နောက် album အပြီးမှာ အနားယူတော့မှာလား Justin Bieber

justin_bieber.jpg

Justin Bieber တစ်ယောက်အနားယူတော့မယ်လို့ဆိုလိုက်ပါတယ်။

၁၉နှစ်သား အဆိုတော်ဟာ ပြီးခဲ့တဲ့လတွေအတွင်း နိုက်ကလပ်မှာ အသက်မပြည့်ပဲ ပါတီလုပ်ခြင်း၊ သြစတျေးလျနိုင်ငံရဲ့ ပြည်သူပိုင်နေရာတွေမှာ spray ဖြန်းခြင်းစတဲ့မိုက်မဲမှုတွေအတွက် လူထုကိုစိတ်ပျက်စေခဲ့ပြီး သူ့ရဲ့ album အသစ် Journals ကိုနောက်တစ်ပါတ်မှာ ထုတ်ပြီး ဂီတလောကကနေ အနားယူဖို့စီစဉ်နေတာဖြစ်ပါတယ်။ ပြီးတော့ ဒီအနားယူမှုကထာဝရလဲဖြစ်နိုင်ပါတယ်။

Heartbreaker သီချင်းရဲ့အဆိုတော်ဟာ အင်္ဂါနေ့မှာ လော့စ်အင်ဂျလိစ်မြို့က Power 106 ရေဒီယိုကိုပြောပြခဲ့တာဖြစ်ပါတယ်။ “album အသစ်အပြီးမှာ။ ကျွန်တော်တကယ် အနားယူတော့မှာပါ” လို့ပြောသွားပါတယ်။

ပြီးတော့ သူ့ရဲ့စိတ်ကိုလုံးဝ ဆုံးဖြတ်ချက်ချပြီးသားမဟုတ်ပါဘူးလို့လဲပြောသွားပါသေးတယ်။ “ကျွန်တော် အနုပညာရှင်တစ်ယောက်အနေနဲ့ ကြီးပြင်းချင်ပြီး ခဏအပြင်ကိုထွက်နေမှာပါ။ ကျွန်တော့်ဂီတကို ရင့်ကျက်တာလိုချင်ပါတယ်” လို့ပြောပါတယ်။

ဒါပေမယ့်သူက ကျော်ကြားမှုကိုအာရုံမလာတော့ကြောင်းပြောပါတယ်။

“ကျွန်တော် ဒီမှာရှိနေတာဟာ ကျွန်တော့်ပရိတ်သတ်တွေအတွက်နဲ့ ဂီတအတွက်ပါ” လို့ပြောပါတယ်။

Justin Bieber နဲ့နီးစပ်တဲ့အတွင်းသိတစ်ယောက်ကတော့ သူကနောက်ပြောင်နေတာဖြစ်ပြီး မိုက်ကရိုဖုန်းကိုထာဝရလက်ကချဖို့ အစီအစဉ်မရှိကြောင်းပြောဆိုပါတယ်။

“ဒီကောင်လေးမှာ ရည်ရွယ်ချက်ရှိပါတယ်” လို့ပြောပါတယ်။

Justin ဟာတဖြည်းဖြည်းမောက်မာလာတယ်ဆိုတဲ့ဝေဖန်သူတွေရဲ့စကားကို ပြန်လည်တုန့်ပြန်ငြင်းဆိုလိုက်ပါတယ်။

“ကျွန်တော်ကမောက်မာတယ်လို့လူတွေထင်ကြတယ်။ မဟုတ်ပါဘူး။ ကျွန်တော်က အမြဲတမ်းသူတစ်ပါးကို ဂရုစိုက်တတ်ပြီး ပေးကမ်းစွန့်ကြဲတတ်သူတစ်ဦးပါ။ ကျွန်တော့်အသက်က ၁၉နှစ်ဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့အမှားတွေလုပ်မိမှာပဲလေ” လို့ပြောပါတယ်။

Ref:starpulse

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.