ချစ်တဲ့သူနဲ့ ဘ၀တစ်ခုအတူတည်ဆောက်တော့မယ်ဆိုတဲ့ Jo Jung Suk
Unicode
“Oh My Ghost” ၊ “My Annoying Brother” စတဲ့ဇာတ်ကားတွေနဲ့ မိန်းကလေး ပရိသတ်တွေ အသည်းစွဲဖြစ်လာခဲ့သူမင်းသားချော Jo Jung Suk ဟာ သူ့ရဲ ့ချစ်သူ အဆိုတော်မလေး Gummy နဲ့လက်ထပ်ပွဲလေး မကြာခင်ကျင်းပတော့မှာတဲ့။သူတို့စုံတွဲက ၂၀၁၃ ကစတွဲခဲ့တာဖြစ်ပြီး၂၀၁၅ ကျမှ ပရိသတ်တွေကို သူတို့လက်တွဲနေတာ ၂နှစ်ရှိပြီဖြစ်ကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်က မီဒီယာတစ်ခုကနေ” ၆နှစ်တာလက်တွဲလာကြတဲ့ Jo Jung Suk နဲ့ Gummy တို့က မကြာခင်လက်ထပ်ကြတော့မှာပါ။မိသားစုနှစ်စု ဆွေးနွေးတိုင်ပင်ပြီးရင် လက်ထပ်မယ့် ရက်အတိအကျသတ်မှတ်ကြေညာမှာဖြစ်တယ်”လို့ဖော်ပြခဲ့ပါတယ်။ဒီသတင်းကို မင်းသားJo Jung Suk ကလည်း “ကျွန်တော်တို့နှစ်ယောက် မကြာခင်လက်ထပ်ဖို့စီစဉ်ထားပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော် Hit and Run Unit ဇာတ်ကားကိုရိုက်ကူးနေဆဲဖြစ်ပြီး ရက်အတိအကျနဲ့မင်္ဂလာပွဲကျင်းပမယ့်နေရာတော့ မသတ်မှတ်ရသေးပါဘူး။ ကျွန်တော်တို့နှစ်ယောက်ရဲ ့လှပတဲ့အချစ်တွေနဲ့ပျော်ရွှင်တဲ့အိမ်ထောင်ရေး လေးကိုပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်”လို့အတည်ပြုပြောပြခဲ့ပါတယ် ❤️
သူ့ရဲ ့ချစ်သူအဆိုတော်မလေးGummy ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ အချစ်ရေးကိုလျှို့ဝှက်ထားချင်တဲ့သူမျိုးမဟုတ်ပါဘူး။သူမက မင်းသားကို အမြဲတမ်းအားဖြစ်စေခဲ့တဲ့
သူပါ။ပြီးတော့ အချိန်တွေကို ပြန်နောက်ဆုတ်လို့ရရင်တောင် သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရှေ့ချပြရလို့ နောင်တရမှာမဟုတ်ဘူးလို့သူမရဲ ့Relationship အကြောင်းကို ဂုဏ်ယူမြတ်နိုးစွာပြောပြခဲ့ဖူးပါတယ် ❤️
အခုလက်ရှိမှာ မင်းသား Jo Jung Suk က Hit and Run Unit နဲ့ Exit ဆိုတဲ့ဇာတ်ကား ရိုက်ကူးနေပြီး သူရိုက်ကူးထားတဲ့ The Drug King ဇာတ်ကားဟာ
၂၀၁၈ ဆောင်းတွင်းလောက် မှာထွက်ရှိလာမှာဖြစ်ပါတယ်။
141 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.