အခ်ိန္ျကာျကာတြဲလာခဲ႔ျကျပီးမွ ဘာလို႕ျပတ္စဲသြားနုိင္ျကတာပါလိမ္႔…

Relationship ရွိတဲ႔သူတုိင္းသိထားတဲ႔ အေျကာင္းအရာတစ္ခုလုိ႕ဆုိရမလားပါပဲ။ တကယ္ေတာ႔ ကံဆုိတာလည္းအစိုးမရ ပါဘူးေလ။ ဖူးစားမပါရင္ကံဖယ္တယ္လို႕ပဲေျဖေတြးရမယ္ဆုိေပမဲ႔ အခ်ိန္ျကာျကာတြဲျပီးမွျပတ္စဲတယ္ဆုိတာသိပ္ကိုရင္နာစရာေကာင္းလွပါတယ္။ ဆိုေတာ႔ အခ်ိန္ျကာျကာခ်စ္လာခဲ႔ျကျပီးမွ ျပတ္စဲသြားျကတဲ႔အေျကာင္းအရင္းေတြကိုသိရွိျပီး ကိုယ္ေတြRS မွာလည္းဆင္ျခင္သံုးသပ္လုိ႕ရေအာင္အနည္းငယ္ေဖာ္ျပေပးလုိက္ပါတယ္…
(၁) နားလည္မႈနည္းတာ
အခ်ိန္ျကာျကာပဲခ်စ္ခ်စ္ မေန႕ကတစ္ေန႕ကမွပဲေကာက္ခ်စ္ခ်စ္ အခ်စ္ေရးတိုင္းမွာထပ္တူက်တဲ႔နားလည္မႈေတြကလုိကိုလုိအပ္တာပါ။ တစ္ေယာက္နဲ႕တစ္ေယာက္နားလည္မႈမရွိပဲ အခ်ိန္ျကာျကာတြဲလာရင္းအဆင္ေျပနုိးေျပနုိးနဲ႕ေစာင္႔ဆိုင္းကာ အခ်ိန္ေတြျကာလာေလ ပိုဆိုးေလျဖစ္ျပီးျပတ္စဲသြားတတ္ျကပါတယ္။
(၂) ေတြ႕ရခိ်န္ကိုအသံုးမခ်တတ္တာ
ေတြ႕ရမွခ်စ္မယ္မဟုတ္ပါဘူး။ အျမဲေတြ႕ေနမွခ်စ္မယ္ဆုိလိုတာမ်ိဳးလည္းမဟုတ္ပါဘူး။ ေျပာခ်င္တာကေတြ႕တဲ႔အခ်ိန္ဟာ အေျခေနရနည္းခ်င္နည္းမယ္ဒါေပမဲ႔ေတြ႕တဲ႔အခ်ိန္တိုင္းမွာ တစ္ေယာက္နွလံုးသားထဲတစ္ေယာက္ေနရာယူမိေအာင္ေနဖို႕လုိပါတယ္။ ခ်စ္သူေတြေတာ႔ျဖစ္ေနပါရဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ဆံုေတြ႕တိုင္းဘာျကည္နူးမႈ ဘာအမွတ္တရမွမရွိဘူး ဆုိရင္ေတာ႔ျဖင္႔ အခ်ိန္ဘယ္ေလာက္ပဲျကာျကာ ျပတ္စဲဖို႕လြယ္လွပါတယ္။
(၃) တစ္ေယာက္ေျကာင္းတစ္ေယာက္ေသခ်ာမသိတာ
သိပ္ကိုဆိုး၀ါးလွတဲ႔အရာပါပဲ။ တြဲသာတြဲေနတယ္ ကုိယ္႔ခ်စ္သူရဲ႕စိတ္ကို ေကာင္းေကာင္းနားမလည္ ကိုယ္႔ခ်စ္သူရဲ႕အက်င္႔ေတြကိုမသိပဲ ေနလာခဲ႔ရာကေန အခ်ိန္ျကာမွ အေျကာင္းသိျပီးကိုယ္နဲ႕စရိုက္မတူတာေတြ ညွိလို႕မရတာေတြျဖစ္လာျပီးလမ္းခြဲတတ္ျကပါတယ္။
(၄) သည္းခံမႈမရွိတာ
ဘယ္ေလာက္ခ်စ္တယ္ေျပာေျပာ တစ္ေယာက္နဲ႕တစ္ေယာက္သည္းခံမႈမရွိရင္ အခ်ိန္ျကာျကာတြဲတဲ႔အတြဲလည္းျပတ္ျကတာပါပဲ။ လူတိုင္းကစိတ္တစ္ခုကိုယ္တစ္ခုစီနဲ႕ေမြးလာျကတာမလို႕တစ္ေယာက္နဲ႕တစ္ေယာက္ထပ္တူက်ဖို႕မျဖစ္နုိင္တဲ႔အေျခေနမွာ တစ္ေယာက္ကိုတစ္ေယာက္သည္းခံနုိင္မႈဟာသိပ္ကိုအေရးပါပါတယ္။
(၅) အတၱျကီးတာ
အတၱျကီးတဲ႔ခ်စ္သူကိုဘယ္သူမွျကာျကာမလုိခ်င္တတ္ျကပါဘူး။ ခ်စ္လြန္းလို႕အျကာျကီးသည္းခံျပီးတြဲခဲ႔တယ္ပဲထား သက္ဆံုးတုိင္နုိင္မွာမဟုတ္ပါဘူး။ဒါေျကာင္႔ တစ္ေယာက္နဲ႕တစ္ေယာက္ယွဥ္ျပိဳင္တာေတြအတၱေတြမထားပဲ သက္ဆံုးတိုင္ေပါင္းဖက္နုိင္ဖို႕ကိုသာျကိုးစားသင္႔ပါတယ္။
ဆိုေတာ႔ တြဲတာဘယ္ေလာက္ျကာတယ္ မျကာဘူးဆုိတာေတြထပ္ ေနာက္ဆံုးဇာတ္သိမ္းေလးမွာ ေပ်ာ္ရႊင္စြာသက္ဆုံးတုိင္ေပါင္းဖက္ဖို႕ပဲလုိတာမလို႕ခ်စ္ရသူတိုင္းသက္ဆံုးတိုင္ေပါင္းဖက္နုိင္ဖို႕ဆုေတာင္းရင္း...

Unicode

Relationship ရှိတဲ့သူတိုင်းသိထားတဲ့ အကြောင်းအရာတစ်ခုလို့ဆိုရမလားပါပဲ။ တကယ်တော့ ကံဆိုတာလည်းအစိုးမရ ပါဘူးလေ။ ဖူးစားမပါရင်ကံဖယ်တယ်လို့ပဲဖြေတွေးရမယ်ဆိုပေမဲ့ အချိန်ကြာကြာတွဲပြီးမှပြတ်စဲတယ်ဆိုတာသိပ်ကိုရင်နာစရာကောင်းလှပါတယ်။ ဆိုတော့ အချိန်ကြာကြာချစ်လာခဲ့ကြပြီးမှ ပြတ်စဲသွားကြတဲ့အကြောင်းအရင်းတွေကိုသိရှိပြီး ကိုယ်တွေRS မှာလည်းဆင်ခြင်သုံးသပ်လို့ရအောင်အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်…
(၁) နားလည်မှုနည်းတာ
အချိန်ကြာကြာပဲချစ်ချစ် မနေ့ကတစ်နေ့ကမှပဲကောက်ချစ်ချစ် အချစ်ရေးတိုင်းမှာထပ်တူကျတဲ့နားလည်မှုတွေကလိုကိုလိုအပ်တာပါ။ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုမရှိပဲ အချိန်ကြာကြာတွဲလာရင်းအဆင်ပြေနိုးပြေနိုးနဲ့စောင့်ဆိုင်းကာ အချိန်တွေကြာလာလေ ပိုဆိုးလေဖြစ်ပြီးပြတ်စဲသွားတတ်ကြပါတယ်။
(၂) တွေ့ရချိန်ကိုအသုံးမချတတ်တာ
တွေ့ရမှချစ်မယ်မဟုတ်ပါဘူး။ အမြဲတွေ့နေမှချစ်မယ်ဆိုလိုတာမျိုးလည်းမဟုတ်ပါဘူး။ ပြောချင်တာကတွေ့တဲ့အချိန်ဟာ အခြေနေရနည်းချင်နည်းမယ်ဒါပေမဲ့တွေ့တဲ့အချိန်တိုင်းမှာ တစ်ယောက်နှလုံးသားထဲတစ်ယောက်နေရာယူမိအောင်နေဖို့လိုပါတယ်။ ချစ်သူတွေတော့ဖြစ်နေပါရဲ့ တစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့တိုင်းဘာကြည်နူးမှု ဘာအမှတ်တရမှမရှိဘူး ဆိုရင်တော့ဖြင့် အချိန်ဘယ်လောက်ပဲကြာကြာ ပြတ်စဲဖို့လွယ်လှပါတယ်။
(၃) တစ်ယောက်ကြောင်းတစ်ယောက်သေချာမသိတာ
သိပ်ကိုဆိုးဝါးလှတဲ့အရာပါပဲ။ တွဲသာတွဲနေတယ် ကိုယ့်ချစ်သူရဲ့စိတ်ကို ကောင်းကောင်းနားမလည် ကိုယ့်ချစ်သူရဲ့အကျင့်တွေကိုမသိပဲ နေလာခဲ့ရာကနေ အချိန်ကြာမှ အကြောင်းသိပြီးကိုယ်နဲ့စရိုက်မတူတာတွေ ညှိလို့မရတာတွေဖြစ်လာပြီးလမ်းခွဲတတ်ကြပါတယ်။
(၄) သည်းခံမှုမရှိတာ
ဘယ်လောက်ချစ်တယ်ပြောပြော တစ်ယောက်နဲ့တစ်ယောက်သည်းခံမှုမရှိရင် အချိန်ကြာကြာတွဲတဲ့အတွဲလည်းပြတ်ကြတာပါပဲ။ လူတိုင်းကစိတ်တစ်ခုကိုယ်တစ်ခုစီနဲ့မွေးလာကြတာမလို့တစ်ယောက်နဲ့တစ်ယောက်ထပ်တူကျဖို့မဖြစ်နိုင်တဲ့အခြေနေမှာ တစ်ယောက်ကိုတစ်ယောက်သည်းခံနိုင်မှုဟာသိပ်ကိုအရေးပါပါတယ်။
(၅) အတ္တကြီးတာ
အတ္တကြီးတဲ့ချစ်သူကိုဘယ်သူမှကြာကြာမလိုချင်တတ်ကြပါဘူး။ ချစ်လွန်းလို့အကြာကြီးသည်းခံပြီးတွဲခဲ့တယ်ပဲထား သက်ဆုံးတိုင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်တာတွေအတ္တတွေမထားပဲ သက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့ကိုသာကြိုးစားသင့်ပါတယ်။
ဆိုတော့ တွဲတာဘယ်လောက်ကြာတယ် မကြာဘူးဆိုတာတွေထပ် နောက်ဆုံးဇာတ်သိမ်းလေးမှာ ပျော်ရွှင်စွာသက်ဆုံးတိုင်ပေါင်းဖက်ဖို့ပဲလိုတာမလို့ချစ်ရသူတိုင်းသက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့ဆုတောင်းရင်း…

179 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.