ဘယ်လောက်စားစား စားလို့မဝတဲ့ Cheesy Mashed Potatoes အသည်းစွဲလေးတွေအတွက်

Mashed Potatoes ဆိုတာ ခရင်မ်တွေ၊ ကြက်သွန်ဖြူ နဲ့ ထောပတ်တွေရောစပ်အသုံးပြုထားတဲ့
အနောက်တိုင်း ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်မှာတော့ ကျေးဇူးတော်နေ့ (Thanksgiving ) နဲ့ ခရစ်မတ်ရက်တွေမှာ အများဆုံးစားကြပါတယ်။ Mashed Potatoes ဆိုပြီးအမျိုးအမည်ကိုဖန်တီးခဲ့တာ ၁၇၄၇ခုနှစ်လောက်တည်းကဖြစ်ပါတယ်။

Related image

ကဲ စားဖူးသူတိုင်းကတော့ Mashed Potatoes ရဲ့ အရသာကိုသိပြီးသားပါ။ ထပ်စားချင်တယ်.. ဆိုင်တော့မသွားချင်တော့ဘူး.. အိမ်မှာပဲလုပ်ချင်တဲ့သူများ ၊ အသစ်ဆန်းလေးတွေ ကိုယ့်ဘာကိုယ်
အိမ်မှာထွင်လုပ်ရတာကို စိတ်ဝင်စားတဲ့လူများအတွက်လည်း အသုံးဝင်မယ့် ဟင်းလျာလေးတစ်မျိုးဖြစ်တာကြောင့် တစ်ခါလောက်စမ်းသပ်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။

ပါဝင်ပစ္စည်း
– အာလူးအကြီး (၆)လုံး
– ချိစ်ကရင်မ် (၈)အောင်စ
– အဝါရောင်ဒိန်ခဲမာ ချိစ်(၁)တုံး
– ကြက်ဥ တစ်လုံး
– ဆား လက်ဖက်ရည်ဇွန်း (၂)ဇွန်း
– ငရုတ်ကောင်းမှုန့်

ပြုလုပ်ပုံ
အာလူးတွေအကုန်လုံး အခွံနွှာ၊ အတုံးလေးတွေလှီးပြီး မိနစ် ၂ဝ – ၂၅ ထိ ပွက်ပွက်ဆူနေတဲ့ ရေနဲ့ပြုတ်ပါ။ ပြီးရင် အာလူးအားလုံး ပန်းကန်လုံးထဲထည့်ပြီး ထုချေပါ။ ချိစ်ကရင်မ် ၊ ဒိန်ခဲမာ ချိစ် ၊
ဆား နဲ့ ငရုတ်ကောင်းတို့ကို ရောထည့်ပြီး မွှေပါ။ ပျစ်ပျစ်ဖောင်းဖောင်းလေးဖြစ်လာတဲ့အထိ မွှေ
ပေးဖို့လိုပါတယ်။ အားလုံးပြီးရင် အပူချိန် ၃၅ဝဒီဂရီနဲ့ ၄ဝ – ၄၅ မိနစ်ထိ bake လုပ်ပါ။
စားလို့ရမယ့် အနေထားဖြစ်ပြီဆို ထုတ်ပြီး ချိစ်အမွှလေးတွေ အပေါ်ကထပ်ဖြူးပါ။

Related image

 

22 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.