ယနေ့တိုင်ထိ အသုံးဝင်နေသေးတဲ့ ရှေးခေတ်အိမ်တွင်းမှုရေးရာအဖြာဖြာ

တစ်ချို့ နည်းလမ်းတွေဟာ ဟိုးရှေးခေတ်တည်းက အဆက်စဉ်အသုံးပြုလာတာဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီနည်းလမ်းတွေရှိနေတာကို မေ့နေတတ်ပါတယ်။ ဒီနည်းလမ်းတွေကို ဖွားဖွားတို့စတိုင်လ်လို့လည်း ခေါ်ကြတယ်။ ဒါဆို ခုချိန်ထိ အသုံးဝင်တဲ့နည်းလမ်းတွေက ဘာတွေဖြစ်မလဲ?

နှင်းဆီပန်း ကြာရှည်ခံစေဖို့


ဘယ်လိုပန်းမဆို ကြာရှည်ခံအောင်ထားချင်ရင် ပန်းအိုးထဲကို အက်စပရင် အနည်းငယ်ထည့်သုံးပါ။ အက်စပရင် ရေပုပ်ခြင်း ၊ ပန်းညှိးခြင်းတို့ကို ကာကွယ်ပေးနိုင်တယ်။ ဆားလေး နည်းနည်းထည့်ပြီးတော့လည်း ပန်းမညှိုးအောင်ထိန်းနိုင်ပါတယ်။

အကျီ င်္မှာ ဆီကွက်သွားရင်


ဆားမှာ ဆီတွေကို ကောင်းကောင်းစုပ်ယူပေးနိုင်ပါတယ်။ ဆီကွက်နေတဲ့နေရာပေါ် ဆားအနည်းငယ်ဖြူးပြီး ခဏစောင့်ပါ။ ပြီးရင် ထိုနေရာကိုဖြည်းဖြည်းပွတ်ပြီး ရေနဲ့ဆေးချလိုက်ပါ။ ဆီကွက်ကြီး ချက်ချင်းပျောက်သွားတာ တွေ့ရပါလိမ့်မယ်။

လက်သည်းနီ ခြောက်တဲ့အခါ


လက်သည်းနီခြောက်သွားရင် လက်သည်းနီဖျက်ဆေး တစ်စက် ၊ နှစ်စက်လောက် ထည့်လိုက်ပါ။
အရည်တွေပြန်ပျော်လာရုံမက အရောင်ပါတောက်လာတယ်။ အများကြီးတော့ မထည့်မိဖို့သတိထားပါ။

ဂျိုးကပ်နေတဲ့ အိုးမည်းကို ဒီလိုဆေးမယ်..


အိုးဂျိုးကပ်မည်းကြီးတွေက ကြည့်ရဆိုးစေပါတယ်။ အထူးချေးချွတ်ဆေးတွေ သုံးစရာမလို ။ ဆားရည်များများနဲ့ အိုးဂျိုးကပ်ကို ၁၅ – ၂၀ မိနစ်လောက်စိမ်ထားပြီး ရေဆေးချလိုက်တဲ့အခါ ဂျိုးအမည်းတွေ အားလုံးကွာကြသွားပါလိမ့်မယ်။

လက်မှာအရောင်တွေစွန်းထင်းတာမျိုးဆို


တစ်ချို့ အသီးတွေက အားရပါးရကိုင်လှီးပြီးရင် အရောင်တွေစွဲပြီး ချွတ်မရတော့တာမျိုးဖြစ်တတ်ပါတယ်။ အရောင်တွေချွတ်တဲ့နေရာမှာ အကောင်းဆုံးဖြေရှင်းပေးနိုင်တာကတော့ လီမွန်သီးပါပဲ။လီမွန်သီးအရည်နဲ့ လက်ကိုပွတ်ပြီး မိနစ်အနည်းငယ်ထားပြီးရင် ဆေးချလိုက်ပါ။

ယားဖုများသက်သာစေဖို့


ခန္ဓာကိုယ် ဘယ်နေရာမှာမဆို ယားဖုလေးတွေ ပေါက်ပြီး ရောင်နေရင် အာလူးကိုအလည်ကလှီး ၊
ယားဖုဖြစ်နေတဲ့နေရာကို အာလူးနဲ့အုပ်ထားလိုက်ပါ။ ယားယံခြင်းကို လျော့ကျစေပြီး အစိုဓာတ်ကြောင့် ဒဏ်ရာကို အချိန်တိုတွင်းသက်သာစေပါတယ်။

112 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.