သင့္တစ္ဘဝလံုး လက္ကိုင္က်င့္သံုးသင့္တဲ့ ႐ိုး႐ွင္းေသာ ၉ဝ/၁ဝ နိယာမ

နာမည္ၾကီး စာေရးဆရာ Stephen Covey ရဲ႕ “the 90/10 principle” နဲ႔ စာဖတ္သူမ်ားကို
မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီနည္းလမ္းကို သိျပီးသားလူေတြလည္း႐ွိသလို၊ မသိေသးတဲ့လူေတြအတြက္လည္း ဘယ္လိုအသံုးခ်သြားရမယ္ဆုိတာကို ဥပမာေလးေတြနဲ႔တကြ ႐ွင္းျပေပးသြားမွာပါ။ ဘယ္ေလာက္ထိ အလုပ္ျဖစ္လဲဆိိုတာ သင္ကိုယ္တုိင္လက္ေတြ႔က်င့္သံုးျပီးရင္ သိလာပါလိမ့္မယ္။

၉ဝ/၁ဝ နိယာမ ဆိုတာဘာလဲ ?

ဘဝမွာ ျဖစ္ပ်က္ေနတဲ့အရာေတြထဲက (၁ဝ)ရာခုိင္ႏႈန္းကို ကၽြန္ေတာ္တို႔မွာ ထိန္းခ်ဳပ္
ႏုိင္စြမ္းမ႐ွိပါဘူး။ ပစၥည္းတစ္ခု ပ်က္စီသြားျခင္း (သို႔) ေလယာဥ္ေနာက္က်တဲ့ ကိစၥမ်ဳိးေတြဆို
ကၽြန္ေတာ္တို႔မွာ ဘာမွလုပ္ႏုိင္စြမ္းမ႐ွိပါဘူး။ ဒါေပမယ့္ ဒီလိုအရာေတြေပၚထား႐ွိတဲ့ ကၽြန္ေတာ္တုိ႔ရဲ ႔
အေတြးအေခၚေတြ ၊ တ႔ုံျပန္မႈေတြကိုေတာ့ ထိန္းခ်ဳပ္ႏုိင္တယ္။

အျခား (၉ဝ)ရာခိုင္ႏႈန္းဟာ ကၽြန္ေတာ္တုိ႔ တ႔ုံျပန္မႈရဲ႕ရလဒ္ေတြျဖစ္ပါတယ္။

ဒီ ဥပမာေလးကို တစ္ခ်က္ေလာက္ မ်က္လံုးထဲျမင္ေယာင္ၾကည့္ပါ…

တစ္ရက္မွာ မိသားစုနဲ႔အတူ သင္မနက္စာစားေနတယ္။ သင့္ရဲ႕သမီးေၾကာင့္ မထင္မွတ္ပဲ ေကာ္ဖီခြက္ေမွာက္သြားျပီး အက်ီ ၤကိုလာစင္မယ္။ သင္ခုန္ထလုိက္ျပီး ကေလးကိုေအာ္မယ္။ ဒီလိုအလြယ္တကူျပဳတ္က်ေအာင္ ခြက္ကိုထားထားတဲ့ မိန္းမျဖစ္သူကိုလည္း လွမ္းေဟာက္လုိက္ျပီး အက်ီ ၤလဲဖို႔ အခန္းထဲျပန္ဝင္သြားမယ္။ ျပန္လည္းထြက္လာေရာ တ႐ႈံ႕႐ႈံ႕ငိုေနျပီး မနက္စာေတာင္ ဝေအာင္မစားပဲ ေက်ာင္းသြားဖို႔ျပင္ဆင္ေနရတဲ့ ကေလးကို ေတြ႔မယ္။ ဒါဟာ သင့္အက်ီ ၤေပၚ မေတာ္တဆဖိတ္စင္လာတဲ့ ေကာ္ဖီေတြေၾကာင့္ တု႔ံျပန္လိုက္တဲ့ အျပဳမူေနာ္။

ရလဒ္အေနနဲ႔ ကေလး ေက်ာင္းကားေနာက္က်မယ္။ သင့္ဇနီးလည္း အလုပ္မမွီလို႔ အျမန္ေျပးရ
တယ္။ ကေလးေက်ာင္းကားမမွီလို႔ သင္ကလုိက္ပို႔ေပးရဦးမယ္။ သင္လည္း အလုပ္ေနာက္က်မယ္။ ႐ံုးမွာအေရးၾကီး တင္စရာ႐ွိတဲ့ စာရြက္စာတမ္းေတြလည္း မနက္ကေဒါသထြက္ေနတာနဲ႔ေမ့က်န္ခဲ့တယ္။ ေန႔တစ္ေန႔ရဲ႕အစမွာပဲ စိတ္ပ်က္စရာေတြၾကဳံရျပီ။ တစ္ေန႔လံုး စိတ္အေျခအေနသာယာေတာ့မွာမဟုတ္ဘူး။ အိမ္ျပန္ေရာက္ေတာ့လည္း မိန္းမနဲ႔ ကေလးကို ႏႈတ္ဆက္ေပမယ့္မနက္ကအ႐ွိန္က သင္တို႔ၾကားမွာ တင္းမာမႈေတြျဖစ္ရတယ္။

ဘာလုိ႔ ဒီလိုျဖစ္ရတာလဲ ?
၁ . သင့္သမီးက ေကာ္ဖီေမွာက္လိုက္လို႔
၂. ေက်ာင္းကားလြတ္သြားလို႔ ကေလးကိုေက်ာင္းလိုက္ပုိ႔ေပး
၃. မီးပြိဳင့္ေတြမိေနတာနဲ႔ အလုပ္ေနာက္က်သြားတာ
၄. ျဖစ္လာတဲ့အေျခအေနတစ္ခုေပၚ မွားယြင္းစြာတံု႔ျပန္မိလုိ႔

အေျဖမွန္က နံပါတ္(၄)ပါ။ မိသားစုၾကား အေျခအေနတင္းမာေအာင္ ၊ သင့္ရဲ႕ေန႔တစ္ေန႔ မသာယာေအာင္ဖ်က္ဆီးလိုက္တာ သင္ကိုယ္တိုင္ပါပဲ။ မေတာ္တဆေမွာက္သြားတဲ့ ေကာ္ဖီကို သင္ဘာ
မွလုပ္လို႔မရဘူး။ ဒါေပမယ့္ သင့္စိတ္ခံစားခ်က္ကိုေတာ့ ထိန္းခ်ဳပ္ႏုိင္တယ္။

ဒီလိုဆိုရင္ေတာ့ ခုနကလို ဟုတ္ခ်င္မွ ဟုတ္မယ္။

ေကာ္ဖီေတြ သင့္ေဘာင္းဘီေပၚေမွာက္က်လာတယ္။ ဆူခံရေတာ့မယ္ဆိုတာသိတဲ့ သင့္ကေလး
က မ်က္ရည္အ၀ိုင္းသားနဲ႔ ။ ဒါေပမယ့္ သင္က ” ဘာမွမျဖစ္ဘူး .. ေနာက္ခါဂ႐ုစိုက္ေနာ္ သမီးေလး ” လို႔ ခ်ဳိခ်ဳိသာသာေျပာလုိက္တယ္။ အခန္းထဲသြား အက်ီ ၤလဲ ၊ အလုပ္အတြက္လုိအပ္တဲ့ စာရြက္ေတြယူျပီး ျပန္ထြက္လာခဲ့တယ္။ သင္ထမင္းစားခန္းထဲျပန္သြားေတာ့ ကေလးကို ေက်ာင္းကားေပၚတက္ခါနီး သင့္ကိုလက္ေဝွ႔ယမ္းႏႈတ္ဆက္ျပေနျပီ။ သင္လည္း မနက္စာစားျပီးတာနဲ႔ မိန္းမကိုႏႈတ္ဆက္ျပီး စိတ္ၾကည္လင္စြာနဲ႔႔ပဲ အလုပ္ကိုအခ်ိန္မွန္ေရာက္လာတယ္။ အဲ့ဒီေန႔ တစ္ေန႔ဟာ သင့္အတြက္သာယာသြားပါျပီ။

ကဲ.. ဘယ္လုိအမူရာမ်ဳိးနဲ႔ အေျခအေနတစ္ခုကို တံု႔ျပန္မလဲဆိုတာ သင့္အေပၚမွာပဲမူတည္ပါတယ္။
သင့္ရဲ႕ျပႆနာေတြ၊ အခက္ခဲေတြကို အျခားသူအေပၚ အျပစ္တင္ခ်င္ တင္လုိ႔ရတယ္။ အဲ့လိုအျပစ္တင္လိုက္႐ံုနဲ႔ အေျဖရသြားျပီလားဆိုတာ စဥ္းစားပါ။

မွန္ကန္စြာ တံု႔ျပန္ႏုိင္တတ္တဲ့ အက်င့္ေမြးပါ။ ဒါဆို သင့္ရဲ႕တစ္ေန႔တာကို ဘယ္ေတာ့မွ ဖ်က္ဆီး
မိေတာ့မွာမဟုတ္ဘူး။

ေလယာဥ္ေနာက္က်တယ္။ တစ္ေန႔တာ အခ်ိန္ဇယားေတြေတာ့ ပ်က္စီးကုန္ျပီ။ ေဒါသထြက္ျပီး ေလဆိပ္က ဝန္ထမ္းေတြကို ျပႆနာသြားမ႐ွာပါနဲ႔။ ဒါသူတို႔ရဲ႕အမွားမဟုတ္ပါဘူး။ သူတို႔ကို ေအာ္ဟစ္ရန္႐ွာျပီး အခ်ိန္ကုန္မယ့္အစား ကိုယ့္အတြက္အက်ဳိး႐ွိမယ့္အရာတစ္ခုကိုလုပ္ေနလုိက္ပါ။ ဥပမာ- စာအုပ္ဖတ္ေနတာျဖစ္ျဖစ္ေပါ့။ ၉ဝ/၁ဝ နိယာမအတိုင္း သင္လုိက္နာက်င့္သံုးလို႔ ဘယ္ေတာ့မွ ေနာင္တရမွာမဟုတ္ပါဘူး။ ဆန္႔က်င္ဘက္ကို စဥ္းစားပါ။ ရလဒ္ေတြအတြက္
သင္အျမဲ စိတ္ခ်မ္းသာေနရပါလိမ့္မယ္။

(Unicode)

သင့်တစ်ဘဝလုံးအတွက် အကျိုးရှိစေမယ့် ရိုးရှင်းသော ၉ဝ/၁ဝ နိယာမ

နာမည်ကြီး စာရေးဆရာ Stephen Covey ရဲ့ “the 90/10 principle” နဲ့ စာဖတ်သူများကို
မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်းကို သိပြီးသားလူတွေလည်းရှိသလို၊ မသိသေးတဲ့လူတွေ
အတွက်လည်း ဘယ်လိုအသုံးချသွားရမယ်ဆိုတာကို ဥပမာလေးတွေနဲ့တကွ ရှင်းပြပေးသွားမှာပါ။
ဘယ်လောက်ထိ အလုပ်ဖြစ်လဲဆိိုတာ သင်ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးရင် သိလာပါလိမ့်မယ်။

၉ဝ/၁ဝ နိယာမ ဆိုတာဘာလဲ ?

ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေထဲက (၁ဝ)ရာခိုင်နှုန်းကို ကျွန်တော်တို့မှာ ထိန်းချုပ်
နိုင်စွမ်းမရှိပါဘူး။ ပစ္စည်းတစ်ခု ပျက်စီသွားခြင်း (သို့) လေယာဉ်နောက်ကျတဲ့ ကိစ္စမျိုးတွေဆို
ကျွန်တော်တို့မှာ ဘာမှလုပ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် ဒီလိုအရာတွေပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ ့
အတွေးအခေါ်တွေ ၊ တု့ံပြန်မှုတွေကိုတော့ ထိန်းချုပ်နိုင်တယ်။

အခြား (၉ဝ)ရာခိုင်နှုန်းဟာ ကျွန်တော်တို့ တု့ံပြန်မှုရဲ့ရလဒ်တွေဖြစ်ပါတယ်။

ဒါလေးကို တစ်ချက်လောက် မျက်လုံးထဲမြင်ယောင်ကြည့်ပါ…

တစ်ရက်မှာ မိသားစုနဲ့အတူ သင်မနက်စာစားနေတယ်။ သင့်ရဲ့သမီးကြောင့် မထင်မှတ်ပဲ
ကော်ဖီခွက်မှောက်သွားပြီး အကျီ င်္ကိုလာစင်မယ်။ သင်ခုန်ထလိုက်ပြီး ကလေးကိုအော်မယ်။
ဒီလိုအလွယ်တကူပြုတ်ကျအောင် ခွက်ကိုထားထားတဲ့ မိန်းမဖြစ်သူကိုလည်း လှမ်းဟောက်လိုက်
ပြီး အကျီ င်္လဲဖို့ အခန်းထဲပြန်ဝင်သွားမယ်။ ပြန်လည်းထွက်လာရော တရှုံ့ရှုံ့ငိုနေပြီး
မနက်စာတောင် ဝအောင်မစားပဲ ကျောင်းသွားဖို့ပြင်ဆင်နေရတဲ့ ကလေးကို တွေ့မယ်။
ဒါဟာ သင့်အကျီ င်္ပေါ် မတော်တဆဖိတ်စင်လာတဲ့ ကော်ဖီတွေကြောင့် တု့ံပြန်လိုက်တဲ့ အပြုမူ
နော်။

ရလဒ်အနေနဲ့ ကလေး ကျောင်းကားနောက်ကျမယ်။ သင့်ဇနီးလည်း အလုပ်မမှီလို့ အမြန်ပြေးရ
တယ်။ ကလေးကျောင်းကားမမှီလို့ သင်ကလိုက်ပို့ပေးရဦးမယ်။ သင်လည်း အလုပ်နောက်ကျ
မယ်။ ရုံးမှာအရေးကြီး တင်စရာရှိတဲ့ စာရွက်စာတမ်းတွေလည်း မနက်ကဒေါသထွက်နေတာနဲ့
မေ့ကျန်ခဲ့တယ်။ နေ့တစ်နေ့ရဲ့အစမှာပဲ စိတ်ပျက်စရာတွေကြုံရပြီ။ တစ်နေ့လုံး စိတ်အခြေအနေ
သာယာတော့မှာမဟုတ်ဘူး။ အိမ်ပြန်ရောက်တော့လည်း မိန်းမနဲ့ ကလေးကို နှုတ်ဆက်ပေမယ့်
မနက်ကအရှိန်က သင်တို့ကြားမှာ တင်းမာမှုတွေဖြစ်ရတယ်။

ဘာလို့ ဒီလိုဖြစ်ရတာလဲ ?
၁ . သင့်သမီးက ကော်ဖီမှောက်လိုက်လို့
၂. ကျောင်းကားလွတ်သွားလို့ ကလေးကိုကျောင်းလိုက်ပို့ပေး
၃. မီးပွိုင့်တွေမိနေတာနဲ့ အလုပ်နောက်ကျသွားတာ
၄. ဖြစ်လာတဲ့အခြေအနေတစ်ခုပေါ် မှားယွင်းစွာတုံ့ပြန်မိလို့

အဖြေမှန်က နံပါတ်(၄)ပါ။ မိသားစုကြား အခြေအနေတင်းမာအောင် ၊ သင့်ရဲ့နေ့တစ်နေ့ မသာ
ယာအောင်ဖျက်ဆီးလိုက်တာ သင်ကိုယ်တိုင်ပါပဲ။ မတော်တဆမှောက်သွားတဲ့ ကော်ဖီကို သင်ဘာ
မှလုပ်လို့မရဘူး။ ဒါပေမယ့် သင့်စိတ်ခံစားချက်ကိုတော့ ထိန်းချုပ်နိုင်တယ်။

ဒီလိုဆိုရင်တော့ ခုနကလို ဟုတ်ချင်မှ ဟုတ်မယ်။

ကော်ဖီတွေ သင့်ဘောင်းဘီပေါ်မှောက်ကျလာတယ်။ ဆူခံရတော့မယ်ဆိုတာသိတဲ့ သင့်ကလေး
က မျက်ရည်အဝိုင်းသားနဲ့ ။ ဒါပေမယ့် သင်က ” ဘာမှမဖြစ်ဘူး .. နောက်ခါဂရုစိုက်နော် သမီး
လေး ” လို့ ချိုချိုသာသာပြောလိုက်တယ်။ အခန်းထဲသွား အကျီ င်္လဲ ၊ အလုပ်အတွက်လိုအပ်တဲ့
စာရွက်တွေယူပြီး ပြန်ထွက်လာခဲ့တယ်။ သင်ထမင်းစားခန်းထဲပြန်သွားတော့ ကလေးကို
ကျောင်းကားပေါ်တက်ခါနီး သင့်ကိုလက်ဝှေ့ယမ်းနှုတ်ဆက်ပြနေပြီ။ သင်လည်း မနက်စာစားပြီး
တာနဲ့ မိန်းမကိုနှုတ်ဆက်ပြီး စိတ်ကြည်လင်စွာနဲ့့ပဲ အလုပ်ကိုအချိန်မှန်ရောက်လာတယ်။
အဲ့ဒီနေ့ တစ်နေ့ဟာ သင့်အတွက်သာယာသွားပါပြီ။

ကဲ.. ဘယ်လိုအမူရာမျိုးနဲ့ အခြေအနေတစ်ခုကို တုံ့ပြန်မလဲဆိုတာ သင့်အပေါ်မှာပဲမူတည်ပါတယ်။
သင့်ရဲ့ပြဿနာတွေ၊ အခက်ခဲတွေကို အခြားသူအပေါ် အပြစ်တင်ချင် တင်လို့ရတယ်။
အဲ့လိုအပြစ်တင်လိုက်ရုံနဲ့ အဖြေရသွားပြီလားဆိုတာ စဉ်းစားပါ။

မှန်ကန်စွာ တုံ့ပြန်နိုင်တတ်တဲ့ အကျင့်မွေးပါ။ ဒါဆို သင့်ရဲ့တစ်နေ့တာကို ဘယ်တော့မှ ဖျက်ဆီး
မိတော့မှာမဟုတ်ဘူး။
လေယာဉ်နောက်ကျတယ်။ တစ်နေ့တာ အချိန်ဇယားတွေတော့ ပျက်စီးကုန်ပြီ။ ဒေါသထွက်ပြီး
လေဆိပ်က ဝန်ထမ်းတွေကို ပြဿနာသွားမရှာပါနဲ့။ ဒါသူတို့ရဲ့အမှားမဟုတ်ပါဘူး။ သူတို့ကို
အော်ဟစ်ရန်ရှာပြီး အချိန်ကုန်မယ့်အစား ကိုယ့်အတွက်အကျိုးရှိမယ့်အရာတစ်ခုကိုလုပ်နေလိုက်
ပါ။ ဥပမာ- စာအုပ်ဖတ်နေတာဖြစ်ဖြစ်ပေါ့။ ၉ဝ/၁ဝ နိယာမအတိုင်း သင်လိုက်နာကျင့်သုံးလို့
ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ကို စဉ်းစားပါ။ ရလဒ်တွေအတွက်
သင်အမြဲ စိတ်ချမ်းသာနေရပါလိမ့်မယ်။

63 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.