လူပျိုကြီး Gong Yoo တစ်ယောက် ဒီအစီအစဉ်လေးကြည့်မိရင် ရန်ခုန်သွားမလား သိချင်မိ ❤️
Related image
Unicode
ဇွန်လ ၁၉ရက်နေ့က နာမည်ကျော်ကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ Blackpink အဖွဲ့ဟာ “Ji Suk Jin’s 2 O’Clock Date”ဆိုတဲ့ ရေဒီယိုပရိုဂရမ်တစ်ခုမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအစီအစဉ်မှာ ဟိုအကြောင်းဒီအကြောင်းမေးမြန်းပြောဆိုကြရင်း BLACKPINK အဖွဲ့ဝင် Rosé တစ်ယောက်သူမ သဘောကျတဲ့အမျိုးသားပုံစံက Gong Yoo လိုမျိုးဖြစ်ကြောင်း၊Gong Yoo ကိုအရမ်းသဘောကျကြောင်းပြောပြလာခဲ့ပါတယ်။
“ကျွန်မသူ့ကို ‘Coffee Prince ’ ဇာတ်ကားထဲက စပြီးသဘောကျခဲ့တာပါ။ ပြီးတဲ့အဲ့ဒီဇာတ်ကား ကို သြစတေးလျရောက်တုန်းကတစ်ခါ၊ကိုရီးယားကိုပြန်ရောက်တော့ ၂ခါထက်မနည်း ပြန်ကြည့်ခဲ့ဖူးပါတယ်။ ‘Train to Busan’ ဇာတ်ကားမှာ Gong Yoo ရထားပေါ်ကပြုတ်ကျတာ ကိုကြည့်ပြီးငိုခဲ့ရတယ်။‘Goblin’ ကြည့်တုန်းကလည်း ငိုခဲ့ရတယ်”ဆိုပြီးပြောပြခဲ့ပါတယ်။ပြီးတော့ အသည်းပုံသေးသေးလေးလုပ်ပြပြီး Gong Yoo ကို ချစ်တယ်လို့အစီအစဉ်ကနေ
ပြောခဲ့ပါသေးတယ်။တစ်ခြားအဖွဲ့ဝင်တွေကလည်း Gong Yoo ရဲ ့ပရိသတ်တွေပါတဲ့။
ပြီးတော့ Rosé က သူမရဲ ့မန်နေဂျာမပါပဲ လျှောက်သွားရမယ်ဆိုရင် အပန်းဖြေဥယျာဉ်ကိုသွားပြီး ရိုလာကိုစတာတွေစီးမှာပါတဲ့။တကယ်လို့ အဲ့ဒီအချိန်မှာ Gong Yoo ဖြတ်သွားတာ မြင်ရင်ဘာလုပ်မှာလဲ လို့ မေးကြည့်တဲ့အခါမှာတော့သူမက ပန်းရောင်သမ်းနေတဲ့မျက်နှာလေးနဲ့ “အဲ့ဒါဆို တစ်ခြားဟာတွေအကုန်ပစ်ထားခဲ့ပြီး သူ့ကိုသွားပြီးစိုက်ကြည့်မိမှာ”ပါလို့ ဖြေခဲ့ပါတယ်။ဘယ်လိုတောင် Gong Yoo ကိုသဘောကျတာလဲ ❤️
ဒီအစီအစဉ်ကို Gong Yoo ကြည့်မိရင် လူပျိုကြီးနည်းနည်းတော့ရင်ခုန်သွားမိမယ်ထင် 😛😍
596 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.