မဂ္ဂဇင်းမှာဖော်ပြခြင်းခံရခဲ့ရတဲ့ နာမည်ကြီးအနုပညာရှင်များရဲ့ ဘော်ဒီဂတ်များအကြောင်း

အနုပညာရှင်တွေရဲ့ဘော်ဒီဂတ်တွေလည်း ပါပါရာဇီတွေနဲ့ အတိုက်ခံလုပ်လို့ ဘယ်တော့မှ ပြီးဆုံးနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် မကြာခဏဆိုသလို ဓာတ်ပုံတော်တော်များများမှာ ဘော်ဒီဂတ်တွေရဲ့ပုံတွေကို အရင်ဆုံးရိုက်ကူးမိထားကြတာများတယ်။ ဘော်ဒီဂတ်လုပ်ရင်း မထင်မှတ်ပဲနဲ့ နာမည်ကြီးချင်လည်းကြီးသွားကြပါတယ်။ တစ်ချို့ ဘော်ဒီဂတ်တွေဆို အရမ်းခန့်လွန်းလို့ သူတို့ရဲ့ကိုယ်ပိုင် ပရိတ်သတ်တွေတောင် ရှိနေသတဲ့။ နာမည်ကြီး ဖက်ရှင်မဂ္ဂဇင်းတွေမှာဖော်ပြခံခဲ့ရတဲ့ ဘော်ဒီိဂတ်တွေအကြောင်းကို ပြောပြပေးသွားပါမယ်။

Kylie Jenner ဘော်ဒီဂတ်


Tim Chung က Jenner မိသားစုရဲ့personal ဘော်ဒီဂတ်ဖြစ်ပါတယ်။ Kylie ရဲ့အစ်မ Kimအတွက် ဘော်ဒီခဏလုပ်ခဲ့ဖူးပါတယ်။ အခုတော့ သူ့ကိုအရမ်းချောတဲ့ ဘောဒီဂတ်အဖြစ်လူသိများနေပြီး ဖက်ရှင်လောကမှာတောင် ကြယ်ပွင့်တစ်ပွင့်ဖြစ်နေပါပြီ။ ပုံပေါင်းများစွာရိုက်ကူးခဲ့ရပြီး နာမည်ကြီး ကားတံဆိပ်တွေအတွက်လည်း ကြေငြာရိုက်ကူးပေးနေရပါတယ်။

Ezra Miller ဘော်ဒီဂတ်


အမြဲတမ်း အထူးတဆန်းလုပ်တတ်တဲ့ Ezra Miller ကတော့ သူ့အတွက်ဘော်ဒီဂတ်ကို သာမန်
လူတစ်ယောက်ဖြစ်နေရင် လုံးဝမငှားပါဘူး။ ဒါပေမယ့် Gu Rubee ကိုတော့ သဘောကျခဲ့တယ်။ Gu Rubee လည်း ဘော်ဒီဂတ်ဆိုပေမယ့် သူ့ရဲ့ကိုယ်ပိုင်စတိုင်လ်ကျ လူသိများခဲ့ပြီး ဓာတ်ပုံတိုင်းမှာ သူဟာမပါမဖြစ်ပါပဲ။ သူ့ရဲ့တောက်ပတဲ့ ဟန်ပန်ကြောင့် ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်ဆိုတာကို လူတိုင်းယုံချင်မှယုံလိမ့်မယ်။ အရမ်းကို ဖက်ရှင်ကျလွန်းတဲ့ ဘော်ဒီဂတ်ဖြစ်နေလို့ပါပဲ။

Daniel Radcliffe ဘော်ဒီဂတ်


ကဲ .. ကလေးဘဝရဲ့ crush ဟော်ရီပေါ်တာ (Daniel Radcliffe)ရဲ့ဘော်ဒီဂတ်ကလည်း တောင့်တောင့်၊ ဖြောင့်ဖြောင့်နဲ့ မိန်းကလေးများ ကြွေချင်စရာပါပဲ။ Daniel ရဲ့ဘော်ဒီဂတ်နာမည်က Sam တဲ့။ သူနဲ့ပတ်သတ်တဲ့ သတင်းအချက်လက်တွေတော့ သေချာမသိရပါဘူး။ သူလည်း Daniel ပုံတွေတိုင်းမှာ အမြဲတမ်းလိုလိုပါနေတော့ ပရိတ်သတ်များ သတိထားမိရာက နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

Adele နဲ့ Lady Gaga ဘော်ဒီဂတ်


၂ဝဝ၅ခုနှစ် ” Mister Europe ” ဆုရရှိခဲ့တဲ့ Peter Van der Veen ကတော့ ရဲအလုပ်ကနေထွက်ပြီး အနုပညာရှင်တွေရဲ့ဘော်ဒီဂတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပထမဆုံး Adele ဆီမှာ ဘော်ဒီဂတ်အဖြစ်လုပ်နေရင်းမှ Lady Gaga ရဲ့ဘော်ဒီဂတ်လုပ်ပေးဖို့ ကမ်းလှမ်းခံရတာနဲ့ အခုလက်ရှိမှာတော့ Lady Gaga ရဲ့ဘော်ဒီဂတ်လို့သိရပါတယ်။ မျက်လုံးပြာပြာနဲ့ သူ့ရဲ့အရပ်မောင်းကိုသာ ရှိုးလိုက်။ ကျန်တာတွေ အမွှန်းမတင်တော့ဘူးနော်။

Jennifer Lawrence ဘော်ဒီဂတ်


မီဒီယာသမားတွေ အမြဲစိတ်ဝင်စားလောက်မယ့် ရုပ်ချောချော ဘော်ဒီဂတ်မျိုးကိုပဲ JenniferLawrence ငှားပါတယ်။ ဘာကြောင့်လဲတော့မသိပေမယ့် ပထမဆုံး ဘော်ဒီဂတ်ကတော့ Greg Lenz လို့သိရပါတယ်။ အခုလက်ရှိမှာတော့ ကပ္ပလီစပ် ဘော်ဒီဂတ်ချောချောလေးကိုပဲ
ထပ်ပြီးငှားထားတာတွေ့ရပါတယ်။ ကံကောင်းလိုက်တဲ့ ဂျန်နီဖာ !

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.