ဟီးရိုးမင်းသားကြီး Park Bo Gumကတော့ ပရိတ်သတ်တွေစိတ်ထဲ သို့လော သို့လောဖြစ်အောင်လုပ်ချလိုက်ပြန်ပြီ…

Gentleman ကြီး Park Bo Gum

Red Velvet အဖွဲ့ဝင် Irene လှေကားပေါ်မှ ပြုတ်ကျခါနီး အချိန်မှီလှမ်းဆွဲနိုင်ခဲ့တဲ့ လျင်မြန်
သွက်လက် Park Bo Gum ကို ပရိတ်သတ်တွေ ကြွေပြီးရင်းကို ကြွေပေါ့ကွယ်။

Image result for Irene Falls Down Flight Of Stairs, Rescued By Park Bo Gum

Park Bo Gum နဲ့ Irene တို့ Music Banks မှ ပြန်လာစဉ် လှေကားကအဆင်းမှာ ဖြစ်ပျက်သွား
ခဲ့တာပါ။ Irene လှေကားကအဆင်း ခြေချော်ပြီး ပြုတ်ကျမလိုဖြစ်နေချိန် Park Bo Gum က လှမ်းဆွဲလိုက်တာဖြစ်ပါတယ်။ သူမအခြေအနေငြိမ်သွားတဲ့အထိ Park Bo Gum က တင်းကြပ်စွာ လှမ်းကိုင်ထားတာတွေ့ရပါတယ်။

ဒီအဖြစ်ပျက်နဲ့တင် ပရိတ်သတ်တွေ အရည်ပျော်အောင် Park Bo Gum လုပ်ခဲ့တာမဟုတ်ပါဘူး။
Irene ကို သူကူညီခဲ့တာတွေ တစ်ခုနှစ်ခု မကပါဘူး။

Music Bank က တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်မှာ Irene လွဲချော်မှုလေးတွေရှိတုန်းကလည်း Park Bo Gum က သူမပခုံးကို ကိုင်ပြီး နှစ်သိမ့်ပေးနေတာတွေ့ရပြန်တယ်။

စင်မြင့်ပေါ်ကနေ Irene ဒေါက်မြင့်ဖိနပ်ကြီးနဲ့ ဆင်းရခက်နေရင် လက်လှမ်းပေးပြီး ကူညီပေးခဲ့တာတွေလည်းရှိပါတယ်။ အင်တာဗျုးတွေမှာ Irene ကလည်း သူမကိုအမြဲကူညီပေးတဲ့ Park Bo Gum အကြောင်းကို ထုတ်ပြောလေ့ရှိပါတယ်။

Music Bank မှာ အစီစဉ်တင်ဆက်သူတွေအဖြစ် ၁၄လကြာအတူတူ အလုပ်လုပ်ပြီးနောက်
သူတို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက်ပိုသိလာကြပါတယ်။ ဒါကြောင့်လည်း သူတို့ တိတ်တဆိတ်ဒိတ်နေကြတယ်လို့ ကောလဟာလတွေထွက်လာပါသေးတယ်။

ဒီလိုသတင်းတွေ မထွက်လာခင်တည်းကလည်း Park Bo Gum နဲ့ Irene ကို နှစ်ယောက်သား လိုက်ဖက်တယ်ဆိုပြီး ပရိတ်သတ်တွေကလည်း သဘောတူပြီးသားဖြစ်ပါတယ်။ မကြာမီမှာသတင်းကောင်းကြားရမယ်လို့ မျှော်လင့်နေကြပါတယ်…

https://www.youtube.com/watch?v=t5MQ_oOSJUU

103 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.