ထောပတ်သီးက ကိုယ်အလေးချိန်ကိုတကယ်ပဲကျဆင်းစေတာလား 😮
၂)သကြားဓာတ်နည်းပါး
၎)အမျှင်ဓာတ်များပြား
Unicode
ထောပတ်သီးလို့ပြောလိုက်ရင် အဆီအအီများတဲ့အသီးအနှံအဖြစ် မြင်မိကြမှာပါ။ဒါပေမဲ့ မထင်ထားစွာနဲ့ပဲ ထောပတ်သီးက ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာအကူအညီပေးနိုင်ပါတယ်တဲ့။ သိပ္ပံပညာရှင်တွေရဲ ့တွေ့ရှိချက်အရ ထောပတ်သီးက ကိုယ်တွေထင်ထားတာထက် ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိနေတယ်လို့သိရပါတယ်။နှလုံးအတွက်ကောင်းမွန်စေတဲ့အပြင် အထူးသဖြင့် ကိုယ်အလေးချိန်ကျဆင်းစေတယ်လို့တွေ့ရှိချက်အရ ဘယ်လိုတွေအသုံးဝင်တာလဲ ဆိုတာ အချက်အလက်နဲ့တကွ ကြည့်လိုက်ရအောင်။
၁)ထောပတ်သီးအဆီ
ထောပတ်သီးတစ်လုံးမှာ ၃၂၂ကယ်လိုရီပါဝင်ပါတယ်။အဲ့ဒီကယ်လိုရီတစ်ဝက်လောက်မှာပါဝင်နေတဲ့အဆီက oleic acid လို့ခေါ်တဲ့ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အဆီတစ်မျိုးပါ။ အဲ့ဒါကြောင့် ဒီအဆီက ကျန်းမာရေးနဲ့ညီညွတ်ပြီး ဗိုက်ပြည့်နေသလိုခံစားရစေမှာဖြစ်ပါတယ်။နေ့လည်စာကို ထောပတ်သီးတစ်လုံးစားထားမယ်ဆိုရင် သရေစာတောင်ထပ်ပြီးစားဖို့မလိုအောင် အာဟာရပြည့်ဝေနေစေမှာပါ။
၂)သကြားဓာတ်နည်းပါး
ထောပတ်သီးက ဒီအတိုင်းသကြားမထည့်ပဲဖျော်ရင်တောင် ချိုမြနေပါတယ်။ဒါပေမဲ့ သကြား ၂ဂရမ်ထက်လျော့နည်းတဲ့ အချိုအရသာပါ။တစ်ခြားအသီးတွေထက်လည်းသကြားဓာတ်ပါဝင်မှုနည်းပါတယ်။ပြောရမယ်ဆိုရင်တော့ ထောပတ်သီးမှာပါဝင်တဲ့သကြားဓာတ်က ကျန်းမာရေးကိုထိခိုက်စေလောက်တဲ့အချိုဓာတ်မဟုတ်ဘူးဆိုိတာပါပဲ။ဒါပေမဲ့ ထောပတ်သီးကိုနေ့တိုင်းသောက်တာမျိုး၊ထောပတ်သီးဖျော်တဲ့အခါ တစ်ခြားအချိုအရသာတွေထပ်ထည့်တာမျိုးတော့မလုပ်ဖို့အကြံပေးချင်ပါတယ်။
၃)ကိုလက်စထေရောကိုလျှော့ချပေး
ထောပတ်သီးကို တစ်ပတ်ကို နှစ်ခါ၊သုံးခါလောက်စားပေးတာက နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်လို့ အမေရိကန်နှလုံးကျန်းမာရေးဆိုင်ရာဂျာနယ်ထဲကဖော်ပြချက်အရသိရပါတယ်။သွေးထဲမှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ထောပတ်သီးကလျှော့ချပေးနိုင်လို့ မကောင်းတဲ့အဆီတွေကုန်ပြီးကိုယ်အလေးချိန်ကိုလျှော့ချပေးတာပဲဖြစ်ပါတယ်။
၄)အမျှင်ဓာတ်များပြား
ထောပတ်သီးတစ်လုံးမှာ ကာဗွန်ဟိုက်ဒရိတ် ၉ဂရမ်ပဲပါဝင်ပြီး ရဂရမ်လောက်က အမျှင်ဓာတ်တွေပါ။အမျှင်ဓာတ်များပြားတဲ့အတွက် တစ်ခြားအစားအစာတွေထက်အစာခြေဖျက်လွယ်ပါတယ်။အစာအိမ်နဲ့ပတ်သက်ပြီး ကောင်းမွန်စေလို့ အဆိပ်အတောက်တွေဘာတွေဖြစ်မှာမစိုးရိမ်ရပါဘူး။အမျှင်ဓာတ်များပြားတာကခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအားတွေသိုလှောင်ထားတာနဲ့တူပါတယ်။ဒီလိုအမျှင်ဓာတ်များပြားတာကြောင့်သွေးတွင်းသကြားဓာတ်ကိုလည်း မျှတအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။
ဒီအချက်တွေကိုလေ့လာကြည့်မယ်ဆိုရင် ထောပတ်သီးက ကိုယ်တွေအရင်ကသိထားသလို ၀ိတ်တက်စေတယ်ဆိုတဲ့အချက်နဲ့မကိုက်ညီတာကိုမြင်တွေ့ရမှာပါ။ထောပတ်သီးကို တစ်ပတ်ကို ၂ခါ၊၃ခါ လောက်စားပေးမယ်ဆိုရင်ကျန်းမာရေးကိုညီညွတ်စေသလို ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလည်းအကူအညီဖြစ်စေပါတယ်။
70 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.