အင်္ဂါအစိတ်ပိုင်းတွေကို ဆိုးဝါးစွာထိခိုက်စေတဲ့ အသင့်စားခေါက်ဆွဲထုပ်တွေအကြောင်း
ဈေးပေါပြီး ရေနွေးလေးနဲ့ပြုတ်လိုက်ရုံနဲ့ ချက်ချင်း အရသာရှိတဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲကို ရရှိစေတဲ့ အသင့်စား ခေါက်ဆွဲထုပ်တွေ တဖြည်းဖြည်းနဲ့လူတွေ ပိုမိုစားသုံးလာကြပါတယ်။ အရသာရှိပေမယ့်
အာဟာရမဖြစ်ဘူး။
4491758635_4eb1f4abf7_b
Related image
(Unicode)
စျေးပေါပြီး ရေနွေးလေးနဲ့ပြုတ်လိုက်ရုံနဲ့ ချက်ချင်း အရသာရှိတဲ့ ခေါက်ဆွဲပြုတ််တစ်ပွဲကို ရရှိစေတဲ့ အသင့်စား ခေါက်ဆွဲထုပ်တွေ တဖြည်းဖြည်းနဲ့လူတွေ ပိုမိုစားသုံးလာကြပါတယ်။ အရသာရှိပေမယ့်
အာဟာရမဖြစ်ဘူး။
အမွေးကြိုင်ဆီတွေ ၊ အရသာအချိုမှုန့်တွေထည့်ပြီး ၅မိနစ်အတွင်းရရှိတဲ့ ရှလွတ် ရှလွတ်ခေါက်ဆွဲ
ပြုတ်တွေမှာ carbohydrates များစွာပါဝင်ပြီး သင့်ကို ဝလာစေပါတယ်။ ပရိုတိန်းဓာတ်၊ အမျှင်ဓာတ် နဲ့ ဗီတာမင်တို့ဟာ အလွန်နည်းပါးပါတယ်။ အာဟာရမဖြစ်မှန်းသိတာတောင်လူတွေက အားပါးတရစားနေကြတာပါပဲ။
World Instant Noodles Association (WINA) အရ ၅၂နိုင်ငံမှာ အသင့်စားခေါက်ဆွဲစားသုံးသူ ၉၇.၇ ဘီလီလျံရှိပါတယ်။ အဲ့ဒီနိုင်ငံတွေမှာ စားသုံးသူအများဆုံး နိုင်ငံကတော့ တရုတ်ပဲဖြစ်
ပါတယ်။ သူတို့ဆီမှာ အသင့်စားခေါက်ဆွဲ စားသုံးသူ ၄ဝ.၄၃ ဘီလီလျံရှိတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားမှာ ၁၃.၂ဝ ဘီလီလျံ ရှိပါတယ်။ အမေရိကန်မှာတော့ ၂ဝ၁၅ခုနှစ်တုန်းက ၄ဘီလီလျံရှိခဲ့တယ်လို့ သိရပါတယ်။
ခန္ဓာကိုယ်အတွက် အာဟာမဖြစ် ဆိုးကျိုးတွေသာပေးနိုင်တဲ့Junk Food တွေပါပဲ။ ဟားဗတ်နဲ့ Baylor တက္ကသိုလ်များရဲ့လေ့လာမှုအရ အသင့်စားခေါက်ဆွဲတွေဟာ နှလုံးရောဂါနဲ့ သွေးခဲပိတ်ရောဂါတွေဖြစ်စေနိုင်တယ်လို့ Washington Post မှာဖော်ပြထားပါတယ်။
တောင်ကိုရီးယားမှာ အသက်၁၉နှစ်ကနေ ၆၄ရှိတဲ့ လူပေါင်းတစ်သောင်းကျော်ကို ကျန်းမာရေးစစ်ဆေးကြတော့ အမျိုးသမီးအများစုမှာ စားသုံးထားတဲ့ ခေါက်ဆွဲတွေကြောင့် အန္တရာယ်ရှိ metabolic syndrome တွေအဖြစ်များတာတွေ့ခဲ့ရပါတယ်။ ယောကျ်ားလေးတွေမှာတော့ မတွေ့ရှိခဲ့ဘူးတဲ့။ Metabolic syndrome ဟာ သွေးထဲ သကြားဓာတ်များစေပြီး သွေးဖိအားမြင့်တက်စေကာ ဆီးချို ၊ သွေးခဲပိတ်ခြင်းနဲ့ နှလုံးရောဂါတွေကို ဖြစ်စေတာပါပဲ။
အိန္ဒိာမှာတော့ Food Safety and Standards Authority of India (FSSAI) အဖွဲ့အစည်က ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသင့်စားခေါက်ဆွဲထုတ်တွေကို ပိတ်ပင်နေပြီလို့ သိရပါတယ်။ ရောင်းတဲ့သူတွေက ရောင်းနေပေမယ့်လည်း ဖြစ်ရင်ကိုယ်ပဲခံရမှာမို့လို့ အတတ်နိုင်ဆုံး ပိုက်ဆံနဲ့ ရောဂါပေးမဝယ်ပဲ အခြားအာဟာရဖြစ်မယ့် အစားစာတွေကိုသာ စားသုံးပါလို့ ။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.