ဆိုတာ သူနဲ့စကားပြောနေရရင် ကိုယ့်စိတ်က Flattered ဖြစ်ပြီိး စကားမပြောရလည်းရတယ်၊နည်းနည်းပါးပါးလွမ်းပေမယ့် desperate ဖြစ်လောက်တဲ့အထိတော့မဟုတ် ဆိုတာမျိုးဖြစ်ရပါမယ်။အချေမခံချင်ရင် ကိုယ့်စိတ်ကိုယ်နိုင်ပါစေ။

 

Crush များများထားပါ

တွေ့ကရာလူ crush ခိုင်းတာမဟုတ်ပါဘူး။ကိုယ်ကြိုက်တဲ့မင်းသားတွေဘာတွေအပါအဝင် crush တွေကိုများနိုင်သမျှများအောင်သာထားပစ်လိုက်ပါ။ အဲဒါမှ တစ်ယောက်ပါသွားလည်း အများကြီးကျန်သေးတယ်ဆိုပြီိးညဘက်တွေစိတ်ချလက်ချအိပ်နိုင်မှာပါ။အဓိကပြောချင်တာကတော့ တစ်ယောက်တည်းကိုကိုယ့်စိတ်တွေပုံပြီးမထားလိုက်ပါနဲ့။ ကိုယ်ကငယ်ပါသေးတယ်၊အဲဒီလိုခံစားနေဖို့ဘယ်ယောက်ျားကမှမထိုက်တန်ပါဘူး။ဒီတော့ Crush များများထားပါ။မုန့်များများစားပါ။ပျော်ပျော်နေပစ်ပါ။

ဒါတွေကတော့ ခုခေတ်ကြီးမှာ crush နဲ့မကင်းနိုင်သူတွေအတွက် ကိုယ့်ကိုယ်ကိုယ်အထိအခိုက်အနည်းဆုံးဖြစ်အောင် ဘယ်လို crush ကြမလဲဆိုတာ တတ်သလောက်မှတ်သလောက်ဖောက်သည်ချထားတာပါ။ ဒီအချက်တွေထဲက ဘယ်တစ်ခုကကိုယ်နဲ့အကိုက်ဆုံးလည်းဆိုတာ ပြောသွားကြပါဦိး။

 

Unicode Format

 













317 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.