Kwang ကတော်တွေ ဒီသတင်းဖတ်ပြီးရင် စိတ်အေးပါ့မလား 😊
Unicode
‘Running Man’ အဖွဲ့ဝင်တွေဖြစ်တဲ့ Lee Kwang Soo ၊မင်းသမီး Jeon So Min တို့ဟာ ဇွန်လ ၂ဝရက်နေ့က ညစာအတူစားခဲ့ကြပါတယ်တဲ့။သူတို့နှစ်ယောက်ဟာ ရသစုံရှိုးအစီအစဉ်မှာ Monday Couple ပြီးရင် နောက်ထပ် Screen Love line စုံတွဲ(KwangMin)လို့လည်း RM ပရိသတ်တွေကြားမှာ အသိများပါတယ်။
ဇွန်လ ၂ဝရက်နေ့ကတော့ Lee Kwang Soo ၊Jeon So Min နဲ့သူမရဲ ့မောင်လေးပါ အတူညစာစားခဲ့တာဖြစ်ပါတယ်။Jeon So Min ရဲ့ မောင်ဖြစ်သူ Jeon Wook Min က အင်စတာဂရမ်မှာ သူတို့သုံးယောက်ညစာအတူစားနေတဲ့ပုံကို တင်ခဲ့ပါတယ်။ပြီးတော့
“It was a good meal, hyung and noona”, along with hashtags ‘#8dishes’, ‘#forreal’, ‘#theycheckedoverandoveragain’ စတဲ့စာလေးတွေပါ ရေးသားခဲ့ပါတယ်။အစ်ကိုနဲ့အစ်မနဲ့ အတူညစာစားရတာပျော်ရွှင်နေပုံပါပဲ။
Jeon Wook Min ဟာ ‘Running Man’ရဲ ့အထူးအစီအစဉ်တစ်ခုမှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ပြီးတော့ Lee Kwang Soo နဲ့ Jeon So Minတို့ကို စုံတွဲအဖြစ်မြင်ရရင် သူကပျော်ရွှင်မိမှာပဲလို့လည်းပြောခဲ့ဖူးပါတယ်။အခုတော့ ညစာလည်းအတူစားနေပြီဆိုတော့ အခြေအနေတွေကဘာလားပေါ့ 🤔
Running Man အဖွဲ့ဝင်တွေအကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် တကယ့် မောင်နှမတွေလိုခင်မင်ကြတာမို့သူတို့အတူညစာစားတာက အထူးအဆန်းတစ်ခု
လိုမဟုတ်ပေမဲ့ Lee Kwang Soo ကိုသဘောကျသူမိန်းကလေးပရိသတ်တစ်ချို့ကတော့ သူတို့ညစာအတူစားကြတဲ့သတင်းကိုကြားပြီးနည်းနည်းတော့စိတ်မကောင်းဖြစ်နေကြပါတယ်။ သူတို့ရဲ့အချစ်တော်သစ်ကုလားအုတ်ကို ဘယ်သူ့ကိုမှမပေးချင်ဘူးထင်ပါရဲ ့ 😔
314 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.