အခ်စ္ဆံုးသူငယ္ခ်င္းကုိေတာင္ သင့္အခ်စ္ေရးနဲ႔ပတ္သက္ျပီး ဒီလိုအခ်က္ေတြ လံုး၀မေျပာျပသင့္

ကုိယ့္ရဲ႔ အခ်စ္ေရးနဲ႔ပတ္သက္လို႔ သူငယ္ခ်င္းေတြနဲ႔တုိင္ပင္တယ္၊အၾကံဥာဏ္ေတာင္းတယ္ဆုိတာ ေကာင္းပါတယ္။ ဒါေပမဲ႔လည္း ဘယ္ေလာက္ပဲခင္တဲ႔သူငယ္ခ်င္းျဖစ္ျဖစ္ ကုိယ့္ရဲ႔ခ်စ္သူ၊ကုိယ့္ရဲ ႔အခ်စ္ေရးနဲ႔ပတ္သက္လို႔မေျပာျပသင့္တဲ႔အေၾကာင္းအရာေတြရိွပါတယ္။ဘယ္လုိအေၾကာင္းအရာမ်ိဳးလဲဆုိရင္…

၁)သင္တုိ႔ႏွစ္ေယာက္ရဲ႔ျပႆနာေတြကုိ ေျပာျပတာမ်ိဳး….
အတြဲတုိင္းလိုလိုရန္ျဖစ္ၾကပါတယ္။ဒီလုိရန္ျဖစ္တဲ႔အခါမွာ သူငယ္ခ်င္းေတြဆီက အကူအညီ ေတာင္းမယ္။ ဘယ္လိုလုပ္ရမလဲ၊ဘယ္လိုေျပာရမလဲေပါ့။သူငယ္ခ်င္းေတြက ကူညီေပး လုိက္တဲ႔အခါ အဆင္ေျပသြားခ်င္သြားႏုိင္ပါတယ္။ဒါေပမဲ႔ ဒီနည္းလမ္းက တကယ္ေတာ့ မေကာင္းပါဘူး။ဒီတစ္ခါ သူငယ္ခ်င္းေတြေျဖရွင္းေပးလိုက္လုိ႔ေျပလည္သြားမယ္။ေနာက္တစ္ခါ က်ရင္ေရာ…? ရန္ျဖစ္တဲ႔အခါတုိင္း သူငယ္ခ်င္းေတြကုိေျပာျပျပီး အကူအညီေတာင္း ေျဖရွင္းခိုင္းတာဟာေကာင္းမြန္တဲ႔အၾကံဥာဏ္တစ္ခုမဟုတ္ပါဘူး။သင္တုိ႔ႏွစ္ေယာက္ ရဲ ႔ျပႆနာ ကုိ ႏွစ္ေယာက္တည္းပဲ နားလည္မႈရွိစြာေျဖရွင္းတာအေကာင္းဆံုးပါ။
ဘယ္လိုျပႆနာမ်ိဳးျဖစ္ပါေစ ေဘးလူေတြရဲ ႔ခံစားခ်က္၊ဆံုးျဖတ္ခ်က္ေပၚမွာမူတည္ျပီး သင္တို႔ႏွစ္ေယာက္ရဲ ႔ျပႆနာကုိ မေျဖရွင္းပါနဲ႔။ရင္ဖြင့္တာကေတာ့ ဖြင့္လုိ႔ရပါတယ္။

၂)သူ႔ရဲ ႔လ်ွိဳ႔၀ွက္ခ်က္ကို သူငယ္ခ်င္းကိုေျပာျပတာမ်ိဳး…
ယံုၾကည္မႈဆုိတာ ဆံုးရွံဳးဖုိ႔လြယ္သလို ျပန္ရဖုိ႔ခက္ခဲပါတယ္။သင့္ခ်စ္သူက သင့္ကုိယံုၾကည္လို႔သူ႔ရဲ ႔လ်ွိဳ႔၀ွက္ခ်က္တစ္ခုကုိေျပာျပမယ္။ဒါကုိ သင္ကသင့္သူငယ္ခ်င္းအရင္းၾကီးပဲဆုိျပီးျပန္ေျပာျပမယ္။ တကယ္လို႔သင့္ခ်စ္သူက ဒါကုိသိသြားခဲ႔ရင္၊သူ႔ရဲ ႔လ်ွိဳ႔၀ွက္ခ်က္ကို သင့္အျပင္ေနာက္တစ္ေယာက္ ကပါသိေနတယ္ဆုိရင္ သင့္အေပၚယံုၾကည္မႈထားဖုိ႔ပ်က္ျပားသြားပါလိမ့္မယ္။အခန္႔မသင့္ရင္ ဒါက သင္တုိ႔ရဲ႔အၾကီးမားဆံုးျပႆနာျဖစ္သြားႏုိင္ပါတယ္။

၃)ေငြေၾကးျပႆနာေတြကုိေျပာျပတာမ်ိဳး…
သင့္ခ်စ္သူရဲ ႔ေငြေၾကးအခက္အခဲၾကံဳေနရတဲ႔အေၾကာင္းျဖစ္ေစ၊အမွားအယြင္း လုပ္မိတဲ႔အေၾကာင္းျဖစ္ေစ၊ေငြေၾကးျပႆနာနဲ႔သက္ဆုိင္တဲ႔အေၾကာင္းအရာေတြ နဲ႔ပတ္သက္ျပီး သင့္သူငယ္ခ်င္းကုိေျပာျပတာမ်ိဳးလည္းမလုပ္သင့္ပါဘူး။ဒီလုိဖြင့္ေျပာျပတာဟာ သင့္ခ်စ္သူအေပ ၚေလးစားမႈမရွိတာ၊စကားကုိမထိန္းသိမ္းတာ၊သူတို႔ကုိတစ္ျခားသူအထင္အျမင္ေသးတာမ်ိဳးျဖစ္ေစပါတယ္။

၄)သူ႔ရဲ႔မေကာင္းတဲ႔အက်င့္ဆုိးေတြကုိေျပာျပတာမ်ိဳး…
ခ်စ္သူစံုတြဲရယ္လို႔ျဖစ္လာရင္ ဒါက သူ႔ရဲ ႔အက်င့္စရုိက္၊ကုိယ့္ရဲ႔အက်င့္စရုိက္ေတြကုိနားလည္ လက္ခံႏုိင္လို႔ျဖစ္လာတာပါ။ကုိယ္ကသူ႔အက်င့္ကုိမၾကိဳက္ဘူးဆုိရင္လည္း ဒါက ႏွစ္ေယာက္ၾကားမွာပဲထားသင့္တဲ႔စကားပါ။သင့္သူငယ္ခ်င္းကုိ င့ါခ်စ္သူကေတာ့ ဘယ္လိုအက်င့္ဆုိးမ်ိဳးရွိတယ္၊အဲ႔ဒါကုိ ငါကလံုး၀မၾကိဳက္ဘူးစသျဖင့္မေျပာသင့္ပါဘူး။ ဒါက သင့္သူငယ္ခ်င္းက သင့္ခ်စ္သူကိုအထင္ေသးသြားတာမ်ိဳးျဖစ္ေစသလို သင့္ခ်စ္သူအေနနဲ႔လည္း ဒီလုိသူ႔ကုိတစ္ေယာက္ေယာက္ကအထင္ေသးေနတာမ်ိဳးဆုိ ဘယ္လိုမွခံႏုိင္မွာမဟုတ္ပါဘူး။

၅)သင္တို႔ႏွစ္ေယာက္ၾကားက လ်ွိဳ႔၀ွက္ခ်က္ေတြကိုေျပာျပတာမ်ိဳး… သင့္ခ်စ္သူရဲ႔လ်ွိဳ႔၀ွက္ခ်က္တင္မကပါဘူး။သင္တို႔ႏွစ္ေယာက္ေျပာတဲ႔စကားေတြ၊အသံဖုိင္ေတြ၊ အီးေမးလ္ေတြကုိ သူငယ္ခ်င္းေတြကုိျပေလ့ရွိတယ္ဆုိရင္ဒီအခ်က္ကုိေတာ့ ေသခ်ာသတိထား ျပီးေရွာင္ပါလို႔အၾကံေပးလိုက္ပါတယ္။သင့္ခ်စ္သူကသူသင့္ကုိေျပာတဲ႔ခ်စ္ၾကည္ႏူးစရာစကားေတြကုိ သင့့္သူငယ္ခ်င္းကုိျမင္ေစခ်င္မွာမဟုတ္ပါဘူး။ဒီလုိသူငယ္ခ်င္းကုိျပတာဟာ သူ႔အေပၚအေလးမထား သလုိ၊မေလးစားသလိုလည္းျဖစ္ေစပါတယ္။

၆)သင့္သူငယ္ခ်င္းဘယ္သူဘယ္သူကိုေတာ့ျဖင့္ သင့္ခ်စ္သူက သေဘာမက်ဘူးဆုိတာမ်ိဳး… သင့္ခ်စ္သူက သင့္သူငယ္ခ်င္းေတြထဲကတစ္ေယာက္ေယာက္ကုိ သေဘာမက်ဘူး၊ မ်က္စိေနာက္တယ္ဆုိရင္ေတာင္ဒါကုိသင္တစ္ေယာက္တည္းပဲသိထားသင့္ပါတယ္။သင့္သူငယ္ခ်င္းတစ္ေယာက္ေယာက္ကုိ အဲ႔တစ္ေယာက္ကိုငါ့ခ်စ္သူကသေဘာမက်ဘူး၊ဘာျဖစ္လို႔ညာျဖစ္လို ႔ဆုိျပီးေျပာျပတာမ်ိဳးက သင့္ခ်စ္သူကစိတ္သေဘာထားေသးသိမ္ေနသလိုျဖစ္ေနပါတယ္။ ဟုိသူငယ္ခ်င္း ျပန္ၾကားတဲ႔အခါမွာလည္း သင့္ခ်စ္သူအေပၚအထင္အျမင္မေကာင္းေစပါဘူး။ ခ်စ္သူစံုတြဲဆိုတာသူငယ္ခ်င္းေတြထက္လည္းပုိတဲ႔အရင္းနွီးဆံုးသူစိမ္းပါ။ခ်စ္သူေတြၾကားမွာထိနး္သိမ္းသင့္တဲ႔လ်ွိ႔၀ွက္ခ်က္ေတြ၊အေၾကာင္းအရာေတြ၊ကုိယ္ေရးကုိယ္တာေတြရွိပါတယ္။အဲ႔ဒါေတြကုိ မေမ့ပါနဲ႔။

သင့္ခ်စ္သူကုိေလးစားတဲ႔အေနနဲ႔ေရာ ၊သင့္ကုိယ့္သင္ေလးစားတဲ႔အေနနဲ႔ေရာ သင္တုိ႔ရဲ႔ေလးနက္တဲ႔ဆက္ဆံေရးကုိတန္ဖုိးထားတဲ႔အေနနဲ႔ေရာ ဒါေလးေတြကုိေတာ့ ဘယ္ေလာက္ပဲရင္းႏွီးတဲ႔သူငယ္ခ်င္းျဖစ္ပါေစ မေျပာျပဖုိ႔ အၾကံျပဳလိုက္ပါတယ္။

Unicode

ကိုယ့်ရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ သူငယ်ချင်းတွေနဲ့တိုင်ပင်တယ်၊အကြံဉာဏ်တောင်းတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့လည်း ဘယ်လောက်ပဲခင်တဲ့သူငယ်ချင်းဖြစ်ဖြစ် ကိုယ့်ရဲ့ချစ်သူ၊ကိုယ့်ရဲ ့အချစ်ရေးနဲ့ပတ်သက်လို့မပြောပြသင့်တဲ့အကြောင်းအရာတွေရှိပါတယ်။ဘယ်လိုအကြောင်းအရာမျိုးလဲဆိုရင်…

၁)သင်တို့နှစ်ယောက်ရဲ့ပြဿနာတွေကို ပြောပြတာမျိုး….
အတွဲတိုင်းလိုလိုရန်ဖြစ်ကြပါတယ်။ဒီလိုရန်ဖြစ်တဲ့အခါမှာ သူငယ်ချင်းတွေဆီက အကူအညီ တောင်းမယ်။ ဘယ်လိုလုပ်ရမလဲ၊ဘယ်လိုပြောရမလဲပေါ့။သူငယ်ချင်းတွေက ကူညီပေး လိုက်တဲ့အခါ အဆင်ပြေသွားချင်သွားနိုင်ပါတယ်။ဒါပေမဲ့ ဒီနည်းလမ်းက တကယ်တော့ မကောင်းပါဘူး။ဒီတစ်ခါ သူငယ်ချင်းတွေဖြေရှင်းပေးလိုက်လို့ပြေလည်သွားမယ်။နောက်တစ်ခါ ကျရင်ရော…? ရန်ဖြစ်တဲ့အခါတိုင်း သူငယ်ချင်းတွေကိုပြောပြပြီး အကူအညီတောင်း ဖြေရှင်းခိုင်းတာဟာကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုမဟုတ်ပါဘူး။သင်တို့နှစ်ယောက် ရဲ ့ပြဿနာ ကို နှစ်ယောက်တည်းပဲ နားလည်မှုရှိစွာဖြေရှင်းတာအကောင်းဆုံးပါ။
ဘယ်လိုပြဿနာမျိုးဖြစ်ပါစေ ဘေးလူတွေရဲ ့ခံစားချက်၊ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပြီး သင်တို့နှစ်ယောက်ရဲ ့ပြဿနာကို မဖြေရှင်းပါနဲ့။ရင်ဖွင့်တာကတော့ ဖွင့်လို့ရပါတယ်။

၂)သူ့ရဲ ့လျှို့ဝှက်ချက်ကို သူငယ်ချင်းကိုပြောပြတာမျိုး…
ယုံကြည်မှုဆိုတာ ဆုံးရှုံးဖို့လွယ်သလို ပြန်ရဖို့ခက်ခဲပါတယ်။သင့်ချစ်သူက သင့်ကိုယုံကြည်လို့သူ့ရဲ ့လျှို့ဝှက်ချက်တစ်ခုကိုပြောပြမယ်။ဒါကို သင်ကသင့်သူငယ်ချင်းအရင်းကြီးပဲဆိုပြီးပြန်ပြောပြမယ်။ တကယ်လို့သင့်ချစ်သူက ဒါကိုသိသွားခဲ့ရင်၊သူ့ရဲ ့လျှို့ဝှက်ချက်ကို သင့်အပြင်နောက်တစ်ယောက် ကပါသိနေတယ်ဆိုရင် သင့်အပေါ်ယုံကြည်မှုထားဖို့ပျက်ပြားသွားပါလိမ့်မယ်။အခန့်မသင့်ရင် ဒါက သင်တို့ရဲ့အကြီးမားဆုံးပြဿနာဖြစ်သွားနိုင်ပါတယ်။

၃)ငွေကြေးပြဿနာတွေကိုပြောပြတာမျိုး…
သင့်ချစ်သူရဲ ့ငွေကြေးအခက်အခဲကြုံနေရတဲ့အကြောင်းဖြစ်စေ၊အမှားအယွင်း လုပ်မိတဲ့အကြောင်းဖြစ်စေ၊ငွေကြေးပြဿနာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ နဲ့ပတ်သက်ပြီး သင့်သူငယ်ချင်းကိုပြောပြတာမျိုးလည်းမလုပ်သင့်ပါဘူး။ဒီလိုဖွင့်ပြောပြတာဟာ သင့်ချစ်သူအပေ ါ်လေးစားမှုမရှိတာ၊စကားကိုမထိန်းသိမ်းတာ၊သူတို့ကိုတစ်ခြားသူအထင်အမြင်သေးတာမျိုးဖြစ်စေပါတယ်။

၄)သူ့ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေကိုပြောပြတာမျိုး…
ချစ်သူစုံတွဲရယ်လို့ဖြစ်လာရင် ဒါက သူ့ရဲ ့အကျင့်စရိုက်၊ကိုယ့်ရဲ့အကျင့်စရိုက်တွေကိုနားလည် လက်ခံနိုင်လို့ဖြစ်လာတာပါ။ကိုယ်ကသူ့အကျင့်ကိုမကြိုက်ဘူးဆိုရင်လည်း ဒါက နှစ်ယောက်ကြားမှာပဲထားသင့်တဲ့စကားပါ။သင့်သူငယ်ချင်းကို င့ါချစ်သူကတော့ ဘယ်လိုအကျင့်ဆိုးမျိုးရှိတယ်၊အဲ့ဒါကို ငါကလုံးဝမကြိုက်ဘူးစသဖြင့်မပြောသင့်ပါဘူး။ ဒါက သင့်သူငယ်ချင်းက သင့်ချစ်သူကိုအထင်သေးသွားတာမျိုးဖြစ်စေသလို သင့်ချစ်သူအနေနဲ့လည်း ဒီလိုသူ့ကိုတစ်ယောက်ယောက်ကအထင်သေးနေတာမျိုးဆို ဘယ်လိုမှခံနိုင်မှာမဟုတ်ပါဘူး။

၅)သင်တို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်တွေကိုပြောပြတာမျိုး… သင့်ချစ်သူရဲ့လျှို့ဝှက်ချက်တင်မကပါဘူး။သင်တို့နှစ်ယောက်ပြောတဲ့စကားတွေ၊အသံဖိုင်တွေ၊ အီးမေးလ်တွေကို သူငယ်ချင်းတွေကိုပြလေ့ရှိတယ်ဆိုရင်ဒီအချက်ကိုတော့ သေချာသတိထား ပြီးရှောင်ပါလို့အကြံပေးလိုက်ပါတယ်။သင့်ချစ်သူကသူသင့်ကိုပြောတဲ့ချစ်ကြည်နူးစရာစကားတွေကို သင့့်သူငယ်ချင်းကိုမြင်စေချင်မှာမဟုတ်ပါဘူး။ဒီလိုသူငယ်ချင်းကိုပြတာဟာ သူ့အပေါ်အလေးမထား သလို၊မလေးစားသလိုလည်းဖြစ်စေပါတယ်။

၆)သင့်သူငယ်ချင်းဘယ်သူဘယ်သူကိုတော့ဖြင့် သင့်ချစ်သူက သဘောမကျဘူးဆိုတာမျိုး… သင့်ချစ်သူက သင့်သူငယ်ချင်းတွေထဲကတစ်ယောက်ယောက်ကို သဘောမကျဘူး၊ မျက်စိနောက်တယ်ဆိုရင်တောင်ဒါကိုသင်တစ်ယောက်တည်းပဲသိထားသင့်ပါတယ်။သင့်သူငယ်ချင်းတစ်ယောက်ယောက်ကို အဲ့တစ်ယောက်ကိုငါ့ချစ်သူကသဘောမကျဘူး၊ဘာဖြစ်လို့ညာဖြစ်လို ့ဆိုပြီးပြောပြတာမျိုးက သင့်ချစ်သူကစိတ်သဘောထားသေးသိမ်နေသလိုဖြစ်နေပါတယ်။ ဟိုသူငယ်ချင်း ပြန်ကြားတဲ့အခါမှာလည်း သင့်ချစ်သူအပေါ်အထင်အမြင်မကောင်းစေပါဘူး။ ချစ်သူစုံတွဲဆိုတာသူငယ်ချင်းတွေထက်လည်းပိုတဲ့အရင်းနှီးဆုံးသူစိမ်းပါ။ချစ်သူတွေကြားမှာထိနး်သိမ်းသင့်တဲ့လျှိ့ဝှက်ချက်တွေ၊အကြောင်းအရာတွေ၊ကိုယ်ရေးကိုယ်တာတွေရှိပါတယ်။အဲ့ဒါတွေကို မမေ့ပါနဲ့။

သင့်ချစ်သူကိုလေးစားတဲ့အနေနဲ့ရော ၊သင့်ကိုယ့်သင်လေးစားတဲ့အနေနဲ့ရော သင်တို့ရဲ့လေးနက်တဲ့ဆက်ဆံရေးကိုတန်ဖိုးထားတဲ့အနေနဲ့ရော ဒါလေးတွေကိုတော့ ဘယ်လောက်ပဲရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပါစေ မပြောပြဖို့ အကြံပြုလိုက်ပါတယ်။

293 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.