BTS နဲ့အတူ ပူပေါင်းလက်တွဲပြီး အလုပ်လုပ်သွားဖို့ရှိကြောင်းပြောပြလာတဲ့ Shawn Mendes

American Music Awards ပွဲမှာ BTS နဲ့ Shawn Mendes တို့တွေ့ဆုံခဲ့ပြီးတည်းက အတူတူ
ပူးပေါင်းပြီး အလုပ်လုပ်သွားဖို့ရှိတယ်ဆိုတဲ့ သတင်းတွေပျံနှံ့လာခဲ့တာကြောင့် ပရိတ်သတ်တွေကတရားဝင်သတင်းကောင်း စောင့်မျှော်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အင်တာဗျုးမှာ Shawn က celebrity crush တစ်ယောက်ဖြစ်တယ်လို့ RM က
ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်ဝန်းကျင်လောက်မှာပဲ Shawn က BTS နဲ့ အတူပူးပေါင်းပြီး အလုပ်တွဲ
ဖို့ရှိကြောင်း အင်တာဗျုးတစ်ခုမှာပဲ ဖြေဆိုသွားခဲ့ပါတယ်။

” သူတို့ရဲ့ဖျော်ဖြေရေးပိုင်းတွေက တော်တော်မိုက်တယ်။ သူတို့နဲ့အတူ တွဲလုပ်ချင်တယ် ။ အရမ်းစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ် ” Shawn Mendes အင်တာဗျုးပြီးတည်းက နောက်ထပ်သတင်းတွေထပ်ထွက်လာခြင်းတော့ မရှိပါဘူး။

” ကျွန်တော် ဘာမှတော့မစဉ်းစားရသေးဘူး။ ဒါပေမယ့် သေချာမှာပါ။ ကျွန်တော် ကတိပေးတယ်။
ဘယ်နေ့ရယ်လို့ အတိကျမပြောနိုင်သေးတာပါ။ BTS ရဲ့ပရိတ်သတ်တွေလည်း ဒီလိုပူးပေါင်းမှုအတွက် ၀မ်းသာနေမယ်ထင်ပါတယ် ” – Shawn Mendes

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.