ခ်စ္ခ်င္ေပမဲ႔ အခ်စ္ေၾကာင့္ပဲနာက်င္ခံစားရမွာေၾကာက္လုိ႔ ေရွာင္ေျပးေနမိသူေလးေတြဖတ္ဖုိ႔❤️

အခ်စ္ဆုိတာကုိ ကေလးကစားစရာတစ္ခုလုိထင္မွတ္ျပီးေဆာ့ကစားတဲ႔သူေတြနဲ႔ၾကံဳေတြ႔လာရ တဲ႔သူေတြအဖုိ႔ ေနာက္ထပ္အခ်စ္ကုိထပ္ျပီးရွာေဖြဖုိ႔၊လက္ခံဖုိ႔လည္းေၾကာက္ရြံ႔ေန တယ္ဆုိတာ မျဖစ္သင့္တာတစ္ခုေတာ့မဟုတ္ပါဘူး။ကုိယ့္အေပၚျမတ္ျမတ္ႏုိးႏုိးနဲ႔နားလည္မႈရွိရွိခ်စ္မယ့္သူကုိ လုိခ်င္တယ္။ေတြ႔လည္းေတြ႔လာေပမဲ႔ တကယ္တမ္းအဲ႔ဒီလူကုိခ်စ္ပစ္လိုက္ဖုိ႔၊ခ်စ္သူေတြျဖစ္လိုက္ဖုိ ႔ေၾကာက္လန္႔ေနတတ္ပါတယ္။အရင္လိုထပ္ျပီးကစားခံရမွာ၊လွည့္စားခံရမွာ၊ထားခဲ႔ခံရမွာ ကုိေတြးျပီးေတာ့ေပါ့။ဒီလုိမ်ိဳးျဖစ္ေနတတ္တာဟာ တစ္ေယာက္တည္းမဟုတ္ပါဘူး။ ေတာ္ေတာ္မ်ားမ်ားမွာ ဒီလုိမ်ိဳးစိတ္ခံစားခ်က္ေတြျဖစ္တတ္ပါတယ္။အခ်စ္ကုိေတြ႔ေနေပမဲ႔လည္း တြန္းထုတ္မိေနတာမ်ိဳးမျဖစ္ရေအာင္ စိတ္ပညာရပ္ေတြနဲ႔ပတ္သက္ျပီးေလ့လာသူေတြက ဒီလိုနည္းလမ္းေလးေတြကုိအသံုးခ်ၾကည့္ဖုိ႔ေျပာထားပါတယ္။ဖတ္ၾကည့္လိုက္ရေအာင္။

၁)အတြင္းစိတ္ထဲက စကားေတြကုိနားေထာင္ေနတာရပ္လိုက္ပါ
“သူက င့ါကုိတကယ္ခ်စ္တာမဟုတ္ဘူး။အရူးလုပ္မခံနဲ႔။သူက င့ါကုိနာက်င္ေစမွာပဲ။သူ႔မွာ ငါ့အျပင္ တစ္ျခားသူေတြလည္းရွိရင္ရိွေနမွာ”စသျဖင့္ အရင္ၾကိဳေတြးျပီး စိတ္ပူပန္ေနတာ မ်ိဳးေတြကုိ မေတြးပါနဲ႔ေတာ့။တကယ္ေတာ့ အဲ႔ဒီအတြင္းစိတ္က သင္ဘာေတြလုပ္ႏုိင္လဲဆုိတာကုိ သက္ေသမျပႏုိင္တဲ႔အထိေတာင္စိတ္ကုိေျခာက္လွန့္ေနေစပါတယ္။ခဏေလာက္ အတြင္းစိတ္နဲ႔အျပန္အလွန္စဥ္းစားေတြးေတာေနတာကုိရပ္ပစ္လိုက္ျပီး စိတ္ရႈပ္ေထြးေနတာကုိ လႊတ္ခ်လိုက္ပါ။

၂)ေၾကာက္လန္႔စိတ္ကုိအႏုိင္ယူပါ
အၾကီးမားဆံုးေအာင္ျမင္မႈက ကုိယ့္ရဲ႔ ေၾကာက္လန္႔စိတ္ကုိအႏုိင္ရလိုက္တာပါပဲ။ခ်စ္ရမွာ ကုိေၾကာက္ေနရင္ တကယ့္အခ်စ္ဆုိတာ ဘာမွန္းေတာင္သင္သိမွာမဟုတ္ေတာ့ပါဘူး။ နာက်င္မွာကုိ မေၾကာက္ပါနဲ႔။လူတစ္ေယာက္ကုိခ်စ္မိလို႔နာက်င္ရတာက ထပ္ျပီးမခ်စ္မိေအာင္ ၾကိဳးစားေနရတာထက္စာရင္ ပုိျပီးလွပတဲ႔အမွတ္တရတစ္ခုပါပဲ။တစ္ခ်ိဳ႔လူေတြ အခ်စ္နဲ႔ပတ္သက္ျပီး လွပတဲ႔အမွတ္တရေတြေျပာေနတဲ႔အခ်ိန္မွာ သင့္မွာ ျပန္ေတြးဖုိ႔အမွတ္တရေတြ မရွိေနဘူးဆုိရင္ မနာက်င္ဘူးဆုိရင္ေတာင္ သင့္ကုိယ့္သင္ ေမးၾကည့္သင့္တာက သင္တကယ္ေရာ ေပ်ာ္ရႊင္ရဲ႔လား ဆုိတာပါပဲ။

၃)ကုိယ့္ကုိယ့္ကုိယ္ေသခ်ာရဲ႔လားေမးပါ
ပထမဆံုး သင့္ကုိယ့္သင္ေသခ်ာေအာင္လုပ္ဖုိ႔လိုပါတယ္။ကုိယ့္ကုိ ခ်စ္တဲ႔သူတစ္ေယာက္ ေတြ႔လာျပီ။ကိုယ္ကေရာ ခ်စ္ရဲ႔လား? ခ်စ္သူျဖစ္ရင္ ဘယ္လိုဘာညာေတြၾကိဳေတြးေန တာထက္ အဲ႔ဒီသူကုိ သင္တကယ္ေရာခ်စ္ရဲ႔လားဆုိတာ အရင္ေသခ်ာေအာင္ လုပ္ပါ။ေသခ်ာမွ က်န္တာေတြဆက္ျပီးေတြးေပါ့။

၄)ခုခံကာကြယ္ေနတာေတြရပ္လိုက္ပါ
ခုခံကာကြယ္ေနတာေတြရပ္လုိက္ပါဆုိတာကေတာ့ ခ်စ္မိရင္နာက်င္ရမယ္၊ ခံစားရမယ္ဆုိ တာၾကီးေတြးျပီး ဘယ္သူ႔ကုိမွမခ်စ္မိေအာင္ကုိယ့္စိတ္ကုိယ္ထိန္းခ်ဳပ္ျပီးComfort Zone ထဲ ထည့္ေနတာကုိေျပာတာပါ။အရင္ကနာက်င္ဖူးတယ္။အဲ႔ဒီအတြက္ ဒီတစ္ေခါက္အခ်စ္ကလည္း သင့္ကုိနာက်င္ေစဦးမယ္ထင္ေနတတ္ပါတယ္။ဒါေပမဲ႔ သင့္ကုိယ္သင္ comfort zone ထဲထည့္ထားတယ္ ဆုိရင္ေတာ့ ဒီအခ်စ္ကသင့္ကုိတကယ္နာက်င္ေစမွာလား။ေပ်ာ္ရႊင္ေစမယ့္ အခ်စ္လားဆုိတာကုိေတာင္သင့္မွာသိခြင့္မရွိေတာ့ပါဘူး။တကယ္တမ္း သင့္ေရွ႔ကုိေရာက္ လာတဲ႔အခ်စ္က နာက်င္ေစသလား၊ေပ်ာ္ရႊင္ေစသလားဆုိတာသိရဖုိ႔ Comfort Zone ထဲက
ထြက္ၾကည့္လိုက္ပါ။

၅)ကုိယ့္ကုိယ့္ကုိယ္မညာပါနဲ႔
ဒီလူကုိခ်စ္ခ်င္တယ္။ဒါေပမဲ့ နာက်င္မွာစုိးလုိ႔ တြန္းထုတ္လိုက္တယ္။ဒါဆုိ သင္ေပ်ာ္ရဲ႔လား။ ဘ၀ဆုိတာ ခံစားခ်က္မိ်ဳးစံုနဲ႔ရွင္သန္ေနထုိင္ရတာပါ။ ေပ်ာ္ရႊင္ရမယ္။၀မ္းနည္းရမယ္။နာက်င္ရမယ္။ ခံစားရမယ္။ဒီလုိခံစားခ်က္ေတြကုိ မစီးေမ်ာဘူးဆုိရင္ ဘ၀မွာေနထုိင္ရတာ ဘာအဓိပၸာယ္ရွိမွာလဲ မဟုတ္ဘူးလား။ကုိယ့္ကုိယ့္ကုိယ္မညာတာအေကာင္းဆံုးပါ။တစ္စံုတစ္ေယာက္ကုိခ်စ္ေနရဲ႔သားနဲ႔ နာက်င္ခံစားရမွာကုိေၾကာက္ျပီး အေ၀းကုိတြန္းထုတ္လုိက္ရတာထက္ပုိျပီးနာက်င္တဲ႔ အရာမရွိပါဘူး။

ဒီလုိေျပာလို႔ ကိုယ့္ကိုရည္းစားစကားလာေျပာထားတဲ႔သူကုိ ခ်စ္ၾကည့္မယ္ဆုိျပီးေခါင္းမညိတ္ လိုက္နဲ႔ေနာ္။တကယ္ေရာခ်စ္ရဲ ႔လားဆုိတာ စဥ္းစားဖုိ႔မေမ့ပါနဲ႔ဦး။အနာဂတ္ဆုိတာ မျမင္ရတဲ႔အရာတစ္ခုပါ။မျမင္ရတဲ႔အရာအတြက္ၾကိဳျပီးမပူပန္ပါနဲ႔။ျပီးသြားတဲ႔အရာေတြေၾကာင့္လည္း ပူပန္စိတ္ေတြျဖစ္မေနပါနဲ႔ေတာ့။လက္ရွိကုိသာ အာရံုစုိက္ျပီး ဘ၀ရဲ႔အမွတ္တရ ေတြကုိဖန္တီးလုိက္ပါ ❤️❤️❤️

Unicode

အချစ်ဆိုတာကို ကလေးကစားစရာတစ်ခုလိုထင်မှတ်ပြီးဆော့ကစားတဲ့သူတွေ နဲ့ကြုံတွေ့လာရ တဲ့သူတွေအဖို့ နောက်ထပ်အချစ်ကိုထပ်ပြီးရှာဖွေဖို့၊လက်ခံဖို့လည်းကြောက်ရွံ့နေ တယ်ဆိုတာ မဖြစ်သင့်တာတစ်ခုတော့မဟုတ်ပါဘူး။ကိုယ့်အပေါ်မြတ်မြတ်နိုးနိုးနဲ့နားလည်မှုရှိရှိချစ်မယ့်သူကို လိုချင်တယ်။တွေ့လည်းတွေ့လာပေမဲ့ တကယ်တမ်းအဲ့ဒီလူကိုချစ်ပစ်လိုက်ဖို့၊ချစ်သူတွေဖြစ်လိုက်ဖို ့ကြောက်လန့်နေတတ်ပါတယ်။အရင်လိုထပ်ပြီးကစားခံရမှာ၊လှည့်စားခံရမှာ၊ထားခဲ့ခံရမှာ ကိုတွေးပြီးတော့ပေါ့။ဒီလိုမျိုးဖြစ်နေတတ်တာဟာ တစ်ယောက်တည်းမဟုတ်ပါဘူး။ တော်တော်များများမှာ ဒီလိုမျိုးစိတ်ခံစားချက်တွေဖြစ်တတ်ပါတယ်။အချစ်ကိုတွေ့နေပေမဲ့လည်း တွန်းထုတ်မိနေတာမျိုးမဖြစ်ရအောင် စိတ်ပညာရပ်တွေနဲ့ပတ်သက်ပြီးလေ့လာသူတွေက ဒီလိုနည်းလမ်းလေးတွေကိုအသုံးချကြည့်ဖို့ပြောထားပါတယ်။ဖတ်ကြည့်လိုက်ရအောင်။

၁)အတွင်းစိတ်ထဲက စကားတွေကိုနားထောင်နေတာရပ်လိုက်ပါ။
“သူက င့ါကိုတကယ်ချစ်တာမဟုတ်ဘူး။အရူးလုပ်မခံနဲ့။သူက င့ါကိုနာကျင်စေမှာပဲ။သူ့မှာ ငါ့အပြင် တစ်ခြားသူတွေလည်းရှိရင်ရှိနေမှာ”စသဖြင့် အရင်ကြိုတွေးပြီး စိတ်ပူပန်နေတာ မျိုးတွေကို မတွေးပါနဲ့တော့။တကယ်တော့ အဲ့ဒီအတွင်းစိတ်က သင်ဘာတွေလုပ်နိုင်လဲဆိုတာကို သက်သေမပြနိုင်တဲ့အထိတောင်စိတ်ကိုခြောက်လှန့်နေစေပါတယ်။ခဏလောက် အတွင်းစိတ်နဲ့အပြန်အလှန်စဉ်းစားတွေးတောနေတာကိုရပ်ပစ်လိုက်ပြီး စိတ်ရှုပ်ထွေးနေတာကို လွှတ်ချလိုက်ပါ။

၂)ကြောက်လန့်စိတ်ကိုအနိုင်ယူပါ
အကြီးမားဆုံးအောင်မြင်မှုက ကိုယ့်ရဲ့ ကြောက်လန့်စိတ်ကိုအနိုင်ရလိုက်တာပါပဲ။ချစ်ရမှာ ကိုကြောက်နေရင် တကယ့်အချစ်ဆိုတာ ဘာမှန်းတောင်သင်သိမှာမဟုတ်တော့ပါဘူး။ နာကျင်မှာကို မကြောက်ပါနဲ့။လူတစ်ယောက်ကိုချစ်မိလို့နာကျင်ရတာက ထပ်ပြီးမချစ်မိအောင် ကြိုးစားနေရတာထက်စာရင် ပိုပြီးလှပတဲ့အမှတ်တရတစ်ခုပါပဲ။တစ်ချို့လူတွေ အချစ်နဲ့ပတ်သက်ပြီး လှပတဲ့အမှတ်တရတွေပြောနေတဲ့အချိန်မှာ သင့်မှာ ပြန်တွေးဖို့အမှတ်တရတွေ မရှိနေဘူးဆိုရင် မနာကျင်ဘူးဆိုရင်တောင် သင့်ကိုယ့်သင် မေးကြည့်သင့်တာက သင်တကယ်ရော ပျော်ရွှင်ရဲ့လား ဆိုတာပါပဲ။

၃)ကိုယ့်ကိုယ့်ကိုယ်သေချာရဲ့လားမေးပါ
ပထမဆုံး သင့်ကိုယ့်သင်သေချာအောင်လုပ်ဖို့လိုပါတယ်။ကိုယ့်ကို ချစ်တဲ့သူတစ်ယောက် တွေ့လာပြီ။ကိုယ်ကရော ချစ်ရဲ့လား? ချစ်သူဖြစ်ရင် ဘယ်လိုဘာညာတွေကြိုတွေးနေ တာထက် အဲ့ဒီသူကို သင်တကယ်ရောချစ်ရဲ့လားဆိုတာ အရင်သေချာအောင် လုပ်ပါ။သေချာမှ ကျန်တာတွေဆက်ပြီးတွေးပေါ့။

၄)ခုခံကာကွယ်နေတာတွေရပ်လိုက်ပါ
ခုခံကာကွယ်နေတာတွေရပ်လိုက်ပါဆိုတာကတော့ ချစ်မိရင်နာကျင်ရမယ်၊ ခံစားရမယ်ဆို တာကြီးတွေးပြီး ဘယ်သူ့ကိုမှမချစ်မိအောင်ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ပြီးComfort Zone ထဲ ထည့်နေတာကိုပြောတာပါ။အရင်ကနာကျင်ဖူးတယ်။အဲ့ဒီအတွက် ဒီတစ်ခေါက်အချစ်ကလည်း သင့်ကိုနာကျင်စေဦးမယ်ထင်နေတတ်ပါတယ်။ဒါပေမဲ့ သင့်ကိုယ်သင် comfort zone ထဲထည့်ထားတယ် ဆိုရင်တော့ ဒီအချစ်ကသင့်ကိုတကယ်နာကျင်စေမှာလား။ပျော်ရွှင်စေမယ့် အချစ်လားဆိုတာကိုတောင်သင့်မှာသိခွင့်မရှိတော့ပါဘူး။တကယ်တမ်း သင့်ရှေ့ကိုရောက် လာတဲ့အချစ်က နာကျင်စေသလား၊ပျော်ရွှင်စေသလားဆိုတာသိရဖို့ Comfort Zone ထဲက
ထွက်ကြည့်လိုက်ပါ။

၅)ကိုယ့်ကိုယ့်ကိုယ်မညာပါနဲ့
ဒီလူကိုချစ်ချင်တယ်။ဒါပေမဲ့ နာကျင်မှာစိုးလို့ တွန်းထုတ်လိုက်တယ်။ဒါဆို သင်ပျော်ရဲ့လား။ ဘဝဆိုတာ ခံစားချက်မျိုးစုံနဲ့ရှင်သန်နေထိုင်ရတာပါ။ ပျော်ရွှင်ရမယ်။ဝမ်းနည်းရမယ်။နာကျင်ရမယ်။ ခံစားရမယ်။ဒီလိုခံစားချက်တွေကို မစီးမျောဘူးဆိုရင် ဘဝမှာနေထိုင်ရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ မဟုတ်ဘူးလား။ကိုယ့်ကိုယ့်ကိုယ်မညာတာအကောင်းဆုံးပါ။တစ်စုံတစ်ယောက်ကိုချစ်နေရဲ့သားနဲ့ နာကျင်ခံစားရမှာကိုကြောက်ပြီး အဝေးကိုတွန်းထုတ်လိုက်ရတာထက်ပိုပြီးနာကျင်တဲ့ အရာမရှိပါဘူး။

ဒီလိုပြောလို့ ကိုယ့်ကိုရည်းစားစကားလာပြောထားတဲ့သူကို ချစ်ကြည့်မယ်ဆိုပြီးခေါင်းမညိတ် လိုက်နဲ့နော်။တကယ်ရောချစ်ရဲ ့လားဆိုတာ စဉ်းစားဖို့မမေ့ပါနဲ့ဦး။အနာဂတ်ဆိုတာ မမြင်ရတဲ့အရာတစ်ခုပါ။မမြင်ရတဲ့အရာအတွက်ကြိုပြီးမပူပန်ပါနဲ့။ပြီးသွားတဲ့အရာတွေကြောင့်လည်း ပူပန်စိတ်တွေဖြစ်မနေပါနဲ့တော့။လက်ရှိကိုသာ အာရုံစိုက်ပြီး ဘဝရဲ့အမှတ်တရ တွေကိုဖန်တီးလိုက်ပါ ❤️❤️❤️

236 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.