ပရိတ်သတ်ရင်းနှီးပြီးသား မင်းသမီး (၃)ယောက်လုံးပါဝင်သရုပ်ဆောင်သွားမယ့် သဘာလွန်ဇာတ်ကား SUSPIRIA

Related image

Suspiria ဟာ ထူးဆန်းထိတ်လန့်ဖွယ် သဘာဝလွန်ဇာတ်လမ်းဖြစ်ပါတယ်။ ဒါရိုက်တာ Luca Guadagnino နဲ့ ဇာတ်ညွန်း David Kajganich တို့ဖန်တီးထားတာပါ။ ၁၉၇၇ခုနှစ်ကDario Argento ရိုက်ကူးထားတဲ့ ရုပ်ရှင်ကိုပြန်လည် အသက်သွင်းထားတာဖြစ်ပါတယ်။ သရုပ်ဆောင်များကတော့ Dakota Johnson, Tilda Swinton, Mia Goth, Lutz Ebersdorf, Jessica Harper နဲ့ Chloë Grace Moretz တို့ဖြစ်ပါတယ်။

Image result for Dakota Johnson, Tilda Swinton, Chloë Grace Moretz

ဒီဇာတ်ကားမှာ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား မင်းသမီး သုံးလက်တောင်ပါတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါတယ်။ Harper ဟာ ပထမဇာတ်ကားမှာလည်း ပါဝင်ခဲ့ပြီး အခုရုပ်ရှင်မှာတော့ မတူညီတဲ့ ဇာတ်ကောင်ပုံစံမျိုးနဲ့ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ၂ဝ၁၈ နိုဝင်ဘာ (၂)ရက်နေ့မှာ ထွက်ရှိမယ်လို့သိရပါတယ်။

Related image

ဇာတ်လမ်းအကျဉ်း
ငယ်ရွယ်လှပတဲ့ အမေရိကန် ကချေသည် Susie Bannion ဆိုတဲ့ မိန်းကလေးဟာ ဘာလင်မြို့ 
က နာမည်ကြီး အကအကယ်ဒမီမှာ ပညာသင်ကြားဖို့ ရောက်လာခဲ့တယ်။ အဲ့ဒီကိုရောက်ပြီးရက်အနည်းငယ်ကြာမှာ အတိတ်နိမိတ်မကောင်းတဲ့ သဘာလွန်ဖြစ်ရပ်ဆန်းတွေ တခုပြီး တစ်ခုပေါ်လာတာကို သတိထားမိခဲ့တယ်။ နောက်ပိုင်း ဒီအကယ်ဒမီကျောင်းကို ဦးဆောင်ခဲ့တဲ့ Madame Blanc ရဲ့သမိုင်းကြောင်းတွေ တဖြည်းဖြည်းပေါ်လာပြီး လူမဆန်တဲ့ သတ်ဖြတ်မှုတွေSusie သိပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်..

https://www.youtube.com/watch?v=ylmDXfTA8rg

71 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.