တကယ်ပျော်ချင်ရင်ဒီလိုချစ်ပါ…
(၅) အမှန်တိုင်းသိချင်ရင်အမှန်တိုင်းပြောတတ်အောင်ကြိုးစားပါ
Unicode
လူတိုင်းလိုလိုဟာ အချစ်ရေးမှာသာယာအေးချမ်းပြီး အဆင်ပြေပြေသက်ဆုံးတိုင်လက်တွဲသွားချင်ကြတာကြီးပါပဲ။ ဒါပင်မဲ့ အမျိုးမျိုးသောအကြောင်းတွေကြောင့်ပဲ တစ်ယောက်နဲ့တစ်ယောက်
လမ်းခွဲပြတ်စဲပြီး အဆုံးသတ်သွားကြတာတွေဒုနဲ့ဒေးပါပဲ ။ ဆိုတော့ ကိုယ်တကယ်ချစ်တဲ့သူနဲ့ချစ်သူတွေဖြစ်နေကြပြီ သူ့ကိုလည်းကိုယ်တကယ်ပိုင်ဆိုင်ချင်တယ်၊ နောက်ဆုံးထွက်သက်ထိလည်းသူနဲ့နေချင်ပြီး ကိုယ့်ဘဝအတွက်ရောသူ့ဘဝအတွက်ပါတစ်ယောက်ကိုတစ်ယောက်လိုကိုလိုအပ်နေပြီဆိုရင်တော့ ဒီလိုချစ်ကြည့်ပါ…
(၁) စိတ်ကိုသိအောင်လုပ်ပါ
တစ်ယောက်စိတ်ကိုတစ်ယောက်သိအောင်ကြိုးစားဖို့လိုပါတယ်။ ကိုယ့်ချစ်သူရဲ့တကယ့်စိတ်ရင်း တကယ့်ခံစားချက်အစစ်မှန်ကဘာလဲဆိုတာကို သိရှိပြီး တစ်ယောက်စိတ်မချမ်းသာစရာကိစ္စတွေ
တစ်ယောက်စိတ်ပူရမဲ့ကိစ္စတွေကို တစ်ယောက်ရှောင်ရင်း နေသင့့်ပါတယ်။ ဒီလိုတစ်ယောက်ကိုတစ်ယောက်အလိုက်တသိနဲ့ချစ်တာဟာ ရန်နည်းပြီး ပျော်စရာကောင်းတဲ့အချိန်တွေပိုထွက်လာစေတာမလို့ပျော်ချင်ရင်ဒီလိုချစ်ပါ။
(၂) ပေါ့ပေါ့ပါးပါးချစ်ပါ
တကယ်ချစ်လာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စိတ်မချတာတွေ၊ စိတ်ပူတာတွေ၊ သဝန်တိုလာတာတွေနဲ့ အပူကြီးလာတတ်ကြပါတယ်။ တကယ်မဖြစ်ပဲ ကိုယ့်ရဲ့ စိတ်ပူမှုတွေကြောင့် မလိုအပ်ပဲ စကားများရန်ဖြစ်အထင်လွဲတာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သဝန်တိုမယ်ဆို တိုပါ၊ စိတ်မချလည်းခပါ ဒါမဲ့ အတင်းကြီးစွပ်စွဲ စိတ်ပူတာမျိုးတွေမလုပ်ပဲ ချင့်ချိန်ပြီးကိုယ်စိတ်ပူရကြောင်းကိုယ်သဝန်တိုရကြောင်းကိုနားလည်အောင်ပြောပြတတ်ဖို့လိုပါတယ်။ ဒါကြောင့်စိတ်ကြီးအရမ်းမဖိစီးပဲ ပေါ့ပေါ့ပါးပါးနဲ့နားလည်အောင်ပြောပြီးချစ်ပါ။
(၃) သူ့ရဲ့အတိတ်ကို သိအောင်လုပ်ပြီးနားလည်နိုင်ပါစေ
ကိုယ်နဲ့မချစ်ခင်မှာ တစ်ခြားသူတွေနဲ့ပတ်သတ်ခဲ့တာမျိုးတွေလည်းရှိနိုင်တယ်၊ တစ်ခြားပြဿနာတွေလည်းရှိနိင်မယ်။ ဆိုတော့ကိုယ့်ချစ်ရသူကသူဖြစ်လာတဲ့အခါ သူ့အတိတ်ကကိစ္စတွေနဲ့ပတ်သတ်ပြီးသိအောင်မေးမြန်းပါ။ သိလာတဲ့အခါမှာလည်းအတိုင်းတာတစ်ခုထိနားလည်နို်င်အောင်ကြိုးစားပါ။ သင်နဲ့မသက်ဆိုင်တဲ့ပြီးသွားပြီဖြစ်တဲ့အတိတ်ကိုတူဆွပြီးခဏခဏ ပြဿနာတတ်တာမျိုးမဖြစ်ပါစေနဲ့။ လက်ရှိသင့်ဘေးနားမှာ အကောင်းဆုံးရှိနေပေးတာနဲ့တင်ကျေနပ်ပျော်ရွှင်ပြီးတန်ဖိုးထားနားလည်ပေးလိုက်ရင်ပျော်စရာကောင်းတဲ့ချစ်ခြင်းတွေဖြစ်သွားကြမှာပါ။
(၄) တွေ့တဲ့ချိန်တိုင်းအပိုကိစ္စတွေနဲ့အချိန်မဖြုန်းပါနဲ့
တွေ့တဲ့အချိန်တိုင်းမှာ မလိုအပ်ပဲ ရန်ဖြစ်စိတ်ထိခိုက်ရမဲ့စကားလုံးတွေ တစ်ယောက်စိတ်တစ်ယောက်နာကျင်ရမဲ့အကြောင်းတွေ မပြောပဲ နှစ်ယောက်သားအတွက်ခွန်အားဖြစ်စေမဲ့အကြောင်းအရာတွေတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုချစ်ကြောင်းဘယ်လောက်ချစ်ကြောင်းတွေ ရှေ့ရေးအတွက်ဘာတွေကိုခိုင်မြဲအောင်လုပ်ဆောင်ရမယ်ဆိုတာတွေကို သာပြောဆိုဆွေးနွေးပါ။ တွေ့တဲ့ချိန်တိုင်းကိုတန်ဖိုးရှိရှိကုန်ဆုံးပါ။
(၅) အမှန်တိုုင်းသိချင်ရင်အမှန်တိုင်းပြောတတ်အောင်ကြိုးစားပါ
တစ်ယောက်နဲ့တစ်ယောက်ပွင့်လင်းမှုရှိဖို့ကလည်းပျော်ရွှင်တဲ့ချစ်ရေးချစ်ရာတစ်ခုမှာအရေးပါလှပါတယ်။ သူ့ဆီကနေအကြောင်းအရာမှန်သမျှကိုအမှန်တိုင်းသိချင်ရင် ကိုယ်ကလည်းအမှန်တိုင်း
ပြောပြတတ်တဲ့အကျင့်လုပ်ပါ။ ကိစ္စသေးသေးလေးပဲဆိုပြီးလိမ်ပြောရင်းကနေတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုကင်းမဲ့လာကာ အနေပိုဝေးစေပြီးပျော်ရွှင်မှုမရှိတော့ပါဘူး။
တကယ်ပျော်စရာကောင်းတဲ့ ချစ်သူဘဝကိုပိုင်ဆိုင်ပြီးသက်ဆုံးတိုင်လက်တွဲဖို့ကြိုးစားနေတဲ့သူတိုင်းအတွက်အပေါ်ကအချက်လေးတွေကိုကျင့်သုံးရင်းပျော်ချင်ရင်ဒီလိုချစ်ကြပါ….
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.