အြန္ေစာ ဒီေလာက္ ႏုပ်ိဳလွပေနတာ ဒီသဘာ၀ပစၥည္းေတြေၾကာင့္လို႔ မသိခဲ႔ဘူး 😎

မိတ္ကပ္ေၾကာင့္အသားအရည္ေတြတအား Glow ေနတာမ်ိဳးမဟုတ္ပဲ ပံုမွန္အသားအရည္ကိုမွ တင္းတင္းၾကည္ၾကည္ေလးမလိုခ်င္ၾကဘူးလား?အဲ႔ဒီလုိၾကည္လင္ျပီးေတာက္ပေနတာမ်ိဳးဆုိ ကုိရီးယားမေလးေတြကုိ သြားျပီးေျပးျမင္မိတတ္ၾကပါတယ္။သူတို႔အသားအရည္က ျဖဴတဲ႔အျပင္ မိတ္ကပ္လိမ္းရင္လည္းထူလပိန္းၾကီးမဟုတ္ပဲ သူ႔ဟာနဲ႔သူ ၾကည္ၾကည္ေလးျဖစ္ေနတာပါ။သူတို႔ရဲ႔အဓိက ဂရုစုိက္တဲ႔အပုိင္းကေတာ့ မိတ္ကပ္ထက္ အသားအရည္ကုိပုိျပီးေကာင္းမြန္ေအာင္ Skin care ပုိင္းကုိပုိျပီးဦးစားေပးၾကတာပါ။အဲ႔ဒါေၾကာင့္ မိတ္ကပ္မလိမ္းထားရင္ေတာင္ လွဆဲလွျမဲ ႏုပ်ိဳဆဲ ကုိရီးယားအႏုပညာရွင္ေတြရဲ ႔အလွအပထိန္းသိမ္းနည္းေလးေတြကိုေျပာျပေပးလိုက္ပါတယ္။

၁)Ha Ji-won
မင္းသမီးေခ်ာေလး Ha Ji-won အတြက္အသားအရည္နဲ႔ပတ္သက္ျပီးအေရးအၾကီးဆံုးကေတာ့ Moisturise ျဖစ္ဖုိ႔ပါပဲတဲ႔။သူမရဲ ႔မ်က္ႏွာကုိ ၃စကၠန္႔ေလးေတာင္အသားအရည္ေျခာက္ေသြ႔ေအာင္ မထားပါဘူး။မ်က္ႏွာသစ္ျပီးတာနဲ႔ သူမရဲ ႔skin care moisturiser ေလးလိမ္းပါတယ္။မ်က္ႏွာသစ္ေနတုန္း ဆံုးရွံဳးသြားတဲ႔အစိုဓာတ္ေတြျပန္ျဖည့္ေပးတာပါ။ျပီးေတာ့တစ္ျခားသူေတြကုိလည္း မ်က္ႏွာအသားအရည္ကုိမေျခာက္ေသြ႔ခုိင္းပဲ စုိျပည္ေနေအာင္အစုိဓာတ္မ်ားမ်ားရွိေအာင္လုပ္
ဖုိ႔လည္းအၾကံေပးေလ့ရွိပါတယ္။

၂)Song Joong-Ki
ေယာက်္ားေလးျဖစ္ေပမဲ႔ ႏူးည့ံစုိျပည္တဲ႔ကေလးအသားအရည္လုိမ်ိဳးပုိင္ဆုိင္ထားသူကေတာ့ Song Joong-Ki ပါပဲ။အသက္နဲ႔မလိုက္ေအာင္မ်က္ႏွာေလးအျမဲႏုပ်ိဳေနရတဲ႔အေၾကာင္းကေတာ့ ညတုိင္းလိုလုိ မ်က္ႏွာကုိ ႏြားႏုိ႔နဲ႔သစ္လို႔ပါတဲ႔။ႏြားႏုိ႔နဲ႔ေရခ်ိဳးတဲ႔အခါမွာ အသားအရည္ကုိပုိျပီးႏူးညံ႔ေခ်ာမြတ္သြားသလုိႏြားႏုိ႔နဲ႔မ်က္ႏွာသစ္ေပးတာက အေရးအေၾကာင္းကင္းေစတဲ႔ Baby face ေလး ရလာေစပါတယ္။ႏြားႏုိ႔က ဆဲလ္ေသေတြကုိဖယု္ရွားေပးျပီး ေခြ်းေပါက္အညစ္အေၾကးေတြကုိလည္းကင္းစင္ေစပါတယ္။သတိထားရမွာက တကယ့္ႏြားႏို႔စစ္စစ္၊မက်ိဳခ်က္ထားတဲ႔ႏြားႏုိ႔အစိမ္းကုိသံုးေပးဖုိ႔ပါပဲ။

၃)Song Hye-Kyo
Song Hye-Kyo ရဲ ႔ႏုခ်က္ကေတာ့ ဘယ္သူမွလိုက္မမွီပါဘူး။ဒီလုိ ႏုပ်ိဳလွပေနျခင္းရဲ ႔လ်ွိဳ႔၀ွက္ခ်က္ကေတာ့ သဘာ၀ Skincare ျဖစ္တဲ႔ ၾကက္ဥအကာနဲ႔ပ်ားရည္ေၾကာင့္ပါတဲ႔။ သူမက ၾကက္ဥအကာနဲ႔ပ်ားရည္ကုိေရာစပ္ျပီး မ်က္ႏွာမွာလိမ္းကာ ႏွိပ္နယ္ေပးေလ့ရွိပါတယ္။ျပီးေတာ့ ၾကက္သီးေႏြးေရေလးနဲ႔ေဆးေၾကာသန္႔စင္ပါတယ္။ပ်ားရည္က သဘာ၀ဘတ္တီးရီးယားပုိးသတ္ေဆးျဖစ္ျပီး အေရးအေၾကာင္းျဖစ္တာကုိေလ်ွာ့ခ်ေပးပါတယ္။ၾကက္ဥအကာမွာလည္း အသားအရည္နဲ႔ပတ္သက္ျပီး ေခြ်းေပါက္ေတြက်ဥ္းေစတာ၊အညစ္အေၾကးေတြဖယ္ရွားေပးတာ စတဲ႔အားျဖည့္ဓာတ္ေတြအမ်ားၾကီးပါ၀င္ပါတယ္။ကဲ ဒီႏွစ္ခုတည္းနဲ႔ Song Hye-Kyo တစ္ေယာက္ အျမဲႏုပ်ိဳေနတာတဲ႔ေနာ္ 😎

၄)Bae Suzy
ကေလးမ်က္ႏွာေလး၊ကေလးအသားအရည္မ်ိဳးေလးပိုင္ဆုိင္ထားသူ မင္းသမီးေခ်ာေလး Bae Suzy ကေတာ့ သူမရဲ႔အသားအရည္အျမဲလွပေနေအာင္424 Method ကုိသံုးပါတယ္တဲ႔။ဘာလဲဆုိေတာ့ သူမရဲ ႔မ်က္ႏွာက မိတ္ကပ္္ေတြကုိ သန္႔စင္ေပးတဲ႔အဆီနဲ႔ ၄မိနစ္ၾကာတဲ႔အထိ ျဖည္းျဖည္းခ်င္းကုန္စင္ေအာင္ဖ်က္ပါတယ္။ျပီးေတာ့ မ်က္ႏွာသစ္္ေဆးကို ၂မိနစ္ၾကာေအာင္ ျဖည္းျဖည္းခ်င္းသံုးပါတယ္။ေနာက္ဆံုး ၄မိနစ္ကေတာ့ ေရနဲ႔မ်က္ႏွာသစ္ေပးတာပါ။အဲ႔ဒါမွမိတ္ကပ္ေတြ၊ အညစ္အေၾကးေတြေျပာင္စင္သြားပါတယ္တဲ႔။မိတ္ကပ္ေတြ ေခြ်းေပါက္ထဲမွာက်န္ေနရင္ ၀က္ျခံေတြ၊အမည္းစက္ေတြ၊တင္းတိပ္ေတြျဖစ္လာတတ္တဲ႔အတြက္ Suzy က သူမရဲ႔မ်က္ႏွာကုိ အခုလိုပဲထိန္းသိမ္းထားတာပဲျဖစ္ပါတယ္။

၅)Irene Kim
ေမာ္ဒယ္လ္မေလး Irene Kim ရဲ႔အလွအပေရးရာလ်ွိဳ႔၀ွက္ခ်က္ကေတာ့ သူမရဲ ႔မ်က္ႏွာကိုေရေႏြးေငြ႔ေလးနဲ႔ အပူေပးျပီးေခြ်းေပါက္ေတြပြင့္ေစပါတယ္။ျပီးေတာ့ဂြမ္းေလးနဲ႔တိုနာအနည္းငယ္စြတ္ျပီးမ်က္ႏွာမွာလိမ္းေပးတာပါတဲ႔။ေခြ်းေပါက္ေတြပြင့္ေနတဲ႔အခ်ိန္မွာတုိနာသံုးလိုက္တဲ႔အတြက္ တုိနာက စုပ္ယူမႈအားေကာင္းျပီးတုိနာရဲ ႔အက်ိဳးေက်းဇူးေတြကုိ အမ်ားၾကီးရရွိလာာပါတယ္။အထူးသျဖင့္ tea tree oil တို႔၊ ေဟဇယ္တုိ႔ပါ၀င္တဲ႔တုိနာေတြဆုိ အသားအရည္နဲ႔ပတ္သက္ျပီးပုိျပီးေကာင္းမြန္ေစပါတယ္။

၆)Jessica Jung
ကုိရီးယားအဆိုေတာ္မေလး Jessica ရဲ႔အသားအရည္ထိန္းသိမ္းနည္းကေတာ့ သူမရဲ ႔မိတ္ကပ္မလိမ္းျခယ္ခင္မွာ လက္ဖ၀ါးႏွစ္ဖက္ကုိပြတ္တိုက္အပူေပးျပီးမ်က္ႏွာအေရျပားနဲ႔ထိလုထိခင္အေနအထားေလးမွာ အုပ္ေပးပါတယ္တဲ႔။အဲ႔ဒီလုိလုပ္တဲ႔အခါမွာ လက္ဖ၀ါးကအပူေငြ႔ေတြက ေခြ်းေပါက္ေတြကုိ ျဖည္းျဖည္းခ်င္းပြင့္လာေစျပီး ဆဲလ္ေတြကုိ ပုိျပီးအားျဖည့္ေပးသလိုျဖစ္ေစပါတယ္။အဲ႔ဒါေၾကာင့္ မိတ္ကပ္ပစၥည္းေတြသံုးတဲ႔အခါမွာလည္းပုိျပီးအက်ိဳးေက်းဇူးမ်ားေစတာပါ။

၇)Song Ji Eun
ဒီအဆုိေတာ္မေလးကေတာ့ သူမရဲ ႔အသံအတြက္ေရာ၊အသားအရည္အတြက္ပါ ေရဓာတ္ကအေရးၾကီးဆံုးဆုိတာေကာင္းေကာင္းၾကီးနားလည္ထားပါတယ္။သူမက တစ္ေန႔ကုိ ေရ ၄လီတာေသာက္ပါတယ္တဲ႔။အဲ႔ဒါက သူမရဲ ႔ၾကည္လင္ျပီစုိျပည္လန္းဆန္းေနတဲ႔အသားအရည္ရဲ ႔လ်ွိဳ႔၀ွက္ခ်က္ပါပဲ။ခႏၶာကုိယ္အတြက္ေရဓာတ္ ၆၀ရာခုိင္ႏႈန္းလိုအပ္ျပီး ေရက အသားအရည္ကုိအဓိကျပဳျပင္ထိန္းသိမ္းေပးတဲ႔သဘာ၀ဓာတ္တစ္ခုပဲျဖစ္ပါတယ္။

Unicode

မိတ်ကပ်ကြောင့်အသားအရည်တွေတအား Glow နေတာမျိုးမဟုတ်ပဲ ပုံမှန်အသားအရည်ကိုမှ တင်းတင်းကြည်ကြည်လေးမလိုချင်ကြဘူးလား?အဲ့ဒီလိုကြည်လင်ပြီးတောက်ပနေတာမျိုးဆို ကိုရီးယားမလေးတွေကို သွားပြီးပြေးမြင်မိတတ်ကြပါတယ်။သူတို့အသားအရည်က ဖြူတဲ့အပြင် မိတ်ကပ်လိမ်းရင်လည်းထူလပိန်းကြီးမဟုတ်ပဲ သူ့ဟာနဲ့သူ ကြည်ကြည်လေးဖြစ်နေတာပါ။သူတို့ရဲ့အဓိက ဂရုစိုက်တဲ့အပိုင်းကတော့ မိတ်ကပ်ထက် အသားအရည်ကိုပိုပြီးကောင်းမွန်အောင် Skin care ပိုင်းကိုပိုပြီးဦးစားပေးကြတာပါ။အဲ့ဒါကြောင့် မိတ်ကပ်မလိမ်းထားရင်တောင် လှဆဲလှမြဲ နုပျိုဆဲ ကိုရီးယားအနုပညာရှင်တွေရဲ ့အလှအပထိန်းသိမ်းနည်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။

၁)Ha Ji-won
မင်းသမီးချောလေး Ha Ji-won အတွက်အသားအရည်နဲ့ပတ်သက်ပြီးအရေးအကြီးဆုံးကတော့ Moisturise ဖြစ်ဖို့ပါပဲတဲ့။သူမရဲ ့မျက်နှာကို ၃စက္ကန့်လေးတောင်အသားအရည်ခြောက်သွေ့အောင် မထားပါဘူး။မျက်နှာသစ်ပြီးတာနဲ့ သူမရဲ ့skin care moisturiser လေးလိမ်းပါတယ်။မျက်နှာသစ်နေတုန်း ဆုံးရှုံးသွားတဲ့အစိုဓာတ်တွေပြန်ဖြည့်ပေးတာပါ။ပြီးတော့တစ်ခြားသူတွေကိုလည်း မျက်နှာအသားအရည်ကိုမခြောက်သွေ့ခိုင်းပဲ စိုပြည်နေအောင်အစိုဓာတ်များများရှိအောင်လုပ်
ဖို့လည်းအကြံပေးလေ့ရှိပါတယ်။

၂)Song Joong-Ki
ယောကျ်ားလေးဖြစ်ပေမဲ့ နူးည့ံစိုပြည်တဲ့ကလေးအသားအရည်လိုမျိုးပိုင်ဆိုင်ထားသူကတော့ Song Joong-Ki ပါပဲ။အသက်နဲ့မလိုက်အောင်မျက်နှာလေးအမြဲနုပျိုနေရတဲ့အကြောင်းကတော့ ညတိုင်းလိုလို မျက်နှာကို နွားနို့နဲ့သစ်လို့ပါတဲ့။နွားနို့နဲ့ရေချိုးတဲ့အခါမှာ အသားအရည်ကိုပိုပြီးနူးညံ့ချောမွတ်သွားသလိုနွားနို့နဲ့မျက်နှာသစ်ပေးတာက အရေးအကြောင်းကင်းစေတဲ့ Baby face လေး ရလာစေပါတယ်။နွားနို့က ဆဲလ်သေတွေကိုဖယု်ရှားပေးပြီး ချွေးပေါက်အညစ်အကြေးတွေကိုလည်းကင်းစင်စေပါတယ်။သတိထားရမှာက တကယ့်နွားနို့စစ်စစ်၊မကျိုချက်ထားတဲ့နွားနို့အစိမ်းကိုသုံးပေးဖို့ပါပဲ။

၃)Song Hye-Kyo
Song Hye-Kyo ရဲ ့နုချက်ကတော့ ဘယ်သူမှလိုက်မမှီပါဘူး။ဒီလို နုပျိုလှပနေခြင်းရဲ ့လျှို့ဝှက်ချက်ကတော့ သဘာဝ Skincare ဖြစ်တဲ့ ကြက်ဥအကာနဲ့ပျားရည်ကြောင့်ပါတဲ့။ သူမက ကြက်ဥအကာနဲ့ပျားရည်ကိုရောစပ်ပြီး မျက်နှာမှာလိမ်းကာ နှိပ်နယ်ပေးလေ့ရှိပါတယ်။ပြီးတော့ ကြက်သီးနွေးရေလေးနဲ့ဆေးကြောသန့်စင်ပါတယ်။ပျားရည်က သဘာဝဘတ်တီးရီးယားပိုးသတ်ဆေးဖြစ်ပြီး အရေးအကြောင်းဖြစ်တာကိုလျှော့ချပေးပါတယ်။ကြက်ဥအကာမှာလည်း အသားအရည်နဲ့ပတ်သက်ပြီး ချွေးပေါက်တွေကျဉ်းစေတာ၊အညစ်အကြေးတွေဖယ်ရှားပေးတာ စတဲ့အားဖြည့်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ကဲ ဒီနှစ်ခုတည်းနဲ့ Song Hye-Kyo တစ်ယောက် အမြဲနုပျိုနေတာတဲ့နော်

၄)Bae Suzy
ကလေးမျက်နှာလေး၊ကလေးအသားအရည်မျိုးလေးပိုင်ဆိုင်ထားသူ မင်းသမီးချောလေး Bae Suzy ကတော့ သူမရဲ့အသားအရည်အမြဲလှပနေအောင်424 Method ကိုသုံးပါတယ်တဲ့။ဘာလဲဆိုတော့ သူမရဲ ့မျက်နှာက မိတ်ကပ််တွေကို သန့်စင်ပေးတဲ့အဆီနဲ့ ၄မိနစ်ကြာတဲ့အထိ ဖြည်းဖြည်းချင်းကုန်စင်အောင်ဖျက်ပါတယ်။ပြီးတော့ မျက်နှာသစ််ဆေးကို ၂မိနစ်ကြာအောင် ဖြည်းဖြည်းချင်းသုံးပါတယ်။နောက်ဆုံး ၄မိနစ်ကတော့ ရေနဲ့မျက်နှာသစ်ပေးတာပါ။အဲ့ဒါမှမိတ်ကပ်တွေ၊ အညစ်အကြေးတွေပြောင်စင်သွားပါတယ်တဲ့။မိတ်ကပ်တွေ ချွေးပေါက်ထဲမှာကျန်နေရင် ဝက်ခြံတွေ၊အမည်းစက်တွေ၊တင်းတိပ်တွေဖြစ်လာတတ်တဲ့အတွက် Suzy က သူမရဲ့မျက်နှာကို အခုလိုပဲထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။

၅)Irene Kim
မော်ဒယ်လ်မလေး Irene Kim ရဲ့အလှအပရေးရာလျှို့ဝှက်ချက်ကတော့ သူမရဲ ့မျက်နှာကိုရေနွေးငွေ့လေးနဲ့ အပူပေးပြီးချွေးပေါက်တွေပွင့်စေပါတယ်။ပြီးတော့ဂွမ်းလေးနဲ့တိုနာအနည်းငယ်စွတ်ပြီးမျက်နှာမှာလိမ်းပေးတာပါတဲ့။ချွေးပေါက်တွေပွင့်နေတဲ့အချိန်မှာတိုနာသုံးလိုက်တဲ့အတွက် တိုနာက စုပ်ယူမှုအားကောင်းပြီးတိုနာရဲ ့အကျိုးကျေးဇူးတွေကို အများကြီးရရှိလာာပါတယ်။အထူးသဖြင့် tea tree oil တို့၊ ဟေဇယ်တို့ပါဝင်တဲ့တိုနာတွေဆို အသားအရည်နဲ့ပတ်သက်ပြီးပိုပြီးကောင်းမွန်စေပါတယ်။

၆)Jessica Jung
ကိုရီးယားအဆိုတော်မလေး Jessica ရဲ့အသားအရည်ထိန်းသိမ်းနည်းကတော့ သူမရဲ ့မိတ်ကပ်မလိမ်းခြယ်ခင်မှာ လက်ဖဝါးနှစ်ဖက်ကိုပွတ်တိုက်အပူပေးပြီးမျက်နှာအရေပြားနဲ့ထိလုထိခင်အနေအထားလေးမှာ အုပ်ပေးပါတယ်တဲ့။အဲ့ဒီလိုလုပ်တဲ့အခါမှာ လက်ဖဝါးကအပူငွေ့တွေက ချွေးပေါက်တွေကို ဖြည်းဖြည်းချင်းပွင့်လာစေပြီး ဆဲလ်တွေကို ပိုပြီးအားဖြည့်ပေးသလိုဖြစ်စေပါတယ်။အဲ့ဒါကြောင့် မိတ်ကပ်ပစ္စည်းတွေသုံးတဲ့အခါမှာလည်းပိုပြီးအကျိုးကျေးဇူးများစေတာပါ။

၇)Song Ji Eun
ဒီအဆိုတော်မလေးကတော့ သူမရဲ ့အသံအတွက်ရော၊အသားအရည်အတွက်ပါ ရေဓာတ်ကအရေးကြီးဆုံးဆိုတာကောင်းကောင်းကြီးနားလည်ထားပါတယ်။သူမက တစ်နေ့ကို ရေ ၄လီတာသောက်ပါတယ်တဲ့။အဲ့ဒါက သူမရဲ ့ကြည်လင်ပြီစိုပြည်လန်းဆန်းနေတဲ့အသားအရည်ရဲ ့လျှို့ဝှက်ချက်ပါပဲ။ခန္ဓာကိုယ်အတွက်ရေဓာတ် ၆ဝရာခိုင်နှုန်းလိုအပ်ပြီး ရေက အသားအရည်ကိုအဓိကပြုပြင်ထိန်းသိမ်းပေးတဲ့သဘာဝဓာတ်တစ်ခုပဲဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.